[Zawgyi]

စမတ္ဖုန္းတစ္လုံးရဲ႕ အေရးႀကီးတဲ့အစိတ္အပိုင္းထဲမွာ ဘက္ထရီလည္း ပါဝင္ပါတယ္။ အနည္းဆုံးေတာ့ တစ္ေနကုန္အသုံးခံေလာက္ေအာင္ လုံေလာက္တဲ့ ဘက္ထရီပမာဏ တပ္ဆင္ထားမွသာ သုံးစြဲသူေတြအတြက္ အဆင္ေျပတာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ စမတ္ဖုန္းထဲမွာ ထည္သြင္းႏိုင္တဲ့ ဘက္ထရီက အတိုင္းအတာ တစ္ခုအထိသာ ရွိတဲ့အတြက္ ပိုၿပီးလိုအပ္တဲ့ စြမ္းအင္အတြက္ Power Bank ေတြနဲ႔ေျဖရွင္းၾကရပါတယ္။ Power Bank နဲ႔တြဲသုံးတဲ့အခါ ႀကိဳးတန္းလန္းနဲ႔သုံးရတဲ့အတြက္ အဆင္မေျပတာေၾကာင့္ ႀကိဳးမဲ့အားသြင္းႏိုင္ဖို႔ကို ႀကိဳးစားလာၾကပါတယ္။

ဒီေနာက္မွာေတာ့ ႀကိဳးမဲ့အားသြင္းစနစ္ေတြ တျဖည္းျဖည္း အသုံးမ်ားလာၾကပါတယ္။ အခုအခ်ိန္မွာ ဖုန္းတစ္လုံးကေန အျခားဖုန္းတစ္လုံးကို ႀကိဳးမဲ့အားသြင္းစနစ္နဲ႔ အားသြင္းေပးႏိုင္တဲ့အေျခအေနထိ ေရာက္ရွိလာတာပါ။ Huawei Mate 20 Pro သုံးရင္ေတာ့ Qi wireless charging စနစ္ကို သိၾကမွာပါ။ ဟုတ္ပါတယ္။ ဒါကလည္း Reverse wireless charging စနစ္သုံးႏိုင္တာပါပဲ။

ဖုန္းတစ္လုံးကေန အျခားဖုန္းတစ္လုံးဆီကို အားသြင္းေပးႏိုင္တဲ့စနစ္ကို စတင္အေကာင္အထည္ေဖာ္လိုက္ေတာ့ လူအေတာ္မ်ားမ်ားက အပိုလို႔ ယူဆၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စမတ္ဖုန္းတစ္လုံးမွာ ရွိတဲ့ ဘက္ထရီပမာဏဟာ အျခားဖုန္းတစ္လုံးကို မွ်ေဝေလာက္ေအာင္ မ်ားျပားတဲ့ ပမာဏ မဟုတ္လို႔ပါဘဲ။ ဆိုလိုတာက စမတ္ဖုန္းဟာ Power Bank မဟုတ္ဘူးေပါ့။

သိပ္မၾကာခင္မွာ Samsung Galaxy S10 Series ကို မိတ္ဆက္ေပးဦးမွာပါ။ ဒီ Galaxy S10 ေတြမွာလည္း Reverse Wireless Charging စနစ္ ပါဝင္ပါတယ္။ တစ္ဆက္တည္းမွာပဲ Reverse Wireless Charging ကို ပိုၿပီးအသုံးဝင္ေစတဲ့ သတင္းတစ္ခုလည္း ပါဝင္လာပါတယ္။ အဲဒါကေတာ့ Galaxy S10 ဖုန္းေတြကတစ္ဆင့္ သူ႔ရဲ႕ Galaxy-Buds ေတြကို ႀကိဳးမဲ့အားသြင္းေပးႏိုင္မယ္ဆိုတာပါပဲ။

စမတ္ဖုန္းတစ္လုံးကို Power Bank လိုသုံးလို႔မရေပမယ့္ အေရးေပၚလိုအပ္ခ်ိန္မွာ ဖုန္းတစ္လုံးကေန အျခားတစ္လုံးကို အားသြင္းေပးႏိုင္တယ္ဆိုတာကေတာ့ တကယ္ေကာင္းမြန္တဲ့အခ်က္ပါ။ ဒါေပမယ့္ ျဖစ္ေတာင့္ျဖစ္ခဲမို႔ အၿမဲတမ္းအသုံးမဝင္ဘူးလို႔ ယူဆႏိုင္ပါတယ္။

ဒါေပမယ့္ ဖုန္းမဟုတ္ဘဲ Wireless နားၾကပ္ေလးေတြဆိုရင္ေတာ့ မၾကာခဏ အားသြင္းဖို႔လိုတဲ့အတြက္ အသုံးဝင္တယ္လို႔ ေျပာင္းလဲယူဆရေတာ့မွာပဲ ျဖစ္ပါတယ္။ သိပ္မၾကာခင္မွာ Reverse Wireless Charging စနစ္ကို ပိုၿပီး အသုံးဝင္လာေစမယ့္ တီထြင္ဆန္းသစ္မႈေတြ ေပၚေပါက္လာဦးမယ္လို႔လည္း ယုံၾကည္ရပါတယ္။

