Zawgyi

Jaybird ဟာ အခုေနာက္ပုိင္း ေခတ္စားလာတဲ့ True Wireless Earbuds ေတြကို ဦးဆံုးမိတ္ဆက္ခဲ့တဲ့ ကုမၸဏီတစ္ခုဆိုရင္လည္း မမွားပါဘူး။ ဒီ Jaybird Earbuds ေတြက ဒီဇုိင္းအရလည္း တစ္မ်ိဳးဆန္းေနသလုိ ေျပးတဲ့ေနရာမွာလည္း ေကာင္းေကာင္းသံုးႏုိင္ဖုိ႔အတြက္ ရည္ရြယ္ျပီးထုတ္လုပ္ထားတဲ့ Earbuds ေတြျဖစ္ပါတယ္။

အခုလည္း Jaybird ကေန Android နဲ႔ iOS သံုးစြဲသူေတြအတြက္ေတာ္ေတာ္ေလးကို အရည္အေသြးေကာင္းမြန္တဲ့ Earbuds တစ္ခုကို မိတ္ဆက္လာခဲ့ပါတယ္။ ဒီ Earbuds ေတြကိုေတာ့ Vista Earbuds ေတြလုိ႔ နာမည္ေပးထားျပီးေတာ့ Design ပိုင္းေတြတင္မဟုတ္ဘဲ အကုန္လံုးနီးပါးကို အဆင့္ျမွင့္တင္ထားခဲ့တာျဖစ္ပါတယ္။

အခု Jaybird Vista Earbuds ေတြဟာ ယခင္ Jabra Earbuds ေတြလိုမ်ိဳးပဲ ပံုမွန္ေျပးတတ္တဲ့သူေတြ၊ အားကစားသမားေတြအတြက္ ရည္ရြယ္တာျဖစ္တဲ့အတြက္ ေခၽြးစိုတာနဲ႔ ေရခ်ိဳးတာေတြကို ခံႏုိင္ရည္ရွိတဲ့ IPX7 Certification ရရွိထားတာလညး္ျဖစ္ပါတယ္။ ဒါ့အျပင္ Eartips ေတြကိုလည္း မ်ိဳးစံုထည့္သြင္းေပးထားတဲ့အတြက္ ေျပးရင္းနဲ႔ ျပဳတ္က်မွာကိုလည္း စိုးရိမ္စရာလုိမွာမဟုတ္ပါဘူး။

ဒီ Earbuds ေတြက အေလးခ်ိန္အရလည္း 6g ပဲေလးမွာျဖစ္တဲ့အတြက္ ေတာ္ေတာ္ေလးကိုေပါ့တယ္လုိ႔ ေျပာလုိ႔ရသလုိ Battery Life ကလည္း အားအျပည့္သြင္းထားရင္ ၆ နာရီအထိ ဆက္တုိက္နားေထာင္ႏုိင္မွာပါ။ ဒါ့အျပင္ USB-C ကို အသံုးျပဳထားတဲ့အတြက္ ၅ မိနစ္အားသြင္းတာနဲ႔တင္ ၁ နာရီေလာက္နားေထာင္ႏုိင္ဦးမွာပါ။ ပါလာတဲ့ Carrying Case ကလည္း ေနာက္ထပ္ ၁၀ နာရီေလာက္နားေထာင္ႏုိင္ဦးမယ္လုိ႔ သိရပါတယ္။

Specification ေတြအရေတာ့ ဒီ Jaybird Vista Earbuds ေတြက 6mm Driver ကို အသံုးျပဳထားျပီးေတာ့ ကိုယ္ၾကိဳက္ႏွစ္သက္သလုိ Tuning ျပဳလုပ္ႏုိင္မယ့္ Equalizer လည္းပါဝင္ဦးမွာပါ။ Bluetooth 5.0 ကို အသံုးျပဳထားသလုိ Dedicated Google Assistant Button ကိုလည္း ထည့္သြင္းေပးထားပါတယ္။

