[Zawgyi]

Apple ရဲ႕ Chief Design Officer ျဖစ္တဲ့ Jonathan Ive ဟာ ကုမၸဏီကေန ထြက္ခြာေတာ့မယ္လို႔ ၿပီးခဲ့တဲ့ ဇူလိုင္လကုန္ကတည္းက ေျပာခဲ့တာပါ။ Ive ဟာ Apple ကေနထြက္ခြာၿပီး ကာလၾကာရွည္ မိတ္ေဆြျဖစ္တဲ့ Marc Newson နဲ႔အတူကိုယ္ပိုင္ဒီဇိုင္းကုမၸဏီထူေထာင္ဖို႔ ျပင္ဆင္ထားတာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ကေတာ့ Apple ဟာ သူတို႔ရဲ႕ Executive Leadership page ကေန Jony Ive ကို ဖယ္ရွားခဲ့တာ ေတြ႕ျမင္ရပါတယ္။ ဒါဟာ Ive တစ္ေယာက္ ကုမၸဏီကို တရားဝင္စြန႔္ခြာသြားၿပီဆိုတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္။ Apple ကေတာ့ အရင္ကေၾကညာထားတဲ့အတိုင္း Evans Hankey ကို Design Group ရဲ႕ Head အသစ္အျဖစ္ ခန႔္အပ္လိုက္ပါတယ္။

Ive ထြက္ခြာခ်ိန္ဟာ Apple က iPhone 12 အတြက္ ျပင္ဆင္ေနခ်ိန္ျဖစ္တာေၾကာင့္ အေရးပါတဲ့အခ်ိန္မွာ ထြက္ခြာသြားတယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါတင္မကဘဲ သတင္းထြက္ေနတဲ့ Apple ရဲ႕ ပထမဆုံး Foldable စမတ္ဖုန္း အတြက္ဒီဇိုင္းပိုင္းဆိုင္ရာမွာလည္း သက္ေရာက္မႈ ရွိလာမလားလို႔ ေမးခြန္းထုတ္ခ်င္စရာ ျဖစ္ပါတယ္။

ဒါေပမယ့္ Apple လို ကုမၸဏီႀကီးအေနနဲ႔ ဒီလိုအေရးပါတဲ့ အကူးအေျပာင္းကာလအတြက္ ႀကိဳတင္ျပင္ဆင္ထားမယ္ဆိုတာ သံသယျဖစ္စရာမလိုပါဘူး။ လာမယ့္ ၁၂ လကေန ၂၄ လအတြင္းမွာေတာ့ Apple ရဲ႕ ထုတ္ကုန္ေတြဟာ Ive ရဲ႕ ကြပ္ကဲမႈမပါဝင္တဲ့ ဒီဇိုင္းေတြ ျဖစ္လာဖြယ္ရွိပါတယ္။ လက္ရွိထြက္ထားတဲ့ေကာလာဟလေတြအရ iPhone 12 ဟာ အရင္ေအာင္ျမင္ခဲ့ဖူးတဲ့ဒီဇိုင္းအယူအဆဆီကို ျပန္သြားမယ္ဆိုတာ ေသခ်ာသေလာက္ျဖစ္ေနပါတယ္။

Ref: 9To5Mac

[Unicode]

Apple ကနေ တရားဝင်ထွက်ခွာသွားပြီဖြစ်တဲ့ Jonathan Ive

Apple ရဲ့ Chief Design Officer ဖြစ်တဲ့ Jonathan Ive ဟာ ကုမ္ပဏီကနေ ထွက်ခွာတော့မယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကတည်းက ပြောခဲ့တာပါ။ Ive ဟာ Apple ကနေထွက်ခွာပြီး ကာလကြာရှည် မိတ်ဆွေဖြစ်တဲ့ Marc Newson နဲ့အတူကိုယ်ပိုင်ဒီဇိုင်းကုမ္ပဏီထူထောင်ဖို့ ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ Apple ဟာ သူတို့ရဲ့ Executive Leadership page ကနေ Jony Ive ကို ဖယ်ရှားခဲ့တာ တွေ့မြင်ရပါတယ်။ ဒါဟာ Ive တစ်ယောက် ကုမ္ပဏီကို တရားဝင်စွန့်ခွာသွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ Apple ကတော့ အရင်ကကြေညာထားတဲ့အတိုင်း Evans Hankey ကို Design Group ရဲ့ Head အသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

Ive ထွက်ခွာချိန်ဟာ Apple က iPhone 12 အတွက် ပြင်ဆင်နေချိန်ဖြစ်တာကြောင့် အရေးပါတဲ့အချိန်မှာ ထွက်ခွာသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါတင်မကဘဲ သတင်းထွက်နေတဲ့ Apple ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း အတွက်ဒီဇိုင်းပိုင်းဆိုင်ရာမှာလည်း သက်ရောက်မှု ရှိလာမလားလို့ မေးခွန်းထုတ်ချင်စရာ ဖြစ်ပါတယ်။

ဒါပေမယ့် Apple လို ကုမ္ပဏီကြီးအနေနဲ့ ဒီလိုအရေးပါတဲ့ အကူးအပြောင်းကာလအတွက် ကြိုတင်ပြင်ဆင်ထားမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ လာမယ့် ၁၂ လကနေ ၂၄ လအတွင်းမှာတော့ Apple ရဲ့ ထုတ်ကုန်တွေဟာ Ive ရဲ့ ကွပ်ကဲမှုမပါဝင်တဲ့ ဒီဇိုင်းတွေ ဖြစ်လာဖွယ်ရှိပါတယ်။ လက်ရှိထွက်ထားတဲ့ကောလာဟလတွေအရ iPhone 12 ဟာ အရင်အောင်မြင်ခဲ့ဖူးတဲ့ဒီဇိုင်းအယူအဆဆီကို ပြန်သွားမယ်ဆိုတာ သေချာသလောက်ဖြစ်နေပါတယ်။

Ref: 9To5Mac