Ref: Phone Arena

[Unicode]

Reverse Wireless Charging အသုံးပြုမှုတွေ ပိုပြီးတွင်ကျယ်လာတော့မှာလား

စမတ်ဖုန်းတစ်လုံးရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းထဲမှာ ဘက်ထရီလည်း ပါဝင်ပါတယ်။ အနည်းဆုံးတော့ တစ်နေကုန်အသုံးခံလောက်အောင် လုံလောက်တဲ့ ဘက်ထရီပမာဏ တပ်ဆင်ထားမှသာ သုံးစွဲသူတွေအတွက် အဆင်ပြေတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် စမတ်ဖုန်းထဲမှာ ထည်သွင်းနိုင်တဲ့ ဘက်ထရီက အတိုင်းအတာ တစ်ခုအထိသာ ရှိတဲ့အတွက် ပိုပြီးလိုအပ်တဲ့ စွမ်းအင်အတွက် Power Bank တွေနဲ့ဖြေရှင်းကြရပါတယ်။ Power Bank နဲ့တွဲသုံးတဲ့အခါ ကြိုးတန်းလန်းနဲ့သုံးရတဲ့အတွက် အဆင်မပြေတာကြောင့် ကြိုးမဲ့အားသွင်းနိုင်ဖို့ကို ကြိုးစားလာကြပါတယ်။

ဒီနောက်မှာတော့ ကြိုးမဲ့အားသွင်းစနစ်တွေ တဖြည်းဖြည်း အသုံးများလာကြပါတယ်။ အခုအချိန်မှာ ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးကို ကြိုးမဲ့အားသွင်းစနစ်နဲ့ အားသွင်းပေးနိုင်တဲ့အခြေအနေထိ ရောက်ရှိလာတာပါ။ Huawei Mate 20 Pro သုံးရင်တော့ Qi wireless charging စနစ်ကို သိကြမှာပါ။ ဟုတ်ပါတယ်။ ဒါကလည်း Reverse wireless charging စနစ်သုံးနိုင်တာပါပဲ။

ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးဆီကို အားသွင်းပေးနိုင်တဲ့စနစ်ကို စတင်အကောင်အထည်ဖော်လိုက်တော့ လူအတော်များများက အပိုလို့ ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စမတ်ဖုန်းတစ်လုံးမှာ ရှိတဲ့ ဘက်ထရီပမာဏဟာ အခြားဖုန်းတစ်လုံးကို မျှဝေလောက်အောင် များပြားတဲ့ ပမာဏ မဟုတ်လို့ပါဘဲ။ ဆိုလိုတာက စမတ်ဖုန်းဟာ Power Bank မဟုတ်ဘူးပေါ့။

သိပ်မကြာခင်မှာ Samsung Galaxy S10 Series ကို မိတ်ဆက်ပေးဦးမှာပါ။ ဒီ Galaxy S10 တွေမှာလည်း Reverse Wireless Charging စနစ် ပါဝင်ပါတယ်။ တစ်ဆက်တည်းမှာပဲ Reverse Wireless Charging ကို ပိုပြီးအသုံးဝင်စေတဲ့ သတင်းတစ်ခုလည်း ပါဝင်လာပါတယ်။ အဲဒါကတော့ Galaxy S10 ဖုန်းတွေကတစ်ဆင့် သူ့ရဲ့ Galaxy-Buds တွေကို ကြိုးမဲ့အားသွင်းပေးနိုင်မယ်ဆိုတာပါပဲ။

စမတ်ဖုန်းတစ်လုံးကို Power Bank လိုသုံးလို့မရပေမယ့် အရေးပေါ်လိုအပ်ချိန်မှာ ဖုန်းတစ်လုံးကနေ အခြားတစ်လုံးကို အားသွင်းပေးနိုင်တယ်ဆိုတာကတော့ တကယ်ကောင်းမွန်တဲ့အချက်ပါ။ ဒါပေမယ့် ဖြစ်တောင့်ဖြစ်ခဲမို့ အမြဲတမ်းအသုံးမဝင်ဘူးလို့ ယူဆနိုင်ပါတယ်။

ဒါပေမယ့် ဖုန်းမဟုတ်ဘဲ Wireless နားကြပ်လေးတွေဆိုရင်တော့ မကြာခဏ အားသွင်းဖို့လိုတဲ့အတွက် အသုံးဝင်တယ်လို့ ပြောင်းလဲယူဆရတော့မှာပဲ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ Reverse Wireless Charging စနစ်ကို ပိုပြီး အသုံးဝင်လာစေမယ့် တီထွင်ဆန်းသစ်မှုတွေ ပေါ်ပေါက်လာဦးမယ်လို့လည်း ယုံကြည်ရပါတယ်။

Ref: Phone Arena