OnePlus Nord 2T 5G ကို မေလ ၁၉ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို OnePlus က တရားဝင် အသိပေးလိုက်တာ ဖြစ်ပြီး ဖုန်း မိတ်ဆက်ပွဲ ဖိတ်စာတွေကို အီးမေးနဲ့ပေးပို့နေပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ Landing Page ကိုလည်း ကုမ္ပဏီက လွှင့်တင်ထားပြီ ဖြစ်ပြီး ဖုန်းရဲ့ အနောက်ဘက် အောက်ပိုင်းကို မြင်တွေ့ရပါတယ်။

It's official: OnePlus Nord 2T 5G will be unveiled on May 19

OnePlus Nord 2T 5G ရဲ့ သတင်းအချက်အလက်တွေကို သိချင်ရင် မိတ်ဆက်ပွဲအထိ စောင့်ဆိုင်းစရာ မလိုပါဘူး။ ဒီလ အစောပိုင်းက အဲဒီ စမတ်ဖုန်းကို စတိုးများစွာမှာ စာရင်းတင်ထားပြီး သတင်းအချက်အလက်များစွာကို ဖော်ပြထားပါတယ်။

It's official: OnePlus Nord 2T 5G will be unveiled on May 19

OnePlus Nord 2T 5G မှာ ၆.၄၃ လက်မ FHD+ AMOLED မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာမှာပါ။ 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး MediaTek Dimensity 1300 SoC မောင်းနှင်ထားမှာပါ။ 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပြီး 80W Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။ Android 12 အခြေပြု OxygenOS 12 ပါလာမှာပါ။

အနောက်ဘက်မှာ 50MP Main (OIS) , 8MP Ultrawide နဲ့ 2MP Monochrome ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး 8/128GB Version ကို ၃၉၉ ဒေါ်လာဝန်းကျင်နဲ့ ရောင်းချနိုင်ကာ မြန်မာငွေ ၇၄၀,၀၀၀ ဝန်းကျင်ကျသင့်မှာပါ။

Ref : gsmarena