[Zawgyi]

စင္ကာပူႏိုင္ငံ၏ ထိပ္တန္းေဆာ့ဖ္ဝဲကုမၸဏီႀကီးသည္ ျမန္မာႏိုင္ငံရွိ စီးပြားေရးနယ္ပယ္အသီးသီးမွ အ႐ြယ္အစားအမ်ိဳးမ်ိဳးရွိ လုပ္ငန္းမ်ားကို ဝန္ေဆာင္မႈေပးႏိုင္ရန္ ရည္႐ြယ္သည္။

စင္ကာပူႏိုင္ငံမွ အေကာင္းဆုံးေသာ Cloud အေျခခံ လူစြမ္းအားအရင္းအျမစ္ စီမံခန႔္ခြဲမႈ ေဆာ့ဖ္ဝဲလ္ကုမၸဏီျဖစ္ေသာ JustLogin သည္ ျမန္မာႏိုင္ငံရွိ ကုမၸဏီမ်ားအေနျဖင့္ လူ႔စြမ္းအားအရင္းအျမစ္ စီမံခန႔္ခြဲမႈ လုပ္ငန္းစဥ္မ်ားျဖစ္သည့္ လစာေငြေပးေခ်ျခင္း၊ ခြင့္ရက္စီမံခန႔္ခြဲမႈ၊ ႐ုံးတက္ေရာက္မႈမွတ္တမ္း၊ ကုန္က်စရိတ္မ်ား စသည္တို႔ကို အလိုအေလ်ာက္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ဝန္ေဆာင္မႈေပးသြားမည္ျဖစ္သည္။

JustLogin သည္ လူ႔စြမ္းအားအရင္းအျမစ္စီမံခန႔္ခြဲမႈဆိုင္ရာ ဝန္ေဆာင္မႈနည္းလမ္းမ်ားကို ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာ ေပးအပ္ေနခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံရွိ ကုမၸဏီအခ်ိဳ႕သည္ ဤဝန္ေဆာင္မႈမ်ားကို အသုံးျပဳေနခဲ့သည္မွာ ၂ ႏွစ္နီးပါးခန႔္ရွိေနၿပီျဖစ္သည္။ JustLogin သည္ ယခုအခါ ျမန္မာႏိုင္ငံတြင္ လုပ္ငန္းေဆာင္႐ြက္မႈမ်ား ပိုမိုျမႇင့္တင္လုပ္ေဆာင္သြားရန္၊ ၎၏ ေဈးကြက္ကို သိသာစြာ ျမႇင့္တင္သြားရန္ ႀကိဳးပမ္းလ်က္ရွိကာ ျမန္မာႏိုင္ငံ၏ စည္းမ်ဥ္းဥပေဒမ်ားႏွင့္ ကိုက္ညီေသာ လစာေငြေပးေခ်သည့္ ဝန္ေဆာင္မႈနည္းလမ္းတစ္ရပ္ကို ဖန္တီးထားသည္။

JustLogin ၏ CEO ျဖစ္သူ Kwa Kim Chiong က “ကြၽန္ေတာ္တို႔အေနနဲ႔ ဝန္ေဆာင္မႈေတြကို ျမန္မာႏိုင္ငံမွာ ခ်ဲ႕ထြင္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ JustLogin ကို အသုံးျပဳျခင္းအားျဖင့္ လူ႔စြမ္းအားအရင္းအျမစ္စီမံခန႔္ခြဲမႈကို အလြယ္တကူ ျပဳလုပ္ႏိုင္မွာျဖစ္တာေၾကာင့္ မန္ေနဂ်ာေတြ၊ HR ပိုင္း ေဆာင္႐ြက္ေနသူေတြအေနနဲ႔ ရႈပ္ေထြးတဲ့ စာ႐ြက္စာတမ္းပိုင္းလုပ္ေဆာင္ရမႈေတြကို ေရွာင္ရွားႏိုင္ၿပီး၊ လုပ္ငန္းပိုင္း ပိုမိုတြင္က်ယ္ေအာင္ ေဆာင္႐ြက္ႏိုင္ၾကေတာ့မွာ ျဖစ္တာေၾကာင့္ ဝန္ထမ္းေတြရဲ႕ သက္သာေခ်ာင္ခ်ိေရးနဲ႔ လုပ္ငန္းရဲ႕ ဦးတည္ခ်က္တို႔အတြက္ အခ်ိန္နဲ႔ လုပ္အားကို ပိုမိုအသုံးျပဳႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ အသုံးျပဳဖို႔၊ ထည့္သြင္းဖို႔၊ ထိန္းသိမ္းဖို႔ လြယ္ကူသလို ၿပီးျပည့္စုံၿပီး ေအာင္ျမင္မႈရွိႏိုင္တဲ့ လူ႔စြမ္းအားအရင္းအျမစ္စီမံခန႔္ခြဲမႈနည္းလမ္းကို ေပးအပ္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးနယ္ပယ္မ်ိဳးစုံထဲက အ႐ြယ္အစားအမ်ိဳးမ်ိဳးေသာ လုပ္ငန္းေတြအတြက္ အေထာက္အပံ့ ေကာင္းေကာင္းေပးႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္” ဟု ဆိုသည္။

