Zawgyi

ယမန္ေန႔က Xiaomi ဟာ အလုံးေရသုံးသန္းေရာင္းခ်ခဲ့ရတဲ့ Redmi K20 စီးရီးရဲ႕ Pro ဗားရွင္းအတြက္ အထူး Exclusive Edition ဆုိတဲ့ ဟန္းဆက္အသစ္ကို ေရာင္းခ်လာဦးမယ္လို႔ သတင္းထြက္လာခဲ့ပါတယ္။ အဆုိပါ ဟန္းဆက္ဟာ အျမင့္စား Specs ေတြ ပါဝင္မယ္ဆုိတာေတာ့ သိထားရၿပီး Snapdragon 855+ ခ်စ္ပ္နဲ႔အတူ မူရင္းဗားရွင္းထက္ ပိုမ်ားတဲ့ မန္မုိရီပမာဏနဲ႔ လာမယ္လို႔လည္း သတင္းထြက္ထားခဲ့တာပါ။

ဒီေန႔မွာ Redmi ရဲ႕တရားဝင္ Weibo အေကာင့္ကေန အဆုိပါဟန္းဆက္အသစ္မွာ 12GB RAM နဲ႔ 512GB Storage တုိ႔ပါဝင္မယ္ဆုိတာကို အတည္ျပဳလုိက္ပါတယ္။ တၿပိဳင္တည္းမွာပဲ အသစ္ထြက္မယ့္ Exclusive Edition ရဲ႕ ပထမဆုံးပုံရိပ္ေတြကိုလည္း ျမင္ေတြ႕ခဲ့ရကာ ပုံမွန္ K20 Pro နဲ႔ ေရွ႕ေရာေနာက္ပါ ကြာျခားမႈ သိပ္မရွိတာကို ျမင္ရမွာပါ။

က်န္တဲ့ Specs ေတြကေတာ့ K20 Pro နဲ႔အတူတူပဲျဖစ္ၿပီး အေရွ႕ဘက္မွာ 6.39” Super AMOLED Display နဲ႔ 20MP Pop-up Selfie ကင္မရာတုိ႔ကို ဆက္ျမင္ရမွာပါ။ ေနာက္ဘက္မွာလည္း တူညီတဲ့ Triple-camera အတြဲကိုပဲျမင္ရမွာျဖစ္ၿပီး 48MP အဓိက Sensor ကို 13MP Ultrawide နဲ႔ 8MP Telephoto Lens မ်ားနဲ႔ တြဲဖက္ထားပါတယ္။

ဘကၳရီပိုင္းမွာေတာ့ 4,000 mAh ဘကၳရီႀကီးကိုပဲ 27W အားအျမန္သြင္းစနစ္နဲ႔ တြဲဖက္လာဦးမွာပါ။ Xiaomi ဟာ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ K20 Pro Exclusive Edition ကုိ မိတ္ဆက္သြားမွာျဖစ္တဲ့အတြက္ ဘာ Feature ေတြ ထပ္ပါဦးမလဲဆုိတာ မၾကာခင္သိရေတာ့မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

ယမန်နေ့က Xiaomi ဟာ အလုံးရေသုံးသန်းရောင်းချခဲ့ရတဲ့ Redmi K20 စီးရီးရဲ့ Pro ဗားရှင်းအတွက် အထူး Exclusive Edition ဆိုတဲ့ ဟန်းဆက်အသစ်ကို ရောင်းချလာဦးမယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ အဆိုပါ ဟန်းဆက်ဟာ အမြင့်စား Specs တွေ ပါဝင်မယ်ဆိုတာတော့ သိထားရပြီး Snapdragon 855+ ချစ်ပ်နဲ့အတူ မူရင်းဗားရှင်းထက် ပိုများတဲ့ မန်မိုရီပမာဏနဲ့ လာမယ်လို့လည်း သတင်းထွက်ထားခဲ့တာပါ။

ဒီနေ့မှာ Redmi ရဲ့တရားဝင် Weibo အကောင့်ကနေ အဆိုပါဟန်းဆက်အသစ်မှာ 12GB RAM နဲ့ 512GB Storage တို့ပါဝင်မယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။ တပြိုင်တည်းမှာပဲ အသစ်ထွက်မယ့် Exclusive Edition ရဲ့ ပထမဆုံးပုံရိပ်တွေကိုလည်း မြင်တွေ့ခဲ့ရကာ ပုံမှန် K20 Pro နဲ့ ရှေ့ရောနောက်ပါ ကွာခြားမှု သိပ်မရှိတာကို မြင်ရမှာပါ။

ကျန်တဲ့ Specs တွေကတော့ K20 Pro နဲ့အတူတူပဲဖြစ်ပြီး အရှေ့ဘက်မှာ 6.39” Super AMOLED Display နဲ့ 20MP Pop-up Selfie ကင်မရာတို့ကို ဆက်မြင်ရမှာပါ။ နောက်ဘက်မှာလည်း တူညီတဲ့ Triple-camera အတွဲကိုပဲမြင်ရမှာဖြစ်ပြီး 48MP အဓိက Sensor ကို 13MP Ultrawide နဲ့ 8MP Telephoto Lens များနဲ့ တွဲဖက်ထားပါတယ်။

ဘက္ထရီပိုင်းမှာတော့ 4,000 mAh ဘက္ထရီကြီးကိုပဲ 27W အားအမြန်သွင်းစနစ်နဲ့ တွဲဖက်လာဦးမှာပါ။ Xiaomi ဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ K20 Pro Exclusive Edition ကို မိတ်ဆက်သွားမှာဖြစ်တဲ့အတွက် ဘာ Feature တွေ ထပ်ပါဦးမလဲဆိုတာ မကြာခင်သိရတော့မှာဖြစ်ပါတယ်။

Ref – GSM Arena