[Unicode]

Kantar Group က ၂၀၁၉ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း စမတ်ဖုန်း ရောင်းအား စစ်တမ်းကို ဖော်ပြလိုက်ပါတယ်။ ကွာတား ၄ မှာ iPhone 11 Series တွေဟာ ဥရောပ၊ အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံတွေမှာ ရောင်းအား အရမ်းလန်းနေပါတယ်။ ဥရောပ နိုင်ငံကြီး ၅ ခုဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်နဲ့ ဗြိတိန်မှာ ကွာတား ၄ အတွင်း စုစုပေါင်း စမတ်ဖုန်း ရောင်းအားရဲ့ ၂၄.၃ ရာခိုင်နှုန်းဟာ iPhone တွေ ဖြစ်ပါတယ်။

ဥရောပနဲ့ အမေရိကန်မှာတော့ အဲဒီကာလအတွင်း စုစုပေါင်း စမတ်ဖုန်း ရောင်းအားရဲ့ ၁၀ ရာခိုင်နှုန်းကို iPhone 11 က ပိုင်ဆိုင်ထားပြီး အရင်နှစ် အဲဒီကာလအတွင်း iPhone XR ရောင်းအားထက် ၂ ဆ ပိုများနေပါတယ်။ Kantar ရဲ့ လေ့လာဆန်းစစ်သူတွေက Samsung အဆင့်မြှင့်ထားတဲ့ Galaxy A Series တွေဟာ အမေရိကန်မှာ ရောင်းအား တက်ခဲ့ပြီး စွမ်းရည်မြင့် Galaxy S နဲ့ Note Series တွေရဲ့ ရောင်းအားကို အားဖြည့်ပေးနိုင်ခဲ့ပါတယ်။ Samsung ရဲ့ အမေရိကန် စမတ်ဖုန်း ဈေးကွက်ဝေစုဟာ တောက်လျှောက် တက်လာနေပါတယ်။

ဥရောပမှာ Xiaomi ရဲ့ ဈေးကွက်ဝေစုဟာ အရင်နှစ်ကထက် ၇.၂ ရာခိုင်နှုန်းတိုးတက်လာပြီး ၁၄.၂ ရာခိုင်နှုန်းရထားပါတယ်။ Xiaomi ဟာ Huawei ထက်တော့ ရောင်းအား ၄.၄ ရာခိုင်နှုန်း နည်းနေပါသေးတယ်။ Samsung နဲ့ Apple တို့ကတော့ ရောင်းအား အကောင်းဆုံး နေရာကို သိမ်းပိုက်ထားဆဲဖြစ်ပြီး Xiaomi ဟာ Huawei ရဲ့ တတိယ နေရာကို မကြာခင် ခြိမ်းခြောက်လာမယ့် အနေအထားတွေ ရှိနေပါတယ်။

တရုတ်မှာတော့ Huawei နဲ့ Honor တို့ဟာ ရောင်းအား လန်းနေပြီး ဈေးကွက်ဝေစု ၄၄.၂ ရာခိုင်နှုန်း ရထားပါတယ်။ Apple ဟာလည်း iPhone 11 ကြောင့် ရောင်းအား တိုးတက်လာပါတယ်။

Ref : gsmarena

[Zawgyi]

တစ္ကမာၻလုံး iPhone 11 ေရာင္းအားဟာ ၂၀၁၉ ကြာတား ၄ မွာ အေကာင္းဆုံး ျဖစ္

Kantar Group က ၂၀၁၉ ခုႏွစ္ ကြာတား ၄ ျဖစ္တဲ့ ေအာက္တိုဘာလကေန ဒီဇင္ဘာလအတြင္း စမတ္ဖုန္း ေရာင္းအား စစ္တမ္းကို ေဖာ္ျပလိုက္ပါတယ္။ ကြာတား ၄ မွာ iPhone 11 Series ေတြဟာ ဥေရာပ၊ အေမရိကန္၊ ဂ်ပန္နဲ႔ ဩစေၾတးလ် ႏိုင္ငံေတြမွာ ေရာင္းအား အရမ္းလန္းေနပါတယ္။ ဥေရာပ ႏိုင္ငံႀကီး ၅ ခုျဖစ္တဲ့ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ စပိန္နဲ႔ ၿဗိတိန္မွာ ကြာတား ၄ အတြင္း စုစုေပါင္း စမတ္ဖုန္း ေရာင္းအားရဲ႕ ၂၄.၃ ရာခိုင္ႏႈန္းဟာ iPhone ေတြ ျဖစ္ပါတယ္။

ဥေရာပနဲ႔ အေမရိကန္မွာေတာ့ အဲဒီကာလအတြင္း စုစုေပါင္း စမတ္ဖုန္း ေရာင္းအားရဲ႕ ၁၀ ရာခိုင္ႏႈန္းကို iPhone 11 က ပိုင္ဆိုင္ထားၿပီး အရင္ႏွစ္ အဲဒီကာလအတြင္း iPhone XR ေရာင္းအားထက္ ၂ ဆ ပိုမ်ားေနပါတယ္။ Kantar ရဲ႕ ေလ့လာဆန္းစစ္သူေတြက Samsung အဆင့္ျမႇင့္ထားတဲ့ Galaxy A Series ေတြဟာ အေမရိကန္မွာ ေရာင္းအား တက္ခဲ့ၿပီး စြမ္းရည္ျမင့္ Galaxy S နဲ႔ Note Series ေတြရဲ႕ ေရာင္းအားကို အားျဖည့္ေပးႏိုင္ခဲ့ပါတယ္။ Samsung ရဲ႕ အေမရိကန္ စမတ္ဖုန္း ေဈးကြက္ေဝစုဟာ ေတာက္ေလွ်ာက္ တက္လာေနပါတယ္။

ဥေရာပမွာ Xiaomi ရဲ႕ ေဈးကြက္ေဝစုဟာ အရင္ႏွစ္ကထက္ ၇.၂ ရာခိုင္ႏႈန္းတိုးတက္လာၿပီး ၁၄.၂ ရာခိုင္ႏႈန္းရထားပါတယ္။ Xiaomi ဟာ Huawei ထက္ေတာ့ ေရာင္းအား ၄.၄ ရာခိုင္ႏႈန္း နည္းေနပါေသးတယ္။ Samsung နဲ႔ Apple တို႔ကေတာ့ ေရာင္းအား အေကာင္းဆုံး ေနရာကို သိမ္းပိုက္ထားဆဲျဖစ္ၿပီး Xiaomi ဟာ Huawei ရဲ႕ တတိယ ေနရာကို မၾကာခင္ ၿခိမ္းေျခာက္လာမယ့္ အေနအထားေတြ ရွိေနပါတယ္။

တ႐ုတ္မွာေတာ့ Huawei နဲ႔ Honor တို႔ဟာ ေရာင္းအား လန္းေနၿပီး ေဈးကြက္ေဝစု ၄၄.၂ ရာခိုင္ႏႈန္း ရထားပါတယ္။ Apple ဟာလည္း iPhone 11 ေၾကာင့္ ေရာင္းအား တိုးတက္လာပါတယ္။

Ref : gsmarena