JustLogin အေနျဖင့္ ဝန္ေဆာင္မႈအသုံးျပဳသူမ်ား၏ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းႏိုင္ရန္အတြက္ JustPayroll ၊ JustLeave ၊ JustClock ၊ JustExpense ၊ JustBenefit ႏွင့္ JustPeople တို႔ ပါဝင္ေသာ ေဆာ့ဖ္ဝဲေမာ္ဂ်ဴးမ်ားကို အျပည့္အဝ ေပါင္းစပ္ထားေသာ စနစ္ႀကီးျဖင့္ ဝန္ေဆာင္မႈေပးေနျခင္းျဖစ္သည္။ ဤေဆာ့ဖ္ဝဲသည္ Cloud အေျခခံ ဆာဗာမ်ားေပၚတြင္ ပုံမွန္ Backup ျပဳလုပ္ေပးေသာေၾကာင့္ ေနာက္ဆုံးရ သတင္းအခ်က္အလက္မ်ားကို အခ်ိန္မေ႐ြး ၾကည့္ရႈႏိုင္ေစသည္။ ထို႔အျပင္ ေဆာ့ဖ္ဝဲအဆင့္ျမႇင့္တင္မႈမ်ား ပုံမွန္ျပဳလုပ္ေပးသလို ISO27001 အသိအမွတ္ျပဳ ပုံစံျဖင့္ ဆာဗာေပၚတြင္ Encryption ျပဳလုပ္ေပးေသာေၾကာင့္ လုံၿခဳံမႈလည္း ျမင့္မားကာ အထိအခိုက္မခံႏိုင္ေသာ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ဝန္ထမ္း သတင္းအခ်က္အလက္မ်ား၏ လုံၿခဳံမႈအတြက္ စိတ္ခ်ႏိုင္မည္ျဖစ္သည္။

အလိုအေလ်ာက္စနစ္ကို ေကာင္းမြန္စြာ အသုံးခ်ႏိုင္မည္ဆိုပါက လုပ္ငန္းစဥ္အား အခ်ိန္ျပည့္ေစာင့္ၾကည့္ေနရျခင္းကို ေရွာင္ရွားႏိုင္မည္ျဖစ္ၿပီး ပုံမွန္အားျဖင့္ လူကိုယ္တိုင္ လုပ္ေဆာင္ေနခဲ့ရေသာ လုပ္ငန္းေဆာင္တာအမ်ိဳးမ်ိဳးတြင္ လုပ္ငန္းတြင္က်ယ္မႈကို ထိေရာက္စြာ ျမႇင့္တင္ႏိုင္မည္ျဖစ္သည္။ JustLogin ေဆာ့ဖ္ဝဲတြင္ ဝန္ထမ္းေရးရာဆိုင္ရာ ကိစၥရပ္မ်ားအတြက္ အီလက္ထေရာနစ္နည္းလမ္းျဖင့္ အခ်က္အလက္ တင္သြင္းျခင္း၊ ေဒတာလည္ပတ္ျခင္း၊ အလိုအေလ်ာက္ လုပ္ငန္းေဆာင္႐ြက္ႏိုင္ေစျခင္းတို႔ျပဳလုပ္ႏိုင္သျဖင့္ ဝန္ထမ္းမ်ားသိရွိလိုသမွ်ကို ကိုယ္တိုင္ရွာေဖြႏိုင္ျခင္း၊ လစာေပးေခ်မႈႏွင့္ အျခားတြက္ခ်က္မႈမ်ားကို အလိုအေလ်ာက္ျပဳလုပ္ႏိုင္ျခင္း၊ အခ်ိန္ႏွင့္တေျပးညီ အစီရင္ခံစာမ်ားကို ကလစ္တစ္ခ်က္တည္းႏွိပ္၍ ထုတ္ယူႏိုင္ျခင္းတို႔ ျပဳလုပ္ႏိုင္ပါသည္။

