[Zawgyi]
၎. Promotion ကို ရွေးပါ။
၇. ရရှိလာသော Grab Promo Code ကို Grab Application ထဲတွင် ရိုက်ထည့်၍ ၅၀၀ကျပ် လျော့ဈေးဖြင့် ခရီးစဉ် တစ်ကြောင်း ရယူစီးနင်းလိုက်ပါ။
[Unicode]
Kirin Ichiban မှ Kirin သောက်သုံးသူများအတွက် “Explore. Drink Responsibly” အစီအစဥ်ကို မိတ်ဆက်ပေးခြင်း
Kirin Ichiban ကို ၂၀၁၆ တွင် မြန်မာပြည်စျေးကွက်သို့ စတင်ဖြန့်ဖြူးခဲ့ပါသည်။ Kirin Ichiban သည် သန့်စင်သော ပထမဦးရေ သီးသန့်ကိုသာ အသုံးပြု၍ ချက်လုပ်ထားသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသောဘီယာ ဖြစ်သည်။ ထို့ပြင် သောက်သုံးသူတို့၏ ဆန္ဒကို အစဥ်လေ့လာစောင့်ကြည့်လျှက် ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားပေးနေသည်နှင့်အညီ Kirin Ichiban သည် ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပိုးမှုပုံစံ အသစ်၊ အရသာအသစ်ကို မိတ်ဆက်ပေးခဲ့ပါသည်။
ထုတ်ပိုးမှု အသစ်နှင့် Kirin Ichiban သည်သန့်စင်သောပထမဦးရည် သီးသန့်ကိုသာ အသုံးပြု၍ မုယောစပါး၏ အဖန်ဓါတ်အရသာကို ဦးရည် စစ်ထုတ်ခြင်းနည်းပညာအသစ်ဖြင့် ချက်လုပ်ထားပြီး ပြေပြစ်မျှတသည့် အရသာအသစ်သို့ ပြောင်းလဲထားပါသည်။ ထုတ်ပိုးမှု ပုံစံအသစ်၊ အရသာအသစ်နှင့် Kirin Ichiban သည် သောက်သုံးသူများ၏ ပိုမိုနှစ်ခြိုက်မှုကို ရရှိခဲ့ပြီး ၂၀၁၉ ဇန်နဝါရီလ မှ ဧပြီလ အတွင်း ရောင်းအား ၁၇၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါသည်။
ထိုကြောင့် Kirin Ichiban မှ သောက်သုံးသူများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် Grab Myanmar နှင့် ပူးပေါင်း၍ “Explore. Drink Responsibly” အစီအစဥ်ကို ပြုလုပ်ပေးခဲ့ပါသည်။ ဤအစီအစဥ်ကို မိတ်ဆက်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ Kirin Ichiban သောက်သုံးသူများအနေဖြင့် အယ်လ်ကိုဟော ပါဝင်သော ထုတ်ကုန်တစ်မျိူးမျိူးကို သောက်သုံးပြီးနောက် မိမိအတွက်သာမက အခြားသူများအတွက်ပါ လုံခြုံစိတ်ချမှုကို ပိုမိုအလေးထားသတိပြုမိစေရန် ဖြစ်သည်။ Kirin Ichiban သောက်သုံးပြီးနောက် မိမိကိုယ်တိုင်ယာဥ်မောင်းနှင်ခြင်းမပြုဘဲ၊ လုံခြုံစိတ်ချ အဆင်ပြေစွာ သွားလာစေနိုင်ရန် Kirin Ichiban မှ စီစဥ်ပေးထားခြင်း ဖြစ်ပါသည်။
Kirin Ichiban သောက်သုံးသူများသည် ပျော်ရွှင်စရာအမှတ်တရများကို Kirin Ichiban နှင့်အူ ဖန်တီးရာတွင် မိမိ၏ လုံခြုံရေး သာမက အခြားသူများ၏ လုံခြုံရေးကိုပါ အလေးထားတတ်သော ကောင်းမွန်သော အလေ့အကျင့်ကို ကျင့်သုံးရန် ရည်ရွယ်ပါသည်။
ဤအစီအစဥ်တွင် Kirin Ichiban ပုလင်း (သို့) သံဗူးကို သောက်သုံးပြီး Grab ခရီးစဥ် တစ်ကြောင်းစာ အတွက် ၅၀၀ကျပ် သက်သာစေမည်ဖြစ်ကြောင်း Kirin သောက်သုံးသူများအား (၃၁.၅.၂၀၁၉) နေ့၊ နေ့လည် (၂:၀၀) Myanmar Brewery Myanmar Ltd တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စတင်မိတ်ဆက်ပေးခဲ့ပါသည်။
“Explore. Drink Responsibly Campaign” အစီအစဥ်တွင် ပါဝင်နည်း အဆင့်ဆင့်
၁. နီးစပ်ရာ Kirin အရောင်းဆိုင်များနှင့် Convenience စတိုးဆိုင်များတွင် Grab ပရိုမိုးရှင်းစတစ်ကာပါ Kirin ပုလင်း (သို့) သံဗူးကို ဝယ်ယူပါ။
၂. Sticker ကို ခွာပြီး အထဲတွင်ရှိသော နံပါတ် ၁၂လုံးကို ရှာပါ။
၃. ပြီးလျှင် Kirin Ichiban Myanmar – Facebook Page သို့ ဝင်ရောက်၍သော်လည်းကောင်း Facebook Messenger မှာ Kirin Ichiban Myanmar ဟု ရိုက်၍သော်လည်းကောင်း မက်ဆေ့ပို့ရန် Get Start ကို နှိပ်ပါ။
၄. Promotion ကို ရွေးပါ။
၅. Enter Promo Code ကို နှိပ်ပါ။
၆. Sticker ထဲမှ ရရှိသော နံပါတ် ၁၂လုံးပါ Promo Code ကို ရိုက်ထည့်ပါ။
၇. ရရှိလာသော Grab Promo Code ကို Grab Application ထဲတွင် ရိုက်ထည့်၍ ၅၀၀ကျပ် လျော့စျေးဖြင့် ခရီးစဥ် တစ်ကြောင်း ရယူစီးနင်းလိုက်ပါ။
( မေလ ၁ရက်နေ့မှ သြဂုတ်လ ၃၁ရက်နေ့အထိ “ရန်ကုန်နှင့် မန္တလေးမြို့အတွင်းသာ )
အသေးစိတ် အချက်အလက်များအား www.facebook.com/KirinIchibanMyanmar/ တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။