အမေရိကန် ဘောလုံးအသင်း Jets ရဲ့ Fans တွေဟာ ဒီရာသီမှာ အထူး လက်ဆောင်တွေကို ရရှိတော့မှာ ဖြစ်ပါတယ်။ NFL က Jets Fans တွေဟာ Training Camp နဲ့ ရိုးရိုး ရာသီ ကစားပွဲတချို့မှာ Virtual အထိမ်းအမှတ် လက်မှတ်တွေကို Non-fungible Token (NFT) အနေနဲ့ အခမဲ့ ရရှိနိုင်တဲ့ အခွင့်အရေး ရတော့မယ်လို့ Ticketmaster နဲ့ ပူးပေါင်းကာ ကြေညာလိုက်ပါတယ်။

Fans တွေဟာ Training Camp လေ့ကျင့်ခန်း ၂ ခုနဲ့ ရိုးရိုး ရာသီ အိမ်ကွင်း ကစားပွဲ ၄ ခုမှာ အဲဒီ Limited-edition NFT တွေကို လဲလှယ်နိုင်တဲ့ အခွင့်အရေး ရရှိတော့မှာ ဖြစ်ပါတယ်။

Big mistake! Collector sells the NFT of a rock worth $1 million for a penny

Training Camp NFT အတွက် Fans တွေဟာ သူတို့ရဲ့ မိုဘိုင်းဖုန်းနဲ့ QR Code ကို Scan လုပ်ကာ NFT ကို ရယူနိုင်ပါတယ်။ အသင်းရဲ့ ရိုးရိုး ရာသီ ကစားပွဲ NFT အတွက် ဝင်ပေါက်ဂိတ်မှာ လက်မှတ်ကို Scan လုပ်တဲ့ Fan တစ်ယောက်ချင်းစီဟာ NFT ကို ရရှိမှာ ဖြစ်ပါတယ်။ အိမ်ကွင်း ကစားပွဲ ပြုလုပ်တဲ့ ၇ ရက်အတွင်း NFT တွေကို ရယူနိုင်တဲ့ လင့်တွေကို အီးမေး ကနေ ပေးပို့မှာ ဖြစ်ပါတယ်။

အဲဒီ Vritual အထိမ်းအမှတ် လက်မှတ်တွေဟာ Fans တွေ သိမ်းဆည်းနိုင်၊ လွှဲပြောင်းနိုင်၊ ပြန်လည် ရောင်းချနိုင်တဲ့ ကစားပွဲထဲက အမှတ်တရတွေ ဖြစ်ပါတယ်။

Ref : newyorkjets