JustLogin ၏ ဝန္ေဆာင္မႈကိုအသုံးျပဳလ်က္ရွိသည့္ Kotobuki ကုမၸဏီမွ HR Executive ျဖစ္သူ Mr Jody Cheong က “JustLogin က ကြၽန္ေတာ္တို႔ လိုအပ္သမွ် လူ႔စြမ္းအားအရင္းအျမစ္စီမံခန႔္ခြဲမႈ ေဆာင္႐ြက္ခ်က္ေတြ အားလုံးအတြက္ တစ္ေနရာတည္းမွာ ရရွိႏိုင္တဲ့ ဝန္ေဆာင္မႈျဖစ္ပါတယ္။ ဒီေဆာ့ဖ္ဝဲရဲ႕ ေခ်ာေခ်ာေမြ႕ေမြ႕ စုစည္းထားရွိေပးမႈနဲ႔ လိုက္ေလ်ာညီေထြရွိမႈေတြေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ ၿငီးေငြ႕ဖြယ္ေကာင္းတဲ့ စီမံခန႔္ခြဲမႈတာဝန္ေတြကို သက္သက္သာသာနဲ႔ ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္ေနၿပီျဖစ္ပါတယ္” ဟု ဆိုသည္။

အေရွ႕ေတာင္အာရွတြင္ စမတ္ဖုန္းမ်ားႏွင့္ မိုဘိုင္းအင္တာနက္မ်ားသည္ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔လာရာ အထူးသျဖင့္ ျမန္မာႏိုင္ငံတြင္ လ်င္ျမန္မႈႏႈန္း အထူးျမင့္မားခဲ့ၿပီး ယခုအခါ ႏိုင္ငံအတြင္း မိုဘိုင္းအင္တာနက္သုံးစြဲသူေပါင္း ၃၃ မီလီယံ (လူဦးေရ၏ ၆၆ ရာခိုင္ႏႈန္း) အထိရွိေနၿပီျဖစ္သည္။ ဤကဲ့သို႔ အင္တာနက္အသုံးျပဳလာေသာ လူဦးေရ တိုးတက္လာသည့္အခ်က္ေၾကာင့္ လူသားတို႔၏ေန႔စဥ္ဘဝမ်ားႏွင့္ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို ပိုမိုတြင္က်ယ္ေစ၊ အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေစၿပီး ႏိုင္ငံ၏ ဒစ္ဂ်စ္တယ္စီးပြားေရးဆီသို႔ တက္လွမ္းသည့္ခရီးလမ္းကို အရွိန္ျမႇင့္တင္ႏိုင္ေစမည့္ အသုံးျပဳရလြယ္ကူေသာ မိုဘိုင္းအက္ပလီေကးရွင္းမ်ားကို လက္ခံအသုံးျပဳႏိုင္သည့္ ပတ္ဝန္းက်င္တစ္ခုကိုလည္း ရရွိလာခဲ့ျခင္းျဖစ္သည္။

JustLogin အေနျဖင့္ အထက္ပါ ရည္႐ြယ္ခ်က္မ်ားျဖင့္ Desktop ေဆာ့ဖ္ဝဲႏွင့္ ခ်ိတ္ဆက္အသုံးျပဳႏိုင္ေစမည့္ Cloud အေျခခံ မိုဘိုင္းလ္အက္ပလီေကးရွင္းတစ္ခုကို ဖန္တီးထားသည္။ အဆိုပါအက္ပလီေကးရွင္းကို အသုံးျပဳ၍ ဝန္ထမ္းမ်ားအေနျဖင့္ အလုပ္တက္ခ်ိန္မွတ္တမ္းတင္ျခင္း၊ လစာျဖတ္ပိုင္းၾကည့္ရႈျခင္း၊ ခြင့္ရက္ေတာင္းခံျခင္းတို႔ကဲ့သို႔ေသာ ကိစၥမ်ားကို မည္သည့္အခ်ိန္၊ မည္သည့္ေနရာတြင္မဆို မိမိတို႔၏ မိုဘိုင္းလ္ဖုန္းေပၚမွ တစ္ဆင့္ အလြယ္တကူျပဳလုပ္ႏိုင္မည္ျဖစ္ၿပီး စီမံခန႔္ခြဲသူမ်ားအေနျဖင့္လည္း ဝန္ထမ္းအင္အားကို ပိုမိုထိေရာက္စြာ ေစာင့္ၾကည့္ႏိုင္ရန္၊ ခြင့္တိုင္ၾကားျခင္းမ်ားကို အတည္ျပဳေပးႏိုင္ရန္အတြက္ အသုံးျပဳႏိုင္မည္ ျဖစ္သည္။

