Zawgyi

Xiaomi ရဲ႕ Brand အခြဲတစ္ခု ျဖစ္တဲ့ Redmi ကေန သူတို႔ Redmi Series ရဲ႕ ပထမဆံုး Flagship အဆင့္ ဖုန္းတစ္လံုး ျဖစ္တဲ့ Redmi K20 Pro ကို မိတ္ဆက္လိုက္ပါတယ္။ ဒါ့အျပင္ K20 Pro ထက္ စြမ္းေဆာင္ရည္နိမ့္တဲ့ K20 ကို ပါတြဲဖက္ မိတ္ဆက္ခဲ့ပါတယ္။ K20 Pro မွာ Qualcomm ရဲ႕ ေနာက္ဆံုးထြက္ Flagship SoC ျဖစ္တဲ့ Snapdragon 855 SoC ကို တပ္ဆင္ေပးထားျပီး K20 မွာေတာ့ Snapdragon 855 ထက္ စြမ္းေဆာင္ရည္ နိမ့္တဲ့ Snapdragon 730 SoC ကို တပ္ဆင္ေပးထားပါတယ္။ Redmi K20 Pro ဟာ Flagship အဆင့္မွီတဲ့ အျပင္ Flagship တစ္လံုးရဲ႕ ေစ်းေလာက္ေတာင္ မရွိတာေၾကာင့္ Redmi ကေတာ့ K20 Pro ကို Real Flagship Killer လို႔ နာမည္ေပးျပီး ေၾကြးေၾကာ္ေနပါျပီ။

ေနာက္ဆံုးရတဲ့ သတင္းေတြအရေတာ့ Redmi ဟာ Redmi K20 နဲ႔ K20 Pro ကို ရုရွားႏို္င္ငံမွာ ေရာင္းခ်မွာပါ။ ထူးျခားခ်က္ကေတာ့ Redmi K20 နဲ႔ K20 Pro ကို ရုရွားမွာ စတင္ေရာင္းခ်တဲ့ အခါ ထူးဆန္းတဲ့ နာမည္တစ္မ်ိဳးနဲ႔ ေျပာင္းလဲ ေခၚဆိုသြားမွာပါ။ K20 ကို Mi9T လို႔နာမည္ေပးကာ ေရာင္းခ်သြားမွာျဖစ္ျပီး K20 Pro ကိုေတာ့ Mi9T Pro လို႔နာမည္ေပးသြားမွာပါတဲ့။ အခုလို Redmi Series တစ္မ်ိဳးကို Mi ရဲ႕ Flasgship Series အသြင္အျဖစ္ နာမည္ေျပာင္းလဲ ေရာင္းခ်တာက အနည္းငယ္ေတာ့ ထူးဆန္းေနပါတယ္။ Mi 9T ဆိုတဲ့ နည္မွာ T ဆိုတဲ့ အဓိပၸါယ္ဟာ ဘာကို ရည္ညႊန္းလဲ ဆိုတာကလည္း စဥ္းစားစရာပါပဲ။

တစ္ျခား သတင္းရင္းျမစ္တစ္ခု အရလည္း Redmi K20 နဲ႔ K20 Pro ကို ရုရွားမွာ ေရာင္းခ်အျပီး Global မွာေရာင္းခ်တဲ့အခါ POCO F2 နဲ႔ POCO F2 Pro လို႔နာမည္ေျပာင္းျပီးေရာင္းခ်ဦးမွာပါတဲ့။ ဘယ္လို နာမည္နဲ႔ပဲ ျဖစ္ေနပါေစ၊ MIUI Global ပဲျဖစ္ျဖစ္၊ MIUI China နဲ႔ပဲ ျဖစ္ျဖစ္ K20 Series ကေတာ့ K20 Series ပါပဲ။ ျပည္တြင္းကို ဝင္လာတဲ့အခါမွာလည္း K20 Series နဲ႔ POCO F2 Series ဆိုျပီး ႏွစ္မ်ိဳးဝင္လာႏိုင္ပါတယ္။ ေစ်းႏွုန္းကေတာ့ K20 Pro ဟာ ခန္႔မွန္းေျခ ေျခာက္သိန္းဝန္းက်င္ရွိႏိုင္ျပီး K20 ကေတာ့ ေလးသိန္းနဲ႔ ငါးသိန္းၾကားရွိႏိုင္ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ Redmi K20 Series သာ ဝင္လာခဲ့ရင္ Mi 9 Series (China/PI) ေတြ ေစ်းထိုးက်သြားႏိုင္တာပါပဲ။

