ကားပျံတွေဟာ အနာဂတ်ရဲ့ အဓိက ကျတဲ့ သယ်ယူပို့ဆောင်ရေး စနစ် ဖြစ်လာမှာပါ။ ကားပျံတွေဟာ ကားလမ်း ပိတ်ဆို့တာကို လျှော့ချပေးနိုင်သလို လေထုညစ်ညမ်းမှုကိုလည်း ကာကွယ်ပေးပါတယ်။

Flying Car Completes Japan's 1st Manned Open-Air Test Flight - The Japan News

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဂျပန်ရဲ့ ပထမဆုံး ကားပျံကို နိုင်ငံ အနောက်တောင်ပိုင်း Oita Prefecture မှာ စမ်းသပ်ပျံသန်းခဲ့ပါတယ်။ Okayama အခြေစိုက် သုတေသန အဖွဲ့အစည်း Masc က အဲဒီ ပျံသန်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒရုန်း နည်းပညာကို အခြေပြုထားကာ တရုတ်မှာ တည်ဆောက်ခဲ့တဲ့ လူ ၂ ယောက်စီး ကားပျံ ဖြစ်ပါတယ်။ ပိုင်းလော့ မပါဘဲ ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းမှာ အမြင့် ၃၀ မီတာကနေ  ပျံသန်းခဲ့တာ ဖြစ်ပြီး ၁ နာရီကို ၃၆ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနှင်ခဲ့ပါတယ်။

First Manned Flying Car Shows Promise For The Future - Autos - Nigeria

Masc ရဲ့ အမှုဆောင် Kirino Hiroshi က ကားပျံတွေကို စီးပွားဖြစ် ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ပြောပြီး ဂျပန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဒါဟာ ဂျပန်မှာ ပထမဆုံး ကားပျံ စမ်းသပ်မောင်းနှင်တာလို့ ပြောပါတယ်။

ကားပျံတွေဟာ အနာဂတ်ရဲ့ အဓိကကျတဲ့သယ်ယူပို့ဆောင်ရေး စနစ် ဖြစ်ပေမယ့်  စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ကားပျံတွေဟာ မြို့ထဲမှာ မောင်းနှင်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်တဲ့အတွက် အသံဆူညံမှု နည်းပါးအောင် ပြုလုပ်ကြရမှာပါ။ ဒါ့အပြင် အတက်၊ အဆင်းလုပ်နိုင်တဲ့ တည်နေရာတွေကိုလည်း တည်ဆောက်ကြရမှာပါ။  ကားပျံတွေမှာ လူအနည်းငယ်ပဲ စီးနင်းနိုင်တဲ့ ပြဿနာကိုလည်း ဖြေရှင်းရဦးမှာပါ။

Ref : gizmochina