“ကြၽန္မတို႔က ျမန္မာႏိုင္ငံမွာ စမတ္ဖုန္းအသုံးျပဳမႈ ျမင့္တက္လာတာကို ႀကိဳဆိုသလို အဲဒီအခ်က္ေၾကာင့္ အြန္လိုင္းအသုံးျပဳမႈ ျမင့္တက္လာတဲ့အတြက္လည္း ဝမ္းသာမိပါတယ္။ အခုဆိုရင္ ျမန္မာႏိုင္ငံသားေတြဟာ Cloud ဝန္ေဆာင္မႈေတြနဲ႔ ပိုၿပီး အကြၽမ္းတဝင္ရွိလာၿပီျဖစ္လို႔ Cloud က လူ႔စြမ္းအားအရင္းအျမစ္စီမံခန႔္ခြဲမႈအတြက္ ဘာေတြလုပ္ေပးႏိုင္တယ္ဆိုတာကို JustLogin အေနနဲ႔ ျပသဖို႔အခ်ိန္ေကာင္းပဲလို႔ ထင္မိပါတယ္” ဟု JustLogin ၏ Marketing Manager ျဖစ္သူ Kwa Yi Ting က ေျပာၾကားသည္။

“အေသးစားနဲ႔ အလတ္စားလုပ္ငန္းအမ်ားစုအေနနဲ႔ JustLogin ရဲ႕ ကုန္ပစၥည္းေတြနဲ႔ ဝန္ေဆာင္မႈေတြကို လိုအပ္ေၾကာင္း ကြၽန္မတို႔ သိရပါတယ္။ အေျခခံ လူ႔စြမ္းအားအရင္းအျမစ္စီမံခန႔္ခြဲတဲ့ လုပ္ငန္းေဆာင္တာေတြကို လုပ္ေဆာင္ႏိုင္မယ့္ စနစ္တစ္ခု၊ အဖြဲ႕တစ္ခုကို တည္ေထာင္ဖို႔အတြက္ လိုအပ္တဲ့ ေငြေၾကးအေထာက္အပံ့နဲ႔ လူအင္အားေတြ သူတို႔မွာ မရွိေသးပါဘူး။ ကြၽန္မတို႔မွာ သူတို႔ရဲ႕ လုပ္ငန္းေဆာင္တာေတြလည္ပတ္ႏိုင္ေစမယ့္ ေဈးႏႈန္းသင့္ေတာ္ၿပီး ထိေရာက္မႈရွိတဲ့
ဝန္ေဆာင္မႈတစ္ခုကို ကြၽန္မတို႔အေနနဲ႔ ေပးအပ္ႏိုင္ပါတယ္။ တကယ္လို႔ သင့္အေနနဲ႔ လူ႔စြမ္းအားအရင္းအျမစ္စီမံခန႔္ခြဲမႈဆိုတာ စာ႐ြက္စာတမ္းေတြထက္ လူေတြကို စီမံခန႔္ခြဲတာျဖစ္တယ္လို႔ ယူဆတယ္ဆိုရင္ JustLogin ကို သုံးၾကည့္ဖို႔အႀကဳံျပဳပါရေစ” ဟု ၎က ဆက္လက္ေျပာၾကားသည္။

