iQOO Brand ကနေ iQOO Z7 နဲ့ Z7x စမတ်ဖုန်းတွေကို တရုတ်နိုင်ငံတွင်းမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေဟာ မကြာသေးခင်တုန်းက အိန္ဒိယနိုင်ငံအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ Z7 5G ဖုန်းနဲ့ ကွဲပြားပြီး ပြောင်းလဲမှုတွေအများအပြားပါဝင်လာပါတယ်။

iQOO Z7 ဖုန်းဟာ Qualcomm Snapdragon 782G Chipset ကို အသုံးပြုထားပြီး RAM 8GB နဲ့ 128GB Storage ပါဝင်တဲ့ Version နဲ့ RAM 12GB ၊ 256GB Storage ပါဝင်တဲ့ Version ၂ မျိုးထုတ်ပေးထားပါတယ်။ RAM ပိုင်းမှာ Virtual RAM ကို နောက်ထပ် 8GB အထိ ထပ်မံတိုးချဲ့နိုင်မှာပါ။

Battery ပိုင်းမှာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 120W Fast Charging ကို ထောက်ပံ့ပေးနိုင်ပါတယ်။ Display ပိုင်းမှာ 6.64-inch LCD Display ပါဝင်မှာဖြစ်ပြီး 120Hz Refresh Rate ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ Color Accuracy ပိုင်းမှာလည်း 100% DCI-P3 Color Gamut အပြင် HDR10 ကိုပါ Support ပြုလုပ်မှာပါ။

Camera အနေနဲ့ 64MP Main Camera + 2MP Depth Sensor တွေပါဝင်တဲ့ Dual Camera Setup ပဲထောက်ပံ့ထားပါတယ်။ Selfie Camera ကတော့ 16MP Sensor ကို Punch-hole Design နဲ့ ထည့်သွင်းပေးထားပါတယ်။ ဘေးဘက် Power Button မှာ Fingerprint Sensor ပါဝင်မှာဖြစ်ပါတယ်။

iQOO Z7x ဖုန်းက Snapdragon 695 Chipset ကို အသုံးပြုထားပြီး RAM 6GB + 128GB Storage သို့မဟုတ် RAM 8GB + 256GB Storage ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာ 6000mAh Battery ပါဝင်ပြီး 80W Fast Charging ကိုထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Display အနေနဲ့ 6.64-inch LCD Display ပါဝင်ပြီး 120Hz Refresh Rate ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းက 50MP Main Sensor + 2MP Depth Sensor ပါဝင်တဲ့ Dual Camera Setup ဖြစ်ပြီး 8MP Selfie Camera လည်းပါဝင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့က iQOO Z7 ဖုန်းဟာ တရုတ်ယွမ်ငွေ ၁,၆၀၀ (မြန်မာငွေ ၇ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချမှာဖြစ်ပြီး iQOO Z7x ဖုန်းက တရုတ်ယွမ်ငွေ ၁,၃၀၀ ( မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။
* (မြန်မာငွေဈေးနှုန်းများမှာ ပျမ်းမျှတွက်ချက်မှုသာ ဖြစ်ပါသည်)

Ref – GSM Arena