Apple အကြောင်း လေ့လာဆန်းစစ်သူ Ming-Chi Kuo က ဒုတိယနှစ်ဝက်မှာ 10.2” iPad အစား 10.8” iPad ကို အစားထိုး ရောင်းချမယ်လို့ ပြောပါတယ်။ ဒါ့အပြင် 9” