လူရဲ့ အကူအညီလုံးဝ မလိုအပ်တဲ့ ကမ္ဘာ့ ပထမဆုံး မောင်းသူမဲ့ သင်္ဘော စနစ်ကို ဂျပန်မှာ အောင်မြင်စွာ စမ်းသပ် မောင်းနှင်နိုင်ခဲ့ပါတယ်။ အဲဒီ စနစ်ကို ကားတင်တဲ့ အရွယ်ကြီး သင်္ဘောမှာ ထည့်သွင်း စမ်းသပ်ခဲ့တာ ဖြစ်ပြီး မောင်းသူမဲ့ သင်္ဘော နည်းပညာကို Nippon Foundation က ဖန်တီးထားတာ ဖြစ်ပါတယ်။ Nippon Foundation ဟာ နောက်ပိုင်းမှာ စမ်းသပ်မှုများစွာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Photo

၇၃၀ ပေ အရှည်ရှိတဲ့ Soleil သင်္ဘောဟာ ရှင်မိုဂျီနဲ့ အိုင်ယွန်နာဒါ အကြားမှာ မောင်းသူမဲ့ စနစ်နဲ့ မိုင် ၁၅၀ မောင်းနှင်ပြခဲ့ပြီး ခရီးစဉ်ဟာ ၇ နာရီကြာမြင့်ပါတယ်။ အမြန်နှုန်းကို ပြောရရင် 26 Knots အထိ မောင်းနှင်နိုင်ခဲ့ပါတယ်။

Nippon Foundation ရဲ့ လက်အောက် ကုမ္ပဏီ Mitsubishi Shipbuilding Co မှ ဒုတိယ ဥက္ကဌ Naoki Ueda က “ အခု သရုပ်ပြစမ်းသပ်မှုဟာ ဉာဏ်ရည်တု အပါအဝင် အဆင့်မြင့် နည်းပညာများစွာကို အသုံးပြုထားတဲ့ လူ့အကူအညီမဲ့ မောင်းသူမဲ့ သင်္ဘော စနစ်ကို ဖန်တီးဖို့ အရှိန်မြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ခရီးသည်တင် သင်္ဘောတွေအတွက် ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှု အရည်အသွေးမြင့်တဲ့ မောင်းသူမဲ့ စနစ်ကို ဆက်လက်ဖန်တီးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Photo

Soleil မှာ အမှောင်ထဲမှာတောင် တခြား သင်္ဘောတွေကို အာရုံခံနိုင်တဲ့ အနီအောက်ရောင်ခြည် ကင်မရာတွေ ထည့်သွင်းထားတဲ့ အလွန်တိကျတဲ့ ဆန်ဆာ ရုပ်ပုံဖမ်း စနစ် ပါပါတယ်။ ဒါ့အပြင် အတားအဆီးတွေကို ရှောင်ကွင်းမောင်းနှင်နိုင်တဲ့ စနစ်လည်း ထည့်သွင်းထားပါတယ်။

မောင်းသူမဲ့ သင်္ဘော နည်းပညာဟာ လုပ်သား ရှားပါးမှုနဲ့ မတော်တဆမှု ကာကွယ်ဖို့ အပါအဝင် ရေကြောင်းလောကက ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပြီး အနာဂတ်မှာ မောင်းသူမဲ့ သင်္ဘောတွေ အမှန်တကယ် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

Ref : maritime-executive