စားသုံးသူ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်း Truth in Advertising (TINA.org) က စီမံကိန်းတွေနဲ့ သူတို့ရဲ့ ဆက်စပ်မှုကို မဖော်ပြဘဲ NFT တွေကို ကြော်ငြာပေးနေတာနဲ့ ပတ်သက်ပြီး နာမည်ကျော်ကြား လူသိများသူ ၁၉ ယောက်ကို သတိပေးလိုက်ပါတယ်။

Justin Bieber Buys More Bored Apes and Promotes inBetweeners NFTs By DailyCoin

TINA.org က လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ NFT တွေကို ကြော်ငြာပေးနေတဲ့ နာမည်ကျော်ကြား လူသိများသူတွေကို စုံစမ်းစစ်ဆေးနေပြီး လိမ်လည်ကြော်ငြာပေးနေတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

Netizens troll Justin Bieber over Bored Ape NFT purchase for $1.29 million - The Influencer Age

အဲဒီ နာမည်ကြီး စတားတွေထဲမှာ အားကစား လောကက Floyd Mayweather နဲ့ Tom Brady ၊ အဆိုတော် Eminem ၊ Snoop Dog နဲ့ မင်းသမီး Gwyneth Paltrow တို့ ပါဝင်ကြပြီး သူတို့ ကြော်ငြာပေးနေတဲ့ NFT Company တွေ၊ Brand တွေနဲ့ သူတို့ရဲ့ ပတ်သက်မှုကို ဖော်ပြဖို့ တိုက်တွန်းလိုက်ပါတယ်။

NFT ဟာ အနုပညာလက်ရာလို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain မှာ မှတ်တမ်းတင်ထားတာပါ။ နာမည်ကြီး NFT စီမံကိန်းတွေဟာ နာမည်ကျော်ကြားလူသိများသူတွေကို ကြော်ငြာခိုင်းနေကြပါတယ်။

TINA.org က တရားဥပဒေနဲ့ အရေးယူမှာ မဟုတ်ပေမယ့် ဒီလ ၈ ရက်နေ့မှာ နာမည်ကျော်ကြားလူသိများသူတွေထံ စာပေးပို့ခဲ့ပါတယ်။ “ အများပြည်သူကို လိမ်လည်ကာ NFT တွေ ကြော်ငြာပေးနေတာဟာ ထိခိုက်နစ်နာစေပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ အဲဒီ ဒစ်ဂျစ်တယ် ပစ္စည်းတွေမှာ ရင်းနှီးမြှပ်နှံရင် ငွေကြေး ဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်။ “ လို့ စာမှာ ရေးသားထားပါတယ်။

Ref : cointelegraph