Zawgyi Font Version
Ref: Tech Crunch
Unicode Version
ကားကုမ္ပဏီကြီး KIA ကနေ ကိုရီးယားမှာ စတင်မိတ်ဆက်ခဲ့တဲ့ 2019 Kia e-Nitro လို့နာမည်ပေးထားတဲ့ လျှပ်စစ်သီးသန့် အသုံးပြု ကားတစ်စီးရဲ့ အကြောင်း အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြလိုက်ပါတယ်။ Paris Motor Show မှာ ကနဦးဒီဇိုင်းပြသခဲ့တဲ့ အဆိုပါ လျှပ်စစ်ကားရဲ့ အပြီးသပ် ဗားရှင်းဟာ အားအပြည့်သွင်းထားရင် မိုုင် သုံးရာကျော်ထိ မောင်းနှင်နိုင်ပါတယ်။ အဆိုပါ မိုင်သုံးရာကျော်ဆိုတဲ့ စံနှုန်းဟာ ဥရောပ WLTP စမ်းသပ်ချက်နဲ့ စမ်းထားတာပါ။ EPA စံနှုန်းအသိအကျတော့ မသိရသေးပဲ အမေရိက စံနှုန်းစမ်းသပ်ချက်အရဆိုရင်တော့ မိုင်နှစ်ရာ့ငါးဆယ် ဝန်းကျင်ပဲ ရှိနိုင်တယ်လို့ သိရပါတယ်။
မိုုင်သုံးရာ ဆိုတဲ့ နှုန်းထားဟာ EV အမျိုးအစား ကားတွေထဲမှာ အများဆုံး နှုန်းထားဖြစ်ပြီး 64 Kilowatt-hour ရှိတဲ့ ဘက်ထရီတုံးတွေအသုံးပြုထားတာကြောင့်ပါ။ “Regenerative Braking” ဆိုတဲ့ ဘရိတ်စနစ်နဲ့အတူ ဘက်ထရီချွေတာပေးတဲ့စနစ်ကြောင့် မိုင်သုံးရာ အထိရရှိလာတာပါ။ 64 KWh ဘက်ထရီနပအတူ မြင်းကောင်ရေ နှစ်ရာ့တစ်ကောင်အားထုတ်ပေးနိုင်တဲ့ 150kW ရှိ လျှပ်စစ် မော်တာပါဝင်ပါတယ်။ e-Niro ကို ဥရောပ ဈေးကွက်ကို စတင်ရောင်းချမှာပါ။ ဒီနှစ်ကုန်မှာပဲ e-Nitro ကို ဥရောပဈေးကွက်တစ်ချို့မှာ ဒီနှစ်ကုန်ကစပြီး ရောင်းချမှာပါ။ KIA အမေရိက ဝက်ဘ်ဆိုဒ်အရ အမေရိကားမှာလည်း နှစ်ကုန်ပိုင်းလောက်မှာ ရောင်းချမယ်လို့သိရပါတယ်။
e-Nitro ကားတွေဟာ KIA ရဲ့ဓာတ်ဆီကားတွေမှာ ပါဝင်တဲ့ Feature တွေအကုန်ပါဝင်ပါတယ်။ ကားမောင်းနှင်တဲ့သူကို အထောက်အပံ့ပြုပေးမယ့် Driver Assistance System လည်းပါဝင်ပြီး အရေးပေါ် ဘရိတ်အုပ်တဲ့စနစ်တွေလည်း ပါဝင်ပါတယ်။ လမ်းပေါ်ကနေတိမ်းစောင်းမသွားအောင်ကူညီပေးမယ့် “Lane-Keep Assist” နဲ့အတူ အတားအဆီးတွေကို မထိခိုက်အောင် သတိပေးမယ့် စနစ်လည်းပါဝင်ပါတယ်။ ကားအတွင်းပိုင်းလည်းလှပပြီး 7-inch ရှိတဲ့ Touchscreen မျက်နှာပြင်ပါဝင်ပြီး အနီးအနားမှာရှိတဲ့ ဆီဆိုင်တွေကို ရှာဖွေနိုင်မယ့်စနစ်လည်းပါဝင်ပါတယ်။ ခရီးမထွက်ခင် ကြိုတင်စာရင်းသွင်းထားပြီး ကားတွင်းအပူချိန်ကို ကြိုတင်ပြီး အလိုအလျောက် ချိန်ညှိပေးထားမယ့် စနစ်လေးတစ်ခုလည်းပါဝင်ပါသေးတယ်။
Ref: Tech Crunch