realme Q2 Series ဖုန်းတွေကို အောက်တိုဘာလ ၁၃ ရက်နေ့ ကြေညာမယ်လို့ ပြီးခဲ့တဲ့လက သတင်းထွက်ခဲ့ပြီး အခုတော့ ဒီသတင်းကို realme က ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။ realme က တရုတ် စံတော်ချိန် မနက် ၁၀ နာရီမှာ မိတ်ဆက်ပွဲ ပြုလုပ်မှာ ဖြစ်တယ်လို့ ဓါတ်ပုံ ၁ ပုံနဲ့ သတင်းပေးလိုက်တာပါ။

Q2 Series မှာ Q2 နဲ့ Q2 Pro ဖုန်း ၂ လုံး ပါလာမှာ ဖြစ်ပြီး realme က အဲဒီ စမတ်ဖုန်းတွေရဲ့ Specs တွေကို ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် realme ဝီဘိုမှာ မျှဝေထားတဲ့ ပိုစတာအရ Q2 Series တွေမှာ Android 11 အခြေပြု realme UI 2.0 မောင်းနှင်ထားမယ်လို့ သိရပါတယ်။ ဒီသတင်းကို realme အရာရှိ ၁ ယောက်ကလည်း ပြီးခဲ့တဲ့လက အသိပေးထားပြီးသားပါ။

အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ Specs များစွာ ပေါက်ကြားထွက်ပေါ်နေခြင်း မရှိသေးပေမယ့် Q2 မှာ 48MP Main ကင်မရာပါလာမယ်ဆိုတာ သိထားပြီးပါပြီ။ realme ရဲ့ CMO ဖြစ်သူ Xu Qi Chase က အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက မျှဝေခဲ့ပါတယ်။ အနောက်ဘက်မှာ အညိုဖျော့ရောင် သားရေနဲ့အတူ Dare to Leap စာသားကို မြင်ရပါတယ်။ အနောက်ကင်မရာ ၄ လုံးကို ဘယ်ဘက်ထိပ်မှာ ထည့်သွင်းထားတာ မြင်ရပါတယ်။

ဓါတ်ပုံမှာ ပါဝါ ခလုတ်ကို ညာဘက်နဲ့ အသံခလုတ်တွေကို ဘယ်ဘက်မှာ တပ်ဆင်ထားတာ မြင်ရပါတယ်။ OLED မျက်နှာပြင် ဖြစ်နိုင်တဲ့အတွက် လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။ အဲဒီ ကင်မရာ စုဖွဲ့မှုကို realme X7 Series ထဲမှာလည်း တွေ့ရပြီး အနောက်ဘက် ဒီဇိုင်းက realme V5 5G နဲ့ တူပါတယ်။

Ref : gsmarena