ဥပဒေနဲ့ မညီဘဲ အင်စတာဂရမ်မှာ Crypto ကို ကြော်ငြာပေးခဲ့တဲ့အတွက် Securities and Exchange Commission (SEC) က တရားစွဲပြီးနောက်မှာ Kim Kardashian ဟာ ဒဏ်ငွေ ဒေါ်လာ ၁.၂၆ သန်း ပေးလိုက်ရပါတယ်။

A picture of Kim Kardashian on the street in New York City.

SEC က Kardashian ဟာ ကြော်ငြာခအတွက် ဒေါ်လာ ၂၅၀,၀၀၀ ရတာကို မဖော်ပြဘဲ ပြီးခဲ့တဲ့ ဇွန်လတုန်းက EthereumMax Token ကို ကြော်ငြာပေးခဲ့တယ်လို့ ပြောပါတယ်။ သူမရဲ့ အင်စတာဂရမ် စတိုရီမှာ သူမဟာ ပို့စ်များစွာကို တင်ခဲ့ပြီး သူမရဲ့ Follower တွေကို “ Crypto မှာ ရင်းနှီးမြှပ်နှံကြမလား? ရင်းနှီးမြှပ်နှံပါလို့ အကြံပေးတာ မဟုတ်ပေမယ့် ကျွန်မ သူငယ်ချင်းတွေကို EthereumMax Token အကြောင်း ပြောပြတာပါ။ “ လို့ သတင်းစကားပါးထားပါတယ်။ အဲဒီနောက်မှာ သူမရဲ့ Follower တွေဟာ EthereumMax Website ကို သွားပြီး E-Max Community ကို Join ခဲ့ကြပါတယ်။

Kardashian ဟာ ပို့စ်တွေမှာ #ad Hashtag ကို ထည့်သွင်းထားပြီး ဒါဟာ အခကြေးငွေရယူထားတဲ့ ကြော်ငြာလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် SEC က ဒီလောက် အသိပေးတာဟာ မလုံလောက်တဲ့အတွက် ဒေါ်လာ ၁.၂၆ သန်း ဒဏ်ငွေရိုက်လိုက်တာလို့ ပြောပါတယ်။ နာမည်ကျော်ကြား လူသိများသူတွေရဲ့ ကြော်ငြာတွေနဲ့ ပတ်သက်တဲ့ ဥပဒေမှာ ကြော်ငြာတွေမှာ ရှင်းရှင်းလင်းလင်း အသေးစိတ်ဖော်ပြရမှာ ဖြစ်ပြီး ကြည့်ရှုသူတွေ သတိထားမိဖို့နဲ့ ဖတ်ရှုဖို့ လုံလောက်တဲ့ အချိန် လိုအပ်တယ်လို့ ပြဌာန်းထားပါတယ်။

SEC ရဲ့ ဒါရိုက်တာ Gurbir S. Grewal က “ လိုအပ်တဲ့ ဖော်ပြချက်တွေကို ရှင်းရှင်းလင်းလင်း ရေးသားထားရမှာပါလို့ ပြောပါတယ်။ သူက “ Crypto ကို ကြော်ငြာတဲ့ နာမည်ကျော်ကြား လူသိများသူတွေဟာ အခကြေးငွေနဲ့ ကြော်ငြာပေးတာကို ဖော်ပြရမှာ ဖြစ်ပြီး ရရှိတဲ့ ငွေကြေးကို အသိပေးထားရမှာပါ။ ကြော်ငြာကြောင့် Crypto မှာ ရင်းနှီးမြှပ်နှံမယ့် သူတွေအတွက် အန္တရာယ် မဖြစ်ဖို့ လိုအပ်ပါတယ်။ Kardashian ဟာ အဲဒီ သတင်းအချက်အလက်ကို မဖော်ပြခဲ့ပါဘူး။ “ လို့ ပြောပါတယ်။

Ref : theverge