[Unicode]

Nikkei က ဂျပန်ဟာ 5G ထက် ၁၀ ဆပိုမြန်တဲ့ 6G ကို ၂၀၃၀ ခုနှစ်မှာ ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဂျပန်ရဲ့ အကြီးမားဆုံး Carrier ဖြစ်တဲ့ NTT Docomo က 6G နည်းပညာ နယ်ပယ်မှာ ဦးဆောင်နိုင်ဖို့ စီမံကိန်းတွေ စတင် ရေးဆွဲနေပြီလို့ သိရပါတယ်။ NTT Docomo က 5G တိုးတက်ဖွံ့ဖြိုးလာမှုနဲ့ 6G ဆက်သွယ်ရေး နည်းပညာနဲ့ ပတ်သက်တဲ့ စာတမ်း ၁ စောင်ကို ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့ပြီး လာမယ့် ၁၀ နှစ်အတွင်းမှာ မိုဘိုင်း ဆက်သွယ်ရေး နည်းပညာဟာ မျိုးဆက်သစ် ၁ ခုကို မွေးဖွားပေးနိုင်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

Docomo ဟာ ၂၀၁၀ ခုနှစ်မှာ 5G သုတေသနလုပ်ငန်းကို စတင်ခဲ့ပြီး အစိုးရ၊ တက္ကသိုလ် ၊ နည်းပညာ နယ်ပယ်တွေနဲ့ 5G နည်းပညာကို ပူးပေါင်းဖန်တီးမယ်လို့ ပြောခဲ့ပါတယ်။ မိုဘိုင်း ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်မယ်လို့ စာတမ်းမှာ ရေးသားထားပါတယ်။ Terahertz Frequencies အပါအဝင် Frequency Bands အသစ်တွေကို ဖန်တီးပြီး စွမ်းအင် အရင်းအမြစ် စားသုံးမှု အရမ်းနည်းပါးအောင်နဲ့ ဆက်သွယ်ရေး ကုန်ကျစားရိတ် အရမ်း သက်သာအောင် လုပ်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။

ဂျပန်ဟာ 6G သုတေသန လုပ်ငန်းမှာ ဒေါ်လာ ၂.၀၃ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ အစောထဲက ပြောထားပါတယ်။ 5G ရဲ့ အမြန်နှုန်းတောင် တော်တော် ဖလန်းဖလန်းထနေပြီဖြစ်ပြီး ၁၀ ဆ ပိုမြန်မယ်ဆိုတဲ့ 6G ရဲ့ အမြန်နှုန်းကို ခန့်မှန်းလို့ မရနိုင်အောင် ဖြစ်နေရပါတယ်။

Ref : gizmochina

[Zawgyi]

ဂ်ပန္မွ NTT Docomo က ၂၀၃၀ ခုႏွစ္မွာ 6G ဝန္ေဆာင္မႈေပးဖို႔ ရည္႐ြယ္ထား

Nikkei က ဂ်ပန္ဟာ 5G ထက္ ၁၀ ဆပိုျမန္တဲ့ 6G ကို ၂၀၃၀ ခုႏွစ္မွာ ဝန္ေဆာင္မႈေပးဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။ ဂ်ပန္ရဲ႕ အႀကီးမားဆုံး Carrier ျဖစ္တဲ့ NTT Docomo က 6G နည္းပညာ နယ္ပယ္မွာ ဦးေဆာင္ႏိုင္ဖို႔ စီမံကိန္းေတြ စတင္ ေရးဆြဲေနၿပီလို႔ သိရပါတယ္။ NTT Docomo က 5G တိုးတက္ဖြံ႕ၿဖိဳးလာမႈနဲ႔ 6G ဆက္သြယ္ေရး နည္းပညာနဲ႔ ပတ္သက္တဲ့ စာတမ္း ၁ ေစာင္ကို ၿပီးခဲ့တဲ့ ေသာၾကာေန႔က ထုတ္ျပန္ခဲ့ၿပီး လာမယ့္ ၁၀ ႏွစ္အတြင္းမွာ မိုဘိုင္း ဆက္သြယ္ေရး နည္းပညာဟာ မ်ိဳးဆက္သစ္ ၁ ခုကို ေမြးဖြားေပးႏိုင္မယ္လို႔ ေဟာကိန္းထုတ္ထားပါတယ္။

Docomo ဟာ ၂၀၁၀ ခုႏွစ္မွာ 5G သုေတသနလုပ္ငန္းကို စတင္ခဲ့ၿပီး အစိုးရ၊ တကၠသိုလ္ ၊ နည္းပညာ နယ္ပယ္ေတြနဲ႔ 5G နည္းပညာကို ပူးေပါင္းဖန္တီးမယ္လို႔ ေျပာခဲ့ပါတယ္။ မိုဘိုင္း ဆက္သြယ္ေရး နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သုေတသနလုပ္ငန္းေတြကို တစိုက္မတ္မတ္ လုပ္ေဆာင္မယ္လို႔ စာတမ္းမွာ ေရးသားထားပါတယ္။ Terahertz Frequencies အပါအဝင္ Frequency Bands အသစ္ေတြကို ဖန္တီးၿပီး စြမ္းအင္ အရင္းအျမစ္ စားသုံးမႈ အရမ္းနည္းပါးေအာင္နဲ႔ ဆက္သြယ္ေရး ကုန္က်စားရိတ္ အရမ္း သက္သာေအာင္ လုပ္ေဆာင္မယ္လို႔ ေဖာ္ျပထားပါတယ္။

ဂ်ပန္ဟာ 6G သုေတသန လုပ္ငန္းမွာ ေဒၚလာ ၂.၀၃ ဘီလီယမ္ ရင္းႏွီးျမႇပ္ႏွံမယ္လို႔ အေစာထဲက ေျပာထားပါတယ္။ 5G ရဲ႕ အျမန္ႏႈန္းေတာင္ ေတာ္ေတာ္ ဖလန္းဖလန္းထေနၿပီျဖစ္ၿပီး ၁၀ ဆ ပိုျမန္မယ္ဆိုတဲ့ 6G ရဲ႕ အျမန္ႏႈန္းကို ခန႔္မွန္းလို႔ မရႏိုင္ေအာင္ ျဖစ္ေနရပါတယ္။

Ref : gizmochina