[Zawgyi]

Huawei ဟာ 1.4 Gbps download speeds, AI feature နဲ႔ Kirin 980 ကို ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက မိတ္ဆက္ခဲ့ပါၿပီ။ ဒီ Platform ဟာ Mate 20 Mate 20 series အတြက္ လို႔ဆိုေပမယ့္ Huawei ရဲ႕ ေနာက္ထပ္မ်ိဳးဆက္သစ္ Flagship ျဖစ္လာမယ့္ Huawei P အတြက္လည္း ျဖစ္လာႏိုင္ပါတယ္။

လက္ရွိအသုံးျပဳထားတဲ့ SoC က အသစ္ျဖစ္ေနေသးေပမယ့္ တ႐ုတ္ကုမၸဏီႀကီးကေတာ့ ေနာက္ထပ္ အသစ္၊ အသစ္ေတြေနာက္ကို အၿမဲတမ္းပဲ လိုက္ေနတာပါ။ သူတို႔ဟာ Kirin 990 ကို အေစာပိုင္းအခ်ိန္ကာလကတည္းက အစျပဳႏွင့္ၿပီးသားလို႔ စမတ္ဖုန္းထုတ္လုပ္မႈနယ္ပယ္တြင္းက အတြင္းသတင္းေတြအရ သိရပါတယ္။

ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ TSMC ကို 7 nm processor chipset မွာ တည္ေဆာက္မယ္လို႔ အခိုင္အမာ ေျပာထားတာပါပဲ။ လက္ေအာက္ခံထုတ္လုပ္သူျဖစ္တဲ့ HiSilicon ဟာ သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရးအတြက္ တ႐ုတ္ယြမ္ မီလီယံ ၂၀၀ ဝန္းက်င္ေလာက္ (ေဒၚလာ ၂၈သန္း) ရင္းႏွီးျမႇဳပ္ႏွံထားတယ္လို႔ သိရပါတယ္။

Kirin 980 ဟာ 7nm process နဲ႔ ပထမဆုံး Cortex-A76 cores ျဖစ္ခဲ့ပါတယ္။ ဒီေတာ့ Kirin 990 လည္း ပုံစံတူ တည္ေဆာက္မႈပဲ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ သူ႔မွာက ထရစၥတာနဲ႔ ပါဝါသုံးစြဲမႈႏႈန္း အေတာ္ေလး ျမင့္မယ္လို႔ ယူဆရပါတယ္။ ေကာလာဟလ သတင္းေတြအရေတာ့ Huawei ဟာ လာမယ့္ ၂၀၁၉ ထုတ္ဖုန္းျဖစ္တဲ့ Q1 မွာ Kirin 990 SoC ကို ပြဲဦးထြက္ သုံးစြဲမယ္လို႔ ဆိုပါတယ္။ ဒီေနာက္မွာေတာ့ Huawei နဲ႔ Honor အမွတ္တံဆိပ္ဖုန္းေတြရဲ႕ Flagship Series အေတာ္မ်ားမ်ားမွာ သုံးစြဲမယ္လို႔ ဆိုပါတယ္။

Ref: GSMarena

 

[Unicode]

Huawei ဟာ 1.4 Gbps download speeds, AI feature နဲ့ Kirin 980 ကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့ပါပြီ။ ဒီ Platform ဟာ Mate 20 Mate 20 series အတွက် လို့ဆိုပေမယ့် Huawei ရဲ့ နောက်ထပ်မျိုးဆက်သစ် Flagship ဖြစ်လာမယ့် Huawei P အတွက်လည်း ဖြစ်လာနိုင်ပါတယ်။

လက်ရှိအသုံးပြုထားတဲ့ SoC က အသစ်ဖြစ်နေသေးပေမယ့် တရုတ်ကုမ္ပဏီကြီးကတော့ နောက်ထပ် အသစ်၊ အသစ်တွေနောက်ကို အမြဲတမ်းပဲ လိုက်နေတာပါ။ သူတို့ဟာ Kirin 990 ကို အစောပိုင်းအချိန်ကာလကတည်းက အစပြုနှင့်ပြီးသားလို့ စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်တွင်းက အတွင်းသတင်းတွေအရ သိရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ TSMC ကို 7 nm processor chipset မှာ တည်ဆောက်မယ်လို့ အခိုင်အမာ ပြောထားတာပါပဲ။ လက်အောက်ခံထုတ်လုပ်သူဖြစ်တဲ့ HiSilicon ဟာ သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက် တရုတ်ယွမ် မီလီယံ ၂၀၀ ဝန်းကျင်လောက် (ဒေါ်လာ ၂၈သန်း) ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

Kirin 980 ဟာ 7nm process နဲ့ ပထမဆုံး Cortex-A76 cores ဖြစ်ခဲ့ပါတယ်။ ဒီတော့ Kirin 990 လည်း ပုံစံတူ တည်ဆောက်မှုပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့မှာက ထရစ္စတာနဲ့ ပါဝါသုံးစွဲမှုနှုန်း အတော်လေး မြင့်မယ်လို့ ယူဆရပါတယ်။ ကောလာဟလ သတင်းတွေအရတော့ Huawei ဟာ လာမယ့် ၂၀၁၉ ထုတ်ဖုန်းဖြစ်တဲ့ Q1 မှာ Kirin 990 SoC ကို ပွဲဦးထွက် သုံးစွဲမယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ Huawei နဲ့ Honor အမှတ်တံဆိပ်ဖုန်းတွေရဲ့ Flagship Series အတော်များများမှာ သုံးစွဲမယ်လို့ ဆိုပါတယ်။

Ref: GSMarena