[Zawgyi]

OPPO A9 2020 ကေတာ့ Mid-range Level အမ်ိဳးအစားထဲမွာ ခပ္လန္းလန္း ဖုန္းတစ္လုံးလို႔ ေျပာႏိုင္ပါတယ္။ ပထမဦးဆုံး ဒီဇိုင္း၊ ကာလာ အေနအထားက လူငယ္ႀကိဳက္ဆိုတာ မေျပာဘဲနဲ႔ တန္းသိေလာက္တယ္။ Spec အေၾကာင္းေျပာမယ္ဆိုရင္ Snapdragon 665 နဲ႔ 8GB of RAM အတြဲအဖက္။ ၿပီးေတာ့ 5,000mAh ဘက္ထရီ။ ဒါေလာက္ဆိုရင္ OPPO A9 2020 က ဘာလဲဆိုတာ သေဘာေပါက္မွာပါ။

6.5-inch IPS display ဟာ 1600 x 720 pixels resolution နဲ႔ပါ။ ေက်ာဘက္မွာ 48MP အဓိက ကင္မရာ၊ 8MP ၊ 2MP နဲ႔ 2MP ဆိုၿပီး ကင္မရာေလးလုံးတပ္ေပးထားတာရယ္၊ အေရွ႕ဘက္က ခပ္ေသးေသး Notch ထဲမွာ 16MP Selfie ကင္မရာ ထည့္ေပးထားတာရယ္က ဂိမ္းသမားဟုတ္တဲ့ ကင္မရာသမားေတြအတြက္လည္း ဆြဲေဆာင္မႈ တစ္ခု ျဖစ္မွာပါ။

အိုေက၊ အဓိက ေျပာရမယ့္အပိုင္းကိုသြားရေအာင္။ Qualcomm Snapdragon 665 က အလုပ္ျဖစ္ပါ့မလား၊ Adreno 610 GPU ကေရာ ထင္သေလာက္ေကာင္းပါ့မလားလို႔ ေတြးေနရင္ အဲဒီအေတြးေတြကို ေမ့လိုက္ေတာ့လို႔ ေျပာရပါလိမ့္မယ္။

Qualcomm Snapdragon 665 က AI, ဂိမ္းမင္း၊ ကင္မရာစြမ္းရည္၊ အေထြေထြစြမ္းေဆာင္ရည္နဲ႔ လုံၿခဳံေရးဆိုင္ရာ စြမ္းေဆာင္ရည္ေတြကို တိုးျမႇင့္ေပးထားတဲ့ Chipset ဆိုရင္လည္း မမွားပါဘူး။ 660 ထက္ ဘက္ထရီသုံးစြဲမႈ ၂၀% ေလ်ာ့တဲ့အတြက္ 5,000mAh ဘက္ထရီပမာဏနဲ႔ ဂိမ္းကစားခ်ိန္မ်ားမ်ားရတယ္ဆိုတာ မထူးဆန္းဘူးလို႔ ဆိုရမွာပါ။ ေျပာရမယ္ဆိုရင္ေတာ့ ဘာျဖစ္လို႔ Snapdragon 710 ေလာက္ မသုံးေပးရတာလဲဆိုၿပီး လြမ္းေနရမယ့္အေၾကာင္းရင္း သိပ္မရွိဘူးဆိုတာပါ။ RAM ကလည္း 6GB ေလာက္သုံးေပးထားရင္ေတာင္ အဆင္ေျပေပမယ့္ 8GB အထိ ေထာက္ပံ့ေပးထားတာဆိုေတာ့ အားရစရာပါ။

Hardware ပိုင္းၿပီးေတာ့ ေနာက္ထပ္ ေျပာစရာရွိတာက Software ပိုင္းပါ။ Game Boost, Frame Boost, Touch Boost ဆိုတဲ့ Boost သုံးမ်ိဳးက OPPO A9 2020 ရဲ႕ ဂိမ္းကစားရတဲ့အရသာကို ခ်ိဳၿမိန္ေနေအာင္ ေထာက္ပံ့ေပးေနတဲ့ ေထာက္တိုင္သုံးခု ဆိုရင္လည္း မမွားပါဘူး။ Game Boost 2.0 ကဘာလဲဆိုတာ OPPO Fan ေတြကေတာ့ သိၿပီးသားျဖစ္မွာပါ။ Online ဂိမ္းေတြ၊ Graphic ျမင့္တဲ့ ဂိမ္းေတြကို ကစားရင္ႀကဳံရတတ္တဲ့ ဟမ္းလာတာ၊ ထစ္လာတာေတြ မျဖစ္ေအာင္ Frame Boost ကေျဖရွင္းေပးတာျဖစ္ပါတယ္။ Touch Boost ပါလာေတာ့ မ်က္ႏွာျပင္တုံ႔ျပန္မႈက ပိုၿပီးအားေကာင္းလာတာကို ေတြ႕ရပါတယ္။ လက္မထိပ္မွာ အသားမာတက္ေအာက္ ဖိေန၊ ထိေနရတာေတြ ေမ့လိုက္ေတာ့၊ သာသာယာယာပဲ ဂိမ္းကစားပါလို႔ ေျပာခ်င္တာပါ။

