Zawgyi
Unicode
၂၀၁၉ ခုနှစ်ဟာ မကြာခင်အချိန်အတွင်းမှာ ကုန်ဆုံးတော့မှာဖြစ်သလို ဒီနှစ်တစ်နှစ်အတွင်းမှာတင် စမတ်ဖုန်းတွေ အမြောက်အများကို ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး Flagship ဖုန်းကိုပဲ နှစ်မကုန်ခင် ဝယ်ယူချင်တဲ့သူတွေအတွက် ဒီနှစ်ထဲမှာ Hardware ပိုင်းအရရော… ကင်မရာပိုင်းစွမ်းဆောင်ရည်အရရော ထိပ်တန်းအဆင့်ရှိနေတဲ့ Huawei Mate 30 Pro ဖုန်းက ဒီနှစ်အတွက် အကောင်းဆုံး Flagship ဖုန်းတစ်ခုလားဆိုတာကို သုံးသပ်ကြည့်ရအောင်…။
Flagship စမတ်ဖုန်းတစ်လုံးကို ဝယ်ယူတယ်ဆိုတာက အဓိကအချက်အနေနဲ့ကတော့ ဖုန်းရဲ့ Design ပိုင်းက အသုံးပြုနေတဲ့အချိန်မှာလည်း အမြဲတမ်းလှပနေဖို့အပြင် Hardware ပိုင်းကလည်း အကြမ်းခံဖို့ လိုအပ်မှာပါ။ ဒါတင်မဟုတ်သေးဘဲ Performance ပိုင်း၊ Camera နဲ့ Battery လိုမျိုး အရေးကြီးတဲ့အစိတ်အပိုင်းတွေကလည်း ကောင်းနေမှ စျေးကြီးပေးပြီးဝယ်ရတာနဲ့တန်တဲ့ ခံစားမှုကိုပြန်ရစေမှာြဖစ်ပါတယ်။
Huawei Mate 30 Pro ဖုန်းကို ကြည့်မယ်ဆိုရင် Design ပိုင်းအရ လုံးဝ Premium Feeling တစ်ခုကို ပြန်လည်ရရှိစေမှာဖြစ်ပြီးတော့ ဒါက အလွန်သေးငယ်တဲ့ Notch Design အပြင် လက်ရှိ Huawei Mate 30 Pro မှာပဲ ပါဝင်နေတဲ့ Huawei Horizon Display ကြောင့်ဖြစ်မှာပါ။ ဒီ Display ဟာဆိုရင် ဘေးဘက်ကို 88-Degree အထိ ကွေးထားပြီးတော့ ဖုန်းသုံးတဲ့အချိန်တင်မဟုတ်ဘဲ ရုပ်ရှင်ကြည့်တဲ့အချိန်မျိုးမှာဆိုရင်လည်း တကယ်ကို Immersive ဖြစ်တဲ့ Viewing Experience ကို ရရှိစေမှာပါ။ အခုလိုမျိုး ဘေးဘက် Display ကို ကွေးညွတ်ထားတဲ့အတွက် ဖုန်းရဲ့ ဘေးဘက်မှာ Power Key တစ်ခုထဲ ထည့်သွင်းထားပြီး Volume Keys တွေကို လုံးဝ Virtual Keys ပုံစံအနေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီနည်းပညာကလည်း Huawei Mate 30 Pro ဖုန်းကို တခြားဖုန်းတွေကနေ ကွဲထွက်နေစေတဲ့အချက်ဆိုရင်လည်း မမှားပါဘူး။
ဖုန်းရဲ့ နောက်ကျောဘက် Design ကို ကြည့်မယ်ဆိုရင်လည်း Quad Camera Setup ကို Metallic Halo Ring Design ပြုလုပ်ထားပြီးတော့ လက်ထဲမှာ မြဲမြဲမြံမြံကိုင်ထားနိုင်ရုံတင်မကဘဲ DSLR Camera တစ်ခုရဲ့ ပုံစံကိုပါ ထင်ဟပ်နေစေမှာဖြစ်ပါတယ်။ တခြားသော ပြိုင်ဘက် စမတ်ဖုန်းတွေလိုမျိုး Gradient Color နဲ့ Matte Glass တွေမဟုတ်ပေမယ့်လည်း Huawei Mate 30 Pro ရဲ့ Design က ကြည့်လိုက်တာနဲ့ Flagship ဖုန်းတစ်လုံးမှန်း သိသာနေမှာပါ။
Huawei Mate 30 Pro ဖုန်းဟာ Hardware Performance ပိုင်းမှာလည်း ထိပ်တန်းအဆင့်ရှိတဲ့ 7nm+ Kirin 990 Processor ကို အသုံးပြုထားပြီးတော့ AI ပိုင်းတွက်ချက်မှုတွေအတွက် Da Vinci NPU Architecture ၊ Games နဲ့ Graphics ပိုင်းတွေအတွက် 16-core GPU တွေပါဝင်မှာဖြစ်တဲ့အတွက် ဘယ်လိုမျိုး Multitasking ပဲဖြစ်ဖြစ် လျှင်မြန်သွက်လက်နေမှာဖြစ်ပါတယ်။ 7nm+ Architecture ကြောင့်လည်း ပုံမှန်ထက် ပိုပြီး ပါဝါစားသက်သာဦးမှာပါ။
Battery ပိုင်းအနေနဲ့ဆိုရင်တော့ 4200mAh Battery ကို ထည့်သွင်းထားပြီး အခုပမာဏဟာ လက်ရှိ Flagship ဖုန်းတွေအတွက် စံတစ်ခုဖြစ်လာတယ်လို့ ပြောလို့ရပေမယ့် Huawei Mate 30 Pro က ပြန်လည်အားသွင်းတဲ့နေရာမှာတော့ အသာရနေတယ်လို့ ပြောလို့ရပါတယ်။ သီးသန့် Charger ဝယ်ယူစရာမလိုတဲ့ 40W SuperCharge Charging ကို Support လုပ်မှာဖြစ်တဲ့အပြင် Wireless Charging အနေနဲ့လည်း 27W အထိ Support ပြုလုပ်တဲ့အတွက် တခြားပြိုင်ဘက်ဖုန်းတွေရဲ့ ကြိုးနဲ့ အားသွင်းတာထက်တောင် ပိုပြီးမြန်ဆန်နေဦးမှာပါ။ ဒ့ါအပြင် Reverse Wireless Charging ကိုလည်း Support ပြုလုပ်တဲ့အတွက် ပြန်အားသွင်းချင်တဲ့ Device တွေ၊ ဖုန်းတွေကိုလည်း Mate 30 Pro ကို အသုံးပြုပြီး အားသွင်းပေးနိုင်ဦးမှာဖြစ်ပါတယ်။
Huawei Mate Series ဖုန်းတစ်ခုဖြစ်တဲ့အတွက် Mate 30 Pro ဟာလည်း Camera ပိုင်းမှာ ပြောစရာမလိုလောက်အောင် ကောင်းမွန်တယ်ဆိုတာက စိတ်ချထားလို့ရမှာပါ။ DxOMark မှာလည်း ၁၂၁ မှတ်ရရှိထားပြီး ထိပ်ဆုံးမှာရှိနေသလို Quad Camera Setup ကလည်း တကယ်ကို စွမ်းဆောင်နိုင်တယ်လို့ ပြောလို့ရပါတယ်။
Sensor တွေအနေနဲ့ဆိုရင် 40MP Cine Sensor ၊ 40MP SuperSensing Sensor ၊ 8MP Telephoto Sensor နဲ့ 3D Depth Sensing Sensor တွေပါဝင်မှာဖြစ်ပါတယ်။ 40MP Cine Sensor ဟာဆိုရင် ကြီးမားတဲ့ 1/1.54-inch Sensor Size ရှိပြီးတော့ 4K 60fps Video တွေကို Extended Dynamic Range နဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို Slow-motion Video အနေနဲ့လည်း လက်ရှိဘယ်စမတ်ဖုန်းမှာမှ ရိုက်ကူးနိုင်ခြင်းမရှိသေးတဲ့ 7680fps အထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒ့ါအပြင် 40MP SuperSensing Sensor ကြောင့် အလင်းရောင်ကို ၄၀ ရာခိုင်နှုန်းပိုမိုရယူနိုင်မှာဖြစ်လို ISO အနေနဲ့လည်း ISO 409600 အထိ ဖမ်းယူနိုင်မှာပါ။ အဲ့ဒါကြောင့် လက်ရှိမှာ Low Light အကောင်းဆုံး Camera ဆိုရင် Huawei Mate 30 Pro လို့ပြောရင်လည်း မမှားပါဘူး။
ကျန်တဲ့ Telephoto Sensor အနေနဲ့ 8MP ပါဝင်မှာဖြစ်ပြီး 3x Optical Zoom ၊ 5x Hybrid Zoom နဲ့ 30x Digital Zoom တွေကို Support ပြုလုပ်မှာဖြစ်ပြီး OIS အပြင် AIS ကိုပါ Support ပြုလုပ်မှာပါ။ နောက်ဆုံး 3D Depth Sensor ကလည်း Professional Portrait ပုံတွေရိုက်ကူးနိုင်ဖို့ ကူညီပေးဦးမှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei Mate 30 Pro ဖုန်းက ကင်မရာပိုင်းအတွက်ဆိုရင်တော့ စွယ်စုံမှာ စိတ်ချထားလို့ရတဲ့ Swiss Army Knife တစ်လက်လို့တောင် ပြောလို့ရပါတယ်။
ကျန်တဲ့အပိုင်းတွေအနေနဲ့ဆိုရင်တော့ Huawei Mate 30 Pro မှာ Always-on Display နဲ့ Dark Mode ပါဝင်တဲ့ 6.53” Full HD+ Display ၊ AI Auto Rotate ၊ AI Private View လိုမျိုး AI Gesture Control တွေနဲ့ Security ပိုင်းအတွက် In-screen Fingerprint အပြင် 3D Face Unlock ကိုလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။
Software ပိုင်းအနေနဲ့လည်း EMUI 10 ကိုအသုံးပြုထားပြီးတော့ Huawei Mate 30 Pro ဟာ HMS တဖြစ်လဲ Huawei Mobile Service ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် အသုံးလိုတဲ့ Application တွေကို App Gallery ကနေ Download ပြုလုပ်ထားနိုင်သလို Hi Car ၊ Mulit-screen Collaboration လိုမျိုး Huawei Device အချင်းချင်း Data Sharing လုပ်နိုင်တဲ့ Service တွေပါ ပါဝင်မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ Huawei Mate 30 Pro စမတ်ဖုန်းကို ငွေကျပ် ၁,၅၉၉,၀၀၀ နဲ့ ရောင်းချသွားနေပြီးတော့ ဝယ်ယူသူတွေအနေနဲ့ Huawei ရဲ့ Smartwatch ဖြစ်တဲ့ Huawei Watch GT 2 ကိုပါ လက်ဆောင်ရရှိဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Hardware ပိုင်းအရ စွမ်းဆောင်ရည်မြင့်မားသလို Camera ပိုင်းမှာ ထိပ်တန်းအဆင့်ရှိနေတဲ့ Huawei Mate 30 Pro ဖုန်းဟာ ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး Flagship ဖုန်းတစ်လုံးအနေနဲ့ သတ်မှတ်မယ်ဆိုရင်လည်း သတ်မှတ်နိုင်မှာပါ။