ေစ်းႏႈန္းအေနနဲ႔ကေတာ့ ဒီ Jaybird Vista Earbuds ေတြဟာ ၁၇၉.၉၉ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာျဖစ္တဲ့အတြက္ ျမန္မာေငြ ၂ သိန္း ၇ ေသာင္းဝန္းက်င္ က်သင့္မွာျဖစ္ပါတယ္။ ေစ်းအရေတာ့ မ်ားတယ္ဆုိေပမယ့္ အားကစားလုပ္ရင္းနဲ႔ သီခ်င္းနားေထာင္မယ့္သူေတြအတြက္ကေတာ့ အၾကိဳက္ေတြ႕မွာပါ။

Ref – Android Police

Unicode

Jaybird ဟာ အခုနောက်ပိုင်း ခေတ်စားလာတဲ့ True Wireless Earbuds တွေကို ဦးဆုံးမိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီ Jaybird Earbuds တွေက ဒီဇိုင်းအရလည်း တစ်မျိုးဆန်းနေသလို ပြေးတဲ့နေရာမှာလည်း ကောင်းကောင်းသုံးနိုင်ဖို့အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ Earbuds တွေဖြစ်ပါတယ်။

အခုလည်း Jaybird ကနေ Android နဲ့ iOS သုံးစွဲသူတွေအတွက်တော်တော်လေးကို အရည်အသွေးကောင်းမွန်တဲ့ Earbuds တစ်ခုကို မိတ်ဆက်လာခဲ့ပါတယ်။ ဒီ Earbuds တွေကိုတော့ Vista Earbuds တွေလို့ နာမည်ပေးထားပြီးတော့ Design ပိုင်းတွေတင်မဟုတ်ဘဲ အကုန်လုံးနီးပါးကို အဆင့်မြှင့်တင်ထားခဲ့တာဖြစ်ပါတယ်။

အခု Jaybird Vista Earbuds တွေဟာ ယခင် Jabra Earbuds တွေလိုမျိုးပဲ ပုံမှန်ပြေးတတ်တဲ့သူတွေ၊ အားကစားသမားတွေအတွက် ရည်ရွယ်တာဖြစ်တဲ့အတွက် ချွေးစိုတာနဲ့ ရေချိုးတာတွေကို ခံနိုင်ရည်ရှိတဲ့ IPX7 Certification ရရှိထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Eartips တွေကိုလည်း မျိုးစုံထည့်သွင်းပေးထားတဲ့အတွက် ပြေးရင်းနဲ့ ပြုတ်ကျမှာကိုလည်း စိုးရိမ်စရာလိုမှာမဟုတ်ပါဘူး။

ဒီ Earbuds တွေက အလေးချိန်အရလည်း 6g ပဲလေးမှာဖြစ်တဲ့အတွက် တော်တော်လေးကိုပေါ့တယ်လို့ ပြောလို့ရသလို Battery Life ကလည်း အားအပြည့်သွင်းထားရင် ၆ နာရီအထိ ဆက်တိုက်နားထောင်နိုင်မှာပါ။ ဒါ့အပြင် USB-C ကို အသုံးပြုထားတဲ့အတွက် ၅ မိနစ်အားသွင်းတာနဲ့တင် ၁ နာရီလောက်နားထောင်နိုင်ဦးမှာပါ။ ပါလာတဲ့ Carrying Case ကလည်း နောက်ထပ် ၁၀ နာရီလောက်နားထောင်နိုင်ဦးမယ်လို့ သိရပါတယ်။

Specification တွေအရတော့ ဒီ Jaybird Vista Earbuds တွေက 6mm Driver ကို အသုံးပြုထားပြီးတော့ ကိုယ်ကြိုက်နှစ်သက်သလို Tuning ပြုလုပ်နိုင်မယ့် Equalizer လည်းပါဝင်ဦးမှာပါ။ Bluetooth 5.0 ကို အသုံးပြုထားသလို Dedicated Google Assistant Button ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ ဒီ Jaybird Vista Earbuds တွေဟာ ၁၇၉.၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်တဲ့အတွက် မြန်မာငွေ ၂ သိန်း ၇ သောင်းဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။ ဈေးအရတော့ များတယ်ဆိုပေမယ့် အားကစားလုပ်ရင်းနဲ့ သီချင်းနားထောင်မယ့်သူတွေအတွက်ကတော့ အကြိုက်တွေ့မှာပါ။

Ref – Android Police