[Zawgyi]

Korean Air က သူ႔ရဲ႕ ေမာင္းသူမဲ့ ဟယ္လီေကာ္ပတာ KUS-VH 500MD ကို ပထမဆံုး အႀကိမ္ ေအာင္ျမင္စြာ စမ္းသပ္ပ်ံသန္းၿပီးၿပီလို႔ ေၾကညာလိုက္ပါတယ္။ ပ်ံသန္းခ်ိန္ဟာ မိနစ္ ၃၀ ေလာက္ ၾကာခဲ့ၿပီး လူလံုး၀ မပါပါဘူး။ South Jeolla Province မွာ တည္ရွိတဲ့ Korea Aerospace Research Institute ရဲ႕ Aviation Centre မွာ ပ်ံသန္းခဲ့တာ ျဖစ္ပါတယ္။

ဟယ္လီေကာ္ပတာဟာ ေျမျပင္ရဲ႕ အထက္ ၃၂ ေပ (၁၀ မီတာ) ကေန ပ်ံသန္းခဲ့တာပါ။ ေမာင္းသူမဲ့ ပ်ံသန္းမႈကို ထိန္းခ်ဳပ္တဲ့ စနစ္ဟာ ေဘးကင္းလံုျခံဳၿပီး စြမ္းေဆာင္ရည္ ေကာင္းမြန္တယ္လို႔ တီထြင္သူေတြက ေျပာပါတယ္။ Korean Air ဟာ ကုန္သြယ္ေရး၊ စက္မႈလက္မႈနဲ႔ စြမ္းအင္ ၀န္ႀကီးဌာနရဲ႕ စီမံကိန္း အေနနဲ႔ ေမာင္းသူမဲ့ 500MD Helicopters ေတြကို ၂၀၁၄ ခုႏွစ္ ကတည္းက စမ္းသပ္ေနတာ ျဖစ္ပါတယ္။

Korean Air က ေမာင္းသူမဲ့ ဟယ္လီေကာ္ပတာကို ႏိုင္ငံတကာေစ်းကြက္မွာ ေရာင္းဖို႔စီစဥ္ထားတယ္လို႔ ေျပာပါတယ္။ ဟယ္လီေကာ္ပတာမွာ အဆင့္ျမင့္ နည္းပညာေတြ ထည့္သြင္းထားၿပီး ၆ နာရီၾကာ ပ်ံသန္းႏုိင္ပါတယ္။ ေပါင္ ၉၇၀ (ကီလိုမီတာ ၄၄၀) အထိ သယ္ေဆာင္ႏိုင္ပါတယ္။ ေမာင္းသူမဲ့ ဟယ္လီေကာ္ပတာကို စစ္တပ္နဲ႔ စီးပြားေရး လုပ္ငန္း သံုးဖို႔ ဖန္တီးထားၿပီး စစ္လက္နက္နဲ႔ ရိကၡာေတြကို ေပးပို႔ျခင္းနဲ႔ ကုန္ပစၥည္းေတြ သယ္ယူပို႔ေဆာင္ျခင္းေတြအတြက္ အသံုးျပဳႏုိင္ပါတယ္။

Korean Air က ေန႔ဘက္နဲ႔ ညဘက္ ေထာက္လွမ္းေရး အပါအ၀င္ စစ္ဆင္ေရးေတြကို ျပဳလုပ္ႏုိင္ေအာင္ ေနာက္ပိုင္းမွာ ဟယ္လီေကာ္ပတာကို အဆင့္ျမွင့္မယ္လို႔ ေျပာပါတယ္။ Korean Air ဟာ ေတာင္ကိုရီးယား စစ္တပ္အတြက္ 500MD Helicopters ေတြကို ၁၉၇၆ ခုႏွစ္မွာ ပထမဆံုး ထုတ္လုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ ကုမၸဏီဟာ F-5 Fighter Jet နဲ႔ UH-60 Helicopter ေတြလို ေလယာဥ္မ်ားစြာကို ေတာင္ကိုရီးယား စစ္တပ္အတြက္ ထုတ္လုပ္ေပးထားပါတယ္။

Ref : dailymail

[Unicode]

Korean Air က မောင်းသူမဲ့ ဟယ်လီကော်ပတာကို အောင်မြင်စွာ စမ်းသပ်ပံျသန်းပြီးပြီလို့ ပြောကြား

Korean Air က သူ့ရဲ့ မောင်းသူမဲ့ ဟယ်လီကော်ပတာ KUS-VH 500MD ကို ပထမဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းပြီးပြီလို့ ကြေညာလိုက်ပါတယ်။ ပျံသန်းချိန်ဟာ မိနစ် ၃၀ လောက် ကြာခဲ့ပြီး လူလုံး၀ မပါပါဘူး။ South Jeolla Province မှာ တည်ရှိတဲ့ Korea Aerospace Research Institute ရဲ့ Aviation Centre မှာ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

ဟယ်လီကော်ပတာဟာ မြေပြင်ရဲ့ အထက် ၃၂ ပေ (၁၀ မီတာ) ကနေ ပျံသန်းခဲ့တာပါ။ မောင်းသူမဲ့ ပျံသန်းမှုကို ထိန်းချုပ်တဲ့ စနစ်ဟာ ဘေးကင်းလုံခြုံပြီး စွမ်းဆောင်ရည် ကောင်းမွန်တယ်လို့ တီထွင်သူတွေက ပြောပါတယ်။ Korean Air ဟာ ကုန်သွယ်ရေး၊ စက်မှုလက်မှုနဲ့ စွမ်းအင် ဝန်ကြီးဌာနရဲ့ စီမံကိန်း အနေနဲ့ မောင်းသူမဲ့ 500MD Helicopters တွေကို ၂၀၁၄ ခုနှစ် ကတည်းက စမ်းသပ်နေတာ ဖြစ်ပါတယ်။

Korean Air က မောင်းသူမဲ့ ဟယ်လီကော်ပတာကို နိုင်ငံတကာဈေးကွက်မှာ ရောင်းဖို့စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဟယ်လီကော်ပတာမှာ အဆင့်မြင့် နည်းပညာတွေ ထည့်သွင်းထားပြီး ၆ နာရီကြာ ပျံသန်းနိုင်ပါတယ်။ ပေါင် ၉၇၀ (ကီလိုမီတာ ၄၄၀) အထိ သယ်ဆောင်နိုင်ပါတယ်။ မောင်းသူမဲ့ ဟယ်လီကော်ပတာကို စစ်တပ်နဲ့ စီးပွားရေး လုပ်ငန်း သုံးဖို့ ဖန်တီးထားပြီး စစ်လက်နက်နဲ့ ရိက္ခာတွေကို ပေးပို့ခြင်းနဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခြင်းတွေအတွက် အသုံးပြုနိုင်ပါတယ်။

Korean Air က နေ့ဘက်နဲ့ ညဘက် ထောက်လှမ်းရေး အပါအဝင် စစ်ဆင်ရေးတွေကို ပြုလုပ်နိုင်အောင် နောက်ပိုင်းမှာ ဟယ်လီကော်ပတာကို အဆင့်မြှင့်မယ်လို့ ပြောပါတယ်။ Korean Air ဟာ တောင်ကိုရီးယား စစ်တပ်အတွက် 500MD Helicopters တွေကို ၁၉၇၆ ခုနှစ်မှာ ပထမဆုံး ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ F-5 Fighter Jet နဲ့ UH-60 Helicopter တွေလို လေယာဉ်များစွာကို တောင်ကိုရီးယား စစ်တပ်အတွက် ထုတ်လုပ်ပေးထားပါတယ်။

Ref : dailymail