Ref: GSM Arena

Unicode

K20 နဲ့ K20 Pro ကို Mi9T နဲ့ Mi9T Pro အဖြစ် ရုရှားမှာ ရောင်းချမည်

Xiaomi ရဲ့ Brand အခွဲတစ်ခု ဖြစ်တဲ့ Redmi ကနေ သူတို့ Redmi Series ရဲ့ ပထမဆုံး Flagship အဆင့် ဖုန်းတစ်လုံး ဖြစ်တဲ့ Redmi K20 Pro ကို မိတ်ဆက်လိုက်ပါတယ်။ ဒါ့အပြင် K20 Pro ထက် စွမ်းဆောင်ရည်နိမ့်တဲ့ K20 ကို ပါတွဲဖက် မိတ်ဆက်ခဲ့ပါတယ်။ K20 Pro မှာ Qualcomm ရဲ့ နောက်ဆုံးထွက် Flagship SoC ဖြစ်တဲ့ Snapdragon 855 SoC ကို တပ်ဆင်ပေးထားပြီး K20 မှာတော့ Snapdragon 855 ထက် စွမ်းဆောင်ရည် နိမ့်တဲ့ Snapdragon 730 SoC ကို တပ်ဆင်ပေးထားပါတယ်။ Redmi K20 Pro ဟာ Flagship အဆင့်မှီတဲ့ အပြင် Flagship တစ်လုံးရဲ့ ဈေးလောက်တောင် မရှိတာကြောင့် Redmi ကတော့ K20 Pro ကို Real Flagship Killer လို့ နာမည်ပေးပြီး ကြွေးကြော်နေပါပြီ။

နောက်ဆုံးရတဲ့ သတင်းတွေအရတော့ Redmi ဟာ Redmi K20 နဲ့ K20 Pro ကို ရုရှားနို်င်ငံမှာ ရောင်းချမှာပါ။ ထူးခြားချက်ကတော့ Redmi K20 နဲ့ K20 Pro ကို ရုရှားမှာ စတင်ရောင်းချတဲ့ အခါ ထူးဆန်းတဲ့ နာမည်တစ်မျိုးနဲ့ ပြောင်းလဲ ခေါ်ဆိုသွားမှာပါ။ K20 ကို Mi9T လို့နာမည်ပေးကာ ရောင်းချသွားမှာဖြစ်ပြီး K20 Pro ကိုတော့ Mi9T Pro လို့နာမည်ပေးသွားမှာပါတဲ့။ အခုလို Redmi Series တစ်မျိုးကို Mi ရဲ့ Flasgship Series အသွင်အဖြစ် နာမည်ပြောင်းလဲ ရောင်းချတာက အနည်းငယ်တော့ ထူးဆန်းနေပါတယ်။ Mi 9T ဆိုတဲ့ နည်မှာ T ဆိုတဲ့ အဓိပ္ပါယ်ဟာ ဘာကို ရည်ညွှန်းလဲ ဆိုတာကလည်း စဉ်းစားစရာပါပဲ။

တစ်ခြား သတင်းရင်းမြစ်တစ်ခု အရလည်း Redmi K20 နဲ့ K20 Pro ကို ရုရှားမှာ ရောင်းချအပြီး Global မှာရောင်းချတဲ့အခါ POCO F2 နဲ့ POCO F2 Pro လို့နာမည်ပြောင်းပြီးရောင်းချဦးမှာပါတဲ့။ ဘယ်လို နာမည်နဲ့ပဲ ဖြစ်နေပါစေ၊ MIUI Global ပဲဖြစ်ဖြစ်၊ MIUI China နဲ့ပဲ ဖြစ်ဖြစ် K20 Series ကတော့ K20 Series ပါပဲ။ ပြည်တွင်းကို ဝင်လာတဲ့အခါမှာလည်း K20 Series နဲ့ POCO F2 Series ဆိုပြီး နှစ်မျိုးဝင်လာနိုင်ပါတယ်။ ဈေးနှုန်းကတော့ K20 Pro ဟာ ခန့်မှန်းခြေ ခြောက်သိန်းဝန်းကျင်ရှိနိုင်ပြီး K20 ကတော့ လေးသိန်းနဲ့ ငါးသိန်းကြားရှိနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ Redmi K20 Series သာ ဝင်လာခဲ့ရင် Mi 9 Series (China/PI) တွေ ဈေးထိုးကျသွားနိုင်တာပါပဲ။

Ref: GSM Arena