JustLogin အေၾကာင္း
၁၉၉၉ ခုႏွစ္တြင္ စင္ကာပူႏိုင္ငံ၌ ေဒသတြင္း အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ားကို ဝန္ေဆာင္မႈေပးရန္ ရည္႐ြယ္ခ်က္ျဖင့္ စတင္တည္ေထာင္ခဲ့ေသာ JustLogin သည္ ေဆာ့ဖ္ဝဲဝန္ေဆာင္မႈလုပ္ငန္းပုံစံကို အသုံးျပဳ၍ လူ႔စြမ္းအားအရင္းအျမစ္စီမံခန႔္ခြဲမႈေဆာ့ဖ္ဝဲမ်ိဳးေပးအပ္ႏိုင္ေသာ ေရွ႕ေဆာင္ကုမၸဏီတစ္ခုျဖစ္သည္။ “အရာအားလုံး လုပ္ေဆာင္ႏိုင္သည့္ HR Cloud” ျဖစ္သည့္JustLogin ၏ ဆုမ်ားစြာ ဆြတ္ခူးထားသည့္ ဝန္ေဆာင္မႈမ်ားထဲတြင္ လစာေပးေခ်မႈ၊ ခြင့္ရက္စီမံခန႔္ခြဲမႈ၊ ႐ုံးတက္ေရာက္မႈမွတ္တမ္း၊ ကုန္က်စရိတ္ႏွင့္ အက်ိဳးအျမတ္စီမံခန႔္ခြဲမႈႏွင့္ အျခားလူ႔စြမ္းအားအရင္းအျမစ္စီမံခန႔္ခြဲမႈဆိုင္ရာေမာ္ဂ်ဴးမ်ား ပါဝင္သည္။ စင္ကာပူႏိုင္ငံ၌ JustLogin ၏ ဝန္ေဆာင္မႈအသုံးျပဳသူမ်ားထဲတြင္ AT&T ၊ IKEA ၊ Bata ႏွင့္ Owndays တို႔ပါဝင္သည္။

JustLogin သည္ ၂၀၁၈ ခုႏွစ္တြင္ စကၤာပူႏိုင္ငံ၏ အေကာင္းဆုံး ဝန္ထမ္းေရးရာ စီမံခန႔္ခြဲေသာ ေဆာ့ဖ္ဝဲအေနႏွင့္ Human Resource Magazine ၏ တစ္ႏွစ္တာအတြက္ အေကာင္းဆုံး ဝန္ထမ္းေရးရာစီမံမႈအေကာင္းဆုံးဆုကို ရရွိခဲ့သည္။ ထို႔အျပင္ အေကာင္းဆုံး HR စီမံခန႔္ခြဲမႈစနစ္အတြက္ HRM Asia Readers Choice Awards ဆု၊ အေကာင္းဆုံး လစာေပးေခ်မႈေဆာ့ဖ္ဝဲဝန္ေဆာင္မႈအတြက္ HR Vendor of the Year Awards ဆုတို႔ကိုလည္း ရရွိထားသည္။ JustLogin သည္ စင္ကာပူႏိုင္ငံ၏ ပုဂၢလိကပိုင္ ထိပ္တန္း စြန္ဦးတီထြင္လုပ္ငန္းေပါင္း ၅၀ ကို အသိအမွတ္ျပဳေပးသည့္အေရးအပါဆုံးလုပ္ငန္းေပါင္း ၅၀ ဆုကိုလည္း ရရွိထားသည္။ JustLogin ကို ကမာၻတစ္ဝန္းရွိ ေထာင္ေပါင္းမ်ားစြာေသာ မန္ေနဂ်ာမ်ားႏွင့္ ဝန္ထမ္းမ်ားမွ အသုံးျပဳလ်က္ရွိပါသည္။

[Unicode]

JustLogin က မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မီ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုများ အလိုအလျောက် လုပ်ဆောင်နိုင်မည့် ဝန်ဆောင်မှုစနစ်ကို မိတ်ဆက်

စင်ကာပူနိုင်ငံ၏ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီကြီးသည် မြန်မာနိုင်ငံရှိ စီးပွားရေးနယ်ပယ်အသီးသီးမှ အရွယ်အစားအမျိုးမျိုးရှိ လုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်သည်။

စင်ကာပူနိုင်ငံမှ အကောင်းဆုံးသော Cloud အခြေခံ လူစွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ဆော့ဖ်ဝဲလ်ကုမ္ပဏီဖြစ်သော JustLogin သည် မြန်မာနိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များဖြစ်သည့် လစာငွေပေးချေခြင်း၊ ခွင့်ရက်စီမံခန့်ခွဲမှု၊ ရုံးတက်ရောက်မှုမှတ်တမ်း၊ ကုန်ကျစရိတ်များ စသည်တို့ကို အလိုအလျောက်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

