iQOO က အိန္ဒိယမှာ Z7s 5G ကို ကြေညာလိုက်ပြီး 6.38” AMOLED Full HD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Refresh Rate , 360Hz Touch Sampling Rate ထောက်ပံ့ထားပြီး အမြင့်ဆုံး Brightness က 1300 nits ဖြစ်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။

iQOO Z7s Renders and Full Specifications Leaked For India

Snapdragon 695 Chipset မောင်းနှင်ထားပြီး ဂိမ်းကစားရင် ကောင်းမွန်စေတဲ့ Motion Control, 1200Hz Instant Touch Sampling Rate နဲ့ Ultra Game Mode တွေ ပါပါတယ်။ 6GB/8GB RAM , 8GB Virtual RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

iQOO Z7s 5G to be priced under Rs 20,000 in India; Check details

အရှေ့ဘက်မှာ 16MP ကင်မရာနဲ့ အနောက်ဘက်မှာ OIS ပါတဲ့ 64MP Main , 2MP Bokeh ကင်မရာ, LED Flash တပ်ဆင်ထားပါတယ်။

iQOO Z7s 5G မှာ Android 13 အခြေပြု FunTouch OS 13 မောင်းနှင်ထားပြီး 44W Fast Charging ပါတဲ့ 4,500mAh Battery ပါပါတယ်။

iQOO Z7s 5G ကို iQOO အိန္ဒိယ ဝက်ဘ်ဆိုက်နဲ့ အမေဇုန်မှာ ဝယ်ယူနိုင်ပြီဖြစ်ပြီး Norway Blue နဲ့ Pacific Night အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 6/128GB နဲ့ 8/128GB ကို ၂၂၉ ဒေါ်လာနဲ့ ၂၄၁ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

ref : gizmochina