Zawgyi

၂၀၁၈ခုႏွစ္ရဲ႕ ဒီဇင္ဘာလဟာ Huawei တို႔အတြက္ ကံဆိုးမိုးေမွာင္က်တဲ့ လ တစ္လလို႔ ေျပာရမွာပါ။ အေမရိကန္ေတြရဲ႕ ကုန္သြယ္ေရးပိတ္ဆို႔မႈဒဏ္ကို ခံေနရတဲ့ Huawei ဟာ ဂ်ပန္ေတြရဲ႕ ပိတ္ပင္မႈကိုပါ ခါးစည္းခံရေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ၾသစေၾတးလ်၊ နယူးဇီလန္ နဲ႔ အေမရိကန္တို႔က 5G ကြန္ရက္ျဖန္႔က်က္မႈေတြမွာ Huawei ပစၥည္းေတြကို အသုံးမျပဳဖို႔အတြက္ တားျမစ္ထားၿပီး ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာလည္း Huawei ဟာ ဥေရာပႏိုင္ငံတခ်ိဴ႕ရဲ႕ ကုန္သြယ္ေရးပိတ္ဆို႔မႈဒဏ္ေတြကို ႀကဳံေတြ႕လာႏိုင္တဲ့ အေနအထားမွာ ရွိပါတယ္။

ဒီေန႔မွာေတာ့ ဂ်ပန္အစိုးရအေနနဲ႔ Huawei ဆီက ပစၥည္းဝယ္ယူမႈကို မၾကာခင္ ရပ္နားသြားေတာ့မွာ ျဖစ္ေၾကာင္း Reuters သတင္းဌာနရဲ႕ အဆိုမ်ားအရ သိရပါတယ္။ ဒါဟာ ဂ်ပန္နဲ႔ တ႐ုတ္တို႔ၾကား ဆိုက္ဘာလုံၿခဳံေရးဆိုင္ရာ ျပႆနာမ်ား မျဖစ္ပြားရေလေအာင္ ႀကိဳတင္ကာကြယ္လိုက္တဲ့ သေဘာျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ တ႐ုတ္ႏိုင္ငံအေျခစိုက္ နည္းပညာကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ ZTE ရဲ႕ ပစၥည္းေတြကိုလည္း ပိတ္ပင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဒီျဖစ္ရပ္ေတြဟာ Huawei ရဲ႕ CFO (Chief Financial Officer) အရာရွိတစ္ဦး ဖမ္းဆီးခံရၿပီးေနာက္ ဆက္တိုက္ဆိုသလို ျဖစ္ေပၚလာခဲ့တာပါ။ အဆိုပါ အရာရွိဟာ အေမရိကန္ႏိုင္ငံရဲ႕ ကုန္သြယ္ေရးပိတ္ပင္မႈ ဥပေဒကို ခ်ိဴးေဖာက္ခဲ့လို႔ ကေနဒါႏိုင္ငံမွာ မၾကာေသးခင္က ဖမ္းဆီးခ်ဴပ္ေႏွာင္ခံခဲ့ရတာ ျဖစ္ပါတယ္။ အခု ျဖစ္ပြားေနတဲ့ ျပႆနာအရပ္ရပ္ဟာ ကုန္သြယ္ေရးဆိုတာထက္ ႏိုင္ငံေတာ္လုံၿခဳံေရးပိုင္းဆိုင္ရာ ျပႆနာျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ယူဆေနၾကပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ Huawei ကို စတင္တည္ေထာင္ခဲ့တဲ့ လူတခ်ိဴ႕ဟာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္အရာရွိေဟာင္းေတြ ျဖစ္ေနလို႔ပါ။ ဒါ့ေၾကာင့္ Huawei နဲ႔ လက္ရွိတ႐ုတ္အစိုးရတို႔ရဲ႕ ဆက္ႏြယ္ပတ္သတ္မႈေတြဟာ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။

Ref: androidauthority, reuters

Unicode

Huawei ပစ္စည်းဝယ်ယူမှုကို ရပ်နားသွားတော့မယ့် ဂျပန်အစိုး

၂၀၁၈ခုနှစ်ရဲ့ ဒီဇင်ဘာလဟာ Huawei တို့အတွက် ကံဆိုးမိုးမှောင်ကျတဲ့ လ တစ်လလို့ ပြောရမှာပါ။ အမေရိကန်တွေရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုဒဏ်ကို ခံနေရတဲ့ Huawei ဟာ ဂျပန်တွေရဲ့ ပိတ်ပင်မှုကိုပါ ခါးစည်းခံရတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သြစတြေးလျ၊ နယူးဇီလန် နဲ့ အမေရိကန်တို့က 5G ကွန်ရက်ဖြန့်ကျက်မှုတွေမှာ Huawei ပစ္စည်းတွေကို အသုံးမပြုဖို့အတွက် တားမြစ်ထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း Huawei ဟာ ဥရောပနိုင်ငံတချိူ့ရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုဒဏ်တွေကို ကြုံတွေ့လာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

ဒီနေ့မှာတော့ ဂျပန်အစိုးရအနေနဲ့ Huawei ဆီက ပစ္စည်းဝယ်ယူမှုကို မကြာခင် ရပ်နားသွားတော့မှာ ဖြစ်ကြောင်း Reuters သတင်းဌာနရဲ့ အဆိုများအရ သိရပါတယ်။ ဒါဟာ ဂျပန်နဲ့ တရုတ်တို့ကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြဿနာများ မဖြစ်ပွားရလေအောင် ကြိုတင်ကာကွယ်လိုက်တဲ့ သဘောဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ ZTE ရဲ့ ပစ္စည်းတွေကိုလည်း ပိတ်ပင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်တွေဟာ Huawei ရဲ့ CFO (Chief Financial Officer) အရာရှိတစ်ဦး ဖမ်းဆီးခံရပြီးနောက် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့တာပါ။ အဆိုပါ အရာရှိဟာ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးပိတ်ပင်မှု ဥပဒေကို ချိူးဖောက်ခဲ့လို့ ကနေဒါနိုင်ငံမှာ မကြာသေးခင်က ဖမ်းဆီးချူပ်နှောင်ခံခဲ့ရတာ ဖြစ်ပါတယ်။ အခု ဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်ဟာ ကုန်သွယ်ရေးဆိုတာထက် နိုင်ငံတော်လုံခြုံရေးပိုင်းဆိုင်ရာ ပြဿနာဖြစ်ကြောင်း ကျွမ်းကျင်သူများက ယူဆနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Huawei ကို စတင်တည်ထောင်ခဲ့တဲ့ လူတချိူ့ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အရာရှိဟောင်းတွေ ဖြစ်နေလို့ပါ။ ဒါ့ကြောင့် Huawei နဲ့ လက်ရှိတရုတ်အစိုးရတို့ရဲ့ ဆက်နွယ်ပတ်သတ်မှုတွေဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

Ref: androidauthority, reuters