JustLogin သည် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုနည်းလမ်းများကို နှစ်ပေါင်း ၂၀ ကျော်ကြာ ပေးအပ်နေခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီအချို့သည် ဤဝန်ဆောင်မှုများကို အသုံးပြုနေခဲ့သည်မှာ ၂ နှစ်နီးပါးခန့်ရှိနေပြီဖြစ်သည်။ JustLogin သည် ယခုအခါ မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်လုပ်ဆောင်သွားရန်၊ ၎င်း၏ ဈေးကွက်ကို သိသာစွာ မြှင့်တင်သွားရန် ကြိုးပမ်းလျက်ရှိကာ မြန်မာနိုင်ငံ၏ စည်းမျဉ်းဥပဒေများနှင့် ကိုက်ညီသော လစာငွေပေးချေသည့် ဝန်ဆောင်မှုနည်းလမ်းတစ်ရပ်ကို ဖန်တီးထားသည်။


JustLogin ၏ CEO ဖြစ်သူ Kwa Kim Chiong က “ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံမှာ ချဲ့ထွင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ JustLogin ကို အသုံးပြုခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုကို အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်တာကြောင့် မန်နေဂျာတွေ၊ HR ပိုင်း ဆောင်ရွက်နေသူတွေအနေနဲ့ ရှုပ်ထွေးတဲ့ စာရွက်စာတမ်းပိုင်းလုပ်ဆောင်ရမှုတွေကို ရှောင်ရှားနိုင်ပြီး၊ လုပ်ငန်းပိုင်း ပိုမိုတွင်ကျယ်အောင် ဆောင်ရွက်နိုင်ကြတော့မှာ ဖြစ်တာကြောင့် ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးနဲ့ လုပ်ငန်းရဲ့ ဦးတည်ချက်တို့အတွက် အချိန်နဲ့ လုပ်အားကို ပိုမိုအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အသုံးပြုဖို့၊ ထည့်သွင်းဖို့၊ ထိန်းသိမ်းဖို့ လွယ်ကူသလို ပြီးပြည့်စုံပြီး အောင်မြင်မှုရှိနိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုနည်းလမ်းကို ပေးအပ်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့စီးပွားရေးနယ်ပယ်မျိုးစုံထဲက အရွယ်အစားအမျိုးမျိုးသော လုပ်ငန်းတွေအတွက် အထောက်အပံ့ ကောင်းကောင်းပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

JustLogin အနေဖြင့် ဝန်ဆောင်မှုအသုံးပြုသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် JustPayroll ၊ JustLeave ၊ JustClock ၊ JustExpense ၊ JustBenefit နှင့် JustPeople တို့ ပါဝင်သော ဆော့ဖ်ဝဲမော်ဂျူးများကို အပြည့်အဝ ပေါင်းစပ်ထားသော စနစ်ကြီးဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ ဤဆော့ဖ်ဝဲသည် Cloud အခြေခံ ဆာဗာများပေါ်တွင် ပုံမှန် Backup ပြုလုပ်ပေးသောကြောင့် နောက်ဆုံးရ သတင်းအချက်အလက်များကို အချိန်မရွေး ကြည့်ရှုနိုင်စေသည်။ ထို့အပြင် ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှုများ ပုံမှန်ပြုလုပ်ပေးသလို ISO27001 အသိအမှတ်ပြု ပုံစံဖြင့် ဆာဗာပေါ်တွင် Encryption ပြုလုပ်ပေးသောကြောင့် လုံခြုံမှုလည်း မြင့်မားကာ အထိအခိုက်မခံနိုင်သော စီးပွားရေးလုပ်ငန်းများနှင့် ဝန်ထမ်း သတင်းအချက်အလက်များ၏ လုံခြုံမှုအတွက် စိတ်ချနိုင်မည်ဖြစ်သည်။

အလိုအလျောက်စနစ်ကို ကောင်းမွန်စွာ အသုံးချနိုင်မည်ဆိုပါက လုပ်ငန်းစဉ်အား အချိန်ပြည့်စောင့်ကြည့်နေရခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး ပုံမှန်အားဖြင့် လူကိုယ်တိုင် လုပ်ဆောင်နေခဲ့ရသော လုပ်ငန်းဆောင်တာအမျိုးမျိုးတွင် လုပ်ငန်းတွင်ကျယ်မှုကို ထိရောက်စွာ မြှင့်တင်နိုင်မည်ဖြစ်သည်။ JustLogin ဆော့ဖ်ဝဲတွင် ဝန်ထမ်းရေးရာဆိုင်ရာ ကိစ္စရပ်များအတွက် အီလက်ထရောနစ်နည်းလမ်းဖြင့် အချက်အလက် တင်သွင်းခြင်း၊ ဒေတာလည်ပတ်ခြင်း၊ အလိုအလျောက် လုပ်ငန်းဆောင်ရွက်နိုင်စေခြင်းတို့ပြုလုပ်နိုင်သဖြင့် ဝန်ထမ်းများသိရှိလိုသမျှကို ကိုယ်တိုင်ရှာဖွေနိုင်ခြင်း၊ လစာပေးချေမှုနှင့် အခြားတွက်ချက်မှုများကို အလိုအလျောက်ပြုလုပ်နိုင်ခြင်း၊ အချိန်နှင့်တပြေးညီ အစီရင်ခံစာများကို ကလစ်တစ်ချက်တည်းနှိပ်၍ ထုတ်ယူနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။

JustLogin ၏ ဝန်ဆောင်မှုကိုအသုံးပြုလျက်ရှိသည့် Kotobuki ကုမ္ပဏီမှ HR Executive ဖြစ်သူ Mr Jody Cheong က “JustLogin က ကျွန်တော်တို့ လိုအပ်သမျှ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု ဆောင်ရွက်ချက်တွေ အားလုံးအတွက် တစ်နေရာတည်းမှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲရဲ့ ချောချောမွေ့မွေ့ စုစည်းထားရှိပေးမှုနဲ့ လိုက်လျောညီထွေရှိမှုတွေကြောင့် ကျွန်တော်တို့ရဲ့ ငြီးငွေ့ဖွယ်ကောင်းတဲ့ စီမံခန့်ခွဲမှုတာဝန်တွေကို သက်သက်သာသာနဲ့ ပြီးမြောက်အောင် လုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်” ဟု ဆိုသည်။

အရှေ့တောင်အာရှတွင် စမတ်ဖုန်းများနှင့် မိုဘိုင်းအင်တာနက်များသည် လျင်မြန်စွာ ပျံ့နှံ့လာရာ အထူးသဖြင့် မြန်မာနိုင်ငံတွင် လျင်မြန်မှုနှုန်း အထူးမြင့်မားခဲ့ပြီး ယခုအခါ နိုင်ငံအတွင်း မိုဘိုင်းအင်တာနက်သုံးစွဲသူပေါင်း ၃၃ မီလီယံ (လူဦးရေ၏ ၆၆ ရာခိုင်နှုန်း) အထိရှိနေပြီဖြစ်သည်။ ဤကဲ့သို့ အင်တာနက်အသုံးပြုလာသော လူဦးရေ တိုးတက်လာသည့်အချက်ကြောင့် လူသားတို့၏နေ့စဉ်ဘဝများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုတွင်ကျယ်စေ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးဆီသို့ တက်လှမ်းသည့်ခရီးလမ်းကို အရှိန်မြှင့်တင်နိုင်စေမည့် အသုံးပြုရလွယ်ကူသော မိုဘိုင်းအက်ပလီကေးရှင်းများကို လက်ခံအသုံးပြုနိုင်သည့် ပတ်ဝန်းကျင်တစ်ခုကိုလည်း ရရှိလာခဲ့ခြင်းဖြစ်သည်။

JustLogin အနေဖြင့် အထက်ပါ ရည်ရွယ်ချက်များဖြင့် Desktop ဆော့ဖ်ဝဲနှင့် ချိတ်ဆက်အသုံးပြုနိုင်စေမည့် Cloud အခြေခံ မိုဘိုင်းလ်အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးထားသည်။ အဆိုပါအက်ပလီကေးရှင်းကို အသုံးပြု၍ ဝန်ထမ်းများအနေဖြင့် အလုပ်တက်ချိန်မှတ်တမ်းတင်ခြင်း၊ လစာဖြတ်ပိုင်းကြည့်ရှုခြင်း၊ ခွင့်ရက်တောင်းခံခြင်းတို့ကဲ့သို့သော ကိစ္စများကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို မိမိတို့၏ မိုဘိုင်းလ်ဖုန်းပေါ်မှ တစ်ဆင့် အလွယ်တကူပြုလုပ်နိုင်မည်ဖြစ်ပြီး စီမံခန့်ခွဲသူများအနေဖြင့်လည်း ဝန်ထမ်းအင်အားကို ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်ရန်၊ ခွင့်တိုင်ကြားခြင်းများကို အတည်ပြုပေးနိုင်ရန်အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။

“ကျွန်မတို့က မြန်မာနိုင်ငံမှာ စမတ်ဖုန်းအသုံးပြုမှု မြင့်တက်လာတာကို ကြိုဆိုသလို အဲဒီအချက်ကြောင့် အွန်လိုင်းအသုံးပြုမှု မြင့်တက်လာတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံသားတွေဟာ Cloud ဝန်ဆောင်မှုတွေနဲ့ ပိုပြီး အကျွမ်းတဝင်ရှိလာပြီဖြစ်လို့ Cloud က လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအတွက် ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကို JustLogin အနေနဲ့ ပြသဖို့အချိန်ကောင်းပဲလို့ ထင်မိပါတယ်” ဟု JustLogin ၏ Marketing Manager ဖြစ်သူ Kwa Yi Ting က ပြောကြားသည်။

“အသေးစားနဲ့ အလတ်စားလုပ်ငန်းအများစုအနေနဲ့ JustLogin ရဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို လိုအပ်ကြောင်း ကျွန်မတို့ သိရပါတယ်။ အခြေခံ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်မယ့် စနစ်တစ်ခု၊ အဖွဲ့တစ်ခုကို တည်ထောင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးအထောက်အပံ့နဲ့ လူအင်အားတွေ သူတို့မှာ မရှိသေးပါဘူး။ ကျွန်မတို့မှာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေလည်ပတ်နိုင်စေမယ့် ဈေးနှုန်းသင့်တော်ပြီး ထိရောက်မှုရှိတဲ့
ဝန်ဆောင်မှုတစ်ခုကို ကျွန်မတို့အနေနဲ့ ပေးအပ်နိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုတာ စာရွက်စာတမ်းတွေထက် လူတွေကို စီမံခန့်ခွဲတာဖြစ်တယ်လို့ ယူဆတယ်ဆိုရင် JustLogin ကို သုံးကြည့်ဖို့အကြုံပြုပါရစေ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

JustLogin အကြောင်း
၁၉၉၉ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ဒေသတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင်ခဲ့သော JustLogin သည် ဆော့ဖ်ဝဲဝန်ဆောင်မှုလုပ်ငန်းပုံစံကို အသုံးပြု၍ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆော့ဖ်ဝဲမျိုးပေးအပ်နိုင်သော ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်သည်။ “အရာအားလုံး လုပ်ဆောင်နိုင်သည့် HR Cloud” ဖြစ်သည့်JustLogin ၏ ဆုများစွာ ဆွတ်ခူးထားသည့် ဝန်ဆောင်မှုများထဲတွင် လစာပေးချေမှု၊ ခွင့်ရက်စီမံခန့်ခွဲမှု၊ ရုံးတက်ရောက်မှုမှတ်တမ်း၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်စီမံခန့်ခွဲမှုနှင့် အခြားလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာမော်ဂျူးများ ပါဝင်သည်။ စင်ကာပူနိုင်ငံ၌ JustLogin ၏ ဝန်ဆောင်မှုအသုံးပြုသူများထဲတွင် AT&T ၊ IKEA ၊ Bata နှင့် Owndays တို့ပါဝင်သည်။

JustLogin သည် ၂၀၁၈ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏ အကောင်းဆုံး ဝန်ထမ်းရေးရာ စီမံခန့်ခွဲသော ဆော့ဖ်ဝဲအနေနှင့် Human Resource Magazine ၏ တစ်နှစ်တာအတွက် အကောင်းဆုံး ဝန်ထမ်းရေးရာစီမံမှုအကောင်းဆုံးဆုကို ရရှိခဲ့သည်။ ထို့အပြင် အကောင်းဆုံး HR စီမံခန့်ခွဲမှုစနစ်အတွက် HRM Asia Readers Choice Awards ဆု၊ အကောင်းဆုံး လစာပေးချေမှုဆော့ဖ်ဝဲဝန်ဆောင်မှုအတွက် HR Vendor of the Year Awards ဆုတို့ကိုလည်း ရရှိထားသည်။ JustLogin သည် စင်ကာပူနိုင်ငံ၏ ပုဂ္ဂလိကပိုင် ထိပ်တန်း စွန်ဦးတီထွင်လုပ်ငန်းပေါင်း ၅၀ ကို အသိအမှတ်ပြုပေးသည့်အရေးအပါဆုံးလုပ်ငန်းပေါင်း ၅၀ ဆုကိုလည်း ရရှိထားသည်။ JustLogin ကို ကမ္ဘာတစ်ဝန်းရှိ ထောင်ပေါင်းများစွာသော မန်နေဂျာများနှင့် ဝန်ထမ်းများမှ အသုံးပြုလျက်ရှိပါသည်။