[Unicode]

မြန်မာနိုင်ငံ၏ ဦးဆောင်မိုဘိုင်းပိုက်ဆံအိတ် KBZPay သည် Moonton ဂိမ်းကုမ္ပဏီမှ ကြီးမှူးကျင်းပသည့် နိုင်ငံအတွင်း အကြီးဆုံး Mobile Legends ဂိမ်းပြိုင်ပွဲကြီး Mobile Legends Professional League (MPL) Season 3 တွင် အနိုင်ရရှိသူများအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ပြိုင်ပွဲဝင်အသင်းရာကျော်တို့၏ ပွဲစဉ်များစွာဖြင့် သုံးလကြာ ကျင်းပလာခဲ့သည့် ဂိမ်းပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့် ဗိုလ်လုပွဲကြီးအား Yangon Convention Centre တွင် ၂၀၁၉ အောက်တိုဘာလ ၂၇ရက် တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အဖွဲ့ (၆) ဖွဲ့သည် ပရိတ်သတ်ပေါင်း ထောင်သောင်းများစွာတို့၏ ရှေ့မှောက်တွင် ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၀,၀၀၀) တန်ဖိုးရှိ ဆုငွေများ ပိုင်ဆိုင်နိုင်ရန်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

KBZPayသည် မြန်မာနိုင်ငံ၏ ဂိမ်းအားကစားကဏ္ဍ ပိုမိုထွန်းကားလာရေး ပံ့ပိုးကူညီပေးနိုင်ရန် MPL Season 3 ပြိုင်ပွဲတွင် Epic Sponsorစပွန်ဆာအဖြစ် Moonton နှင့်အတူဆက်လက် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ KBZPay အနေဖြင့် Mobile Legends အက်ပလီကေးရှင်းအတွင်း စိန်များဝယ်ယူရာတွင် လွယ်ကူရိုးရှင်းသော အဆင့်များဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးထားသောကြောင့် ဂိမ်းကစားသူများ အနှောင့်အယှက် အနည်းဆုံးဖြင့် အဆင်ပြေလွယ်ကူစွာ ဂိမ်းဆက်လက် ကစားနိုင်မည် ဖြစ်ပါသည်။ MPL Season 3 နောက်ဆုံးအဆင့် ဗိုလ်လုပွဲကြီးတွင် KBZPay အဖွဲ့သား များက ပွဲလာပရိသတ်များနှင့် တွေ့ဆုံပြီး KBZPay အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်းပြသ ပေးခဲ့ကြသည်။

ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည့် Mobile Legends ပွဲစဉ်ပေါင်းများစွာ ယှဉ်ပြိုင်ကစားပြီးနောက် MPL Season 3 ချန်ပီယံဆုကြီးကို သိမ်းပိုက်နိုင်ရန် Burmese Ghouls နှင့် Team Cyanide တို့က နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ နောက်ဆုံးပွဲစဉ်အပြီးတွင် Burmese Ghouls က အနိုင်ရဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲ၏ အမြင့်ဆုံးဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၃,၀၀၀ ကို ဆွတ်ခူးရရှိ ခဲ့ပါသည်။ ကမ္ဘောဇဘဏ်၊ Transaction Banking ဌာန၏ Deputy Head ဖြစ်သူ ဦးဇေယျာဝေဖြိုးက ဗိုလ်လုပွဲတက်ရောက်သည့် အသင်းများအား ဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

MPL Season 3 နောက်ဆုံးအဆင့် ဗိုလ်လုပွဲစဉ်များမှ ဆုရရှိသူများစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည် –

[Zawgyi]

KBZPay မှ Mobile Legends ပရော်ဖက်ရှင်နယ်လိဂ် Season 3 ဂိမ်းပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်သည့် အသင်းများအား ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့