PUBG ကို Graphic High ထားၿပီး ကစားၾကည့္ရင္ OPPO A9 2020 ဟာ စိတ္ပ်က္စရာေကာင္းတဲ့ ဖုန္းတစ္လုံး မဟုတ္ဘူးဆိုတာကို ေက်ေက်နပ္နပ္ သေဘာတူလက္ခံသြားပါလိမ့္မယ္။ မိနစ္ ၄၀ေက်ာ္ PUBG ကစားၿပီးခ်ိန္မွာ ဟန္းဆက္ရဲ႕ ေက်ာဘက္ကိုယ္ထည္အပူခ်ိန္က ၄၀ ဒီဂရီ စင္တီဂရိတ္ပဲ ရွိေနတာကို ေတြ႕ရပါတယ္။ မ်က္ႏွာျပင္ဘက္ အပူခ်ိန္ကလည္း ၄၂ ဒီဂရီ စင္တီဂရိတ္မေရာက္တာကို ေတြ႕ရေတာ့ Happy Gaming Time လို႔ပဲဆိုရမွာပါ။ ေနာက္တစ္ခ်က္က ဘက္ထရီကို ၁၀၀ ရာခိုင္ႏႈန္းအားအျပည့္သြင္းထားၿပီး မိနစ္၄၀ ေက်ာ္ ဂိမ္းကစားလိုက္ေပမယ့္ ၉ ရာခိုင္ႏႈန္းေလာက္ပဲ အားေလ်ာ့သြားတယ္ဆိုေတာ့ Very Happy ေပါ့။

စာေရးသူက OPPO Fan မဟုတ္ပါဘူး။ ဒါေပမယ့္ ေလးသိန္းနဲ႔ စိတ္အေႏွာင့္အယွက္ကင္းကင္း ဂိမ္းကစားရမယ္ဆိုရင္ တန္တယ္လို႔ ထင္ပါတယ္။ ေနာက္တစ္ခ်က္က ကင္မရာၾကည့္မလား၊ ဂိမ္းကစားမလား၊ တျခားေဖ်ာ္ေျဖေရးပဲသုံးမလား၊ အဆင္ေျပပါတယ္။ ဝယ္ထားမိတာ စိတ္ခ်မ္းသာတယ္လို႔ လာမယ့္ ၂၀၂၀ ခုႏွစ္အထိ ေျပာေနရမယ့္ စမတ္ဖုန္းတစ္လံုးပါပဲ။

[Unicode]

OPPO A9 2020 ကို ၄သိန်းနီးပါးပေးဝယ်ပြီး ဂိမ်းကောင်းကောင်း ကစားနိုင်ပါ့မလား

OPPO A9 2020 ကတော့ Mid-range Level အမျိုးအစားထဲမှာ ခပ်လန်းလန်း ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ ပထမဦးဆုံး ဒီဇိုင်း၊ ကာလာ အနေအထားက လူငယ်ကြိုက်ဆိုတာ မပြောဘဲနဲ့ တန်းသိလောက်တယ်။ Spec အကြောင်းပြောမယ်ဆိုရင် Snapdragon 665 နဲ့ 8GB of RAM အတွဲအဖက်။ ပြီးတော့ 5,000mAh ဘက်ထရီ။ ဒါလောက်ဆိုရင် OPPO A9 2020 က ဘာလဲဆိုတာ သဘောပေါက်မှာပါ။

6.5-inch IPS display ဟာ 1600 x 720 pixels resolution နဲ့ပါ။ ကျောဘက်မှာ 48MP အဓိက ကင်မရာ၊ 8MP ၊ 2MP နဲ့ 2MP ဆိုပြီး ကင်မရာလေးလုံးတပ်ပေးထားတာရယ်၊ အရှေ့ဘက်က ခပ်သေးသေး Notch ထဲမှာ 16MP Selfie ကင်မရာ ထည့်ပေးထားတာရယ်က ဂိမ်းသမားဟုတ်တဲ့ ကင်မရာသမားတွေအတွက်လည်း ဆွဲဆောင်မှု တစ်ခု ဖြစ်မှာပါ။

အိုကေ၊ အဓိက ပြောရမယ့်အပိုင်းကိုသွားရအောင်။ Qualcomm Snapdragon 665 က အလုပ်ဖြစ်ပါ့မလား၊ Adreno 610 GPU ကရော ထင်သလောက်ကောင်းပါ့မလားလို့ တွေးနေရင် အဲဒီအတွေးတွေကို မေ့လိုက်တော့လို့ ပြောရပါလိမ့်မယ်။

Qualcomm Snapdragon 665 က AI, ဂိမ်းမင်း၊ ကင်မရာစွမ်းရည်၊ အထွေထွေစွမ်းဆောင်ရည်နဲ့ လုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည်တွေကို တိုးမြှင့်ပေးထားတဲ့ Chipset ဆိုရင်လည်း မမှားပါဘူး။ 660 ထက် ဘက်ထရီသုံးစွဲမှု ၂၀% လျော့တဲ့အတွက် 5,000mAh ဘက်ထရီပမာဏနဲ့ ဂိမ်းကစားချိန်များများရတယ်ဆိုတာ မထူးဆန်းဘူးလို့ ဆိုရမှာပါ။ ပြောရမယ်ဆိုရင်တော့ ဘာဖြစ်လို့ Snapdragon 710 လောက် မသုံးပေးရတာလဲဆိုပြီး လွမ်းနေရမယ့်အကြောင်းရင်း သိပ်မရှိဘူးဆိုတာပါ။ RAM ကလည်း 6GB လောက်သုံးပေးထားရင်တောင် အဆင်ပြေပေမယ့် 8GB အထိ ထောက်ပံ့ပေးထားတာဆိုတော့ အားရစရာပါ။

Hardware ပိုင်းပြီးတော့ နောက်ထပ် ပြောစရာရှိတာက Software ပိုင်းပါ။ Game Boost, Frame Boost, Touch Boost ဆိုတဲ့ Boost သုံးမျိုးက OPPO A9 2020 ရဲ့ ဂိမ်းကစားရတဲ့အရသာကို ချိုမြိန်နေအောင် ထောက်ပံ့ပေးနေတဲ့ ထောက်တိုင်သုံးခု ဆိုရင်လည်း မမှားပါဘူး။ Game Boost 2.0 ကဘာလဲဆိုတာ OPPO Fan တွေကတော့ သိပြီးသားဖြစ်မှာပါ။ Online ဂိမ်းတွေ၊ Graphic မြင့်တဲ့ ဂိမ်းတွေကို ကစားရင်ကြုံရတတ်တဲ့ ဟမ်းလာတာ၊ ထစ်လာတာတွေ မဖြစ်အောင် Frame Boost ကဖြေရှင်းပေးတာဖြစ်ပါတယ်။ Touch Boost ပါလာတော့ မျက်နှာပြင်တုံ့ပြန်မှုက ပိုပြီးအားကောင်းလာတာကို တွေ့ရပါတယ်။ လက်မထိပ်မှာ အသားမာတက်အောက် ဖိနေ၊ ထိနေရတာတွေ မေ့လိုက်တော့၊ သာသာယာယာပဲ ဂိမ်းကစားပါလို့ ပြောချင်တာပါ။

PUBG ကို Graphic High ထားပြီး ကစားကြည့်ရင် OPPO A9 2020 ဟာ စိတ်ပျက်စရာကောင်းတဲ့ ဖုန်းတစ်လုံး မဟုတ်ဘူးဆိုတာကို ကျေကျေနပ်နပ် သဘောတူလက်ခံသွားပါလိမ့်မယ်။ မိနစ် ၄၀ကျော် PUBG ကစားပြီးချိန်မှာ ဟန်းဆက်ရဲ့ ကျောဘက်ကိုယ်ထည်အပူချိန်က ၄၀ ဒီဂရီ စင်တီဂရိတ်ပဲ ရှိနေတာကို တွေ့ရပါတယ်။ မျက်နှာပြင်ဘက် အပူချိန်ကလည်း ၄၂ ဒီဂရီ စင်တီဂရိတ်မရောက်တာကို တွေ့ရတော့ Happy Gaming Time လို့ပဲဆိုရမှာပါ။ နောက်တစ်ချက်က ဘက်ထရီကို ၁၀၀ ရာခိုင်နှုန်းအားအပြည့်သွင်းထားပြီး မိနစ်၄၀ ကျော် ဂိမ်းကစားလိုက်ပေမယ့် ၉ ရာခိုင်နှုန်းလောက်ပဲ အားလျော့သွားတယ်ဆိုတော့ Very Happy ပေါ့။

စာရေးသူက OPPO Fan မဟုတ်ပါဘူး။ ဒါပေမယ့် လေးသိန်းနဲ့ စိတ်အနှောင့်အယှက်ကင်းကင်း ဂိမ်းကစားရမယ်ဆိုရင် တန်တယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်က ကင်မရာကြည့်မလား၊ ဂိမ်းကစားမလား၊ တခြားဖျော်ဖြေရေးပဲသုံးမလား၊ အဆင်ပြေပါတယ်။ ဝယ်ထားမိတာ စိတ်ချမ်းသာတယ်လို့ လာမယ့် ၂၀၂၀ ခုနှစ်အထိ ပြောနေရမယ့် စမတ်ဖုန်းတစ်လုံးပါပဲ။