Smartisan R1 စမတ်ဖုန်းဟာ 1TB Internal Storage နဲ့ ဖုန်းလောကကို ဝင်လာပါပြီ။ ဒါပေမယ့် ဖုန်းတစ်လုံးအတွက် အဲ့လောက် Storage အများကြီး လိုအပ်ရဲ့လား။ Smartisan R1 ဟာ RAM 8GB နဲ့ Snapdragon 845 Chipset ကိုသုံးထားပြီး Dual Camera လည်း ပါဝင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ဆိုရင် $ 550 လောက်က စတယ်လို့ ဆိုပေမယ့် 1TB Model ကတော့ $1400 လောက်နီးပါး ကျသင့်မှာ ဖြစ်ပါတယ်။

Source: gizmochina.com

Smartisan R1 မှာ 1TB စာ Storage အတွက် MicroSD Card အကြီးကြီးကို သုံးမယ်လို့ထင်ရင် မှားသွားပါလိမ့်မယ်။ Fast UFS 2.1 Storage ကိုသုံးထားပြီးတော့ ဒါဟာဆိုရင် 4K Video တွေကို 2.19 Days လောက် တောက်လျောက်ရိုက်တာနဲ့ ညီမျှပါတယ်။ ဖုန်းအကြောင်း နည်းနည်းလေး ပြောပြရမယ်ဆိုရင် RAM ကို 6GB နဲ့ 8GB နဲ့ဆိုပြီးထွက်ထားပါတယ်။ Snapdragon 845 Chipset နဲ့ Battery ကတော့ 3600mAh နဲ့လာပါတယ်။ 4+ Wireless Quick Charging လည်းပါပါသေးတယ်။

Source : gizmochina.com

Camera အနေနဲ့ကတော့ 12MP f/1.8 OIS-enabled Main Shooter နဲ့ 20MP f/1.75 Secondary တို့ကို Dual Camera အနေနဲ့ သုံးထားပြီး Selfie Camera ကိုတော့ AI-Powered Beauty Effects ပါတဲ့ 24MP ကိုသုံးထားပါတယ်။ နောက်ထပ် အချက်အလက် တွေကတော့ NFC support ပါမယ်၊ Desktop Mode ပါမယ်၊ Fingerprint Sensor ပါမယ်၊ Facial Recognition နဲ့ USB Type-C ပါပါမယ်။ Smartisan R1 က ဝယ်ဖို့ သင့်တော်ရဲ့လား။ ပရိတ်သတ်ကြီးရဲ့ အမြင်လေးကို လည်း Comment မှာ ဝင်ဆွေးနွေးပေးသွားပါဦး။

Source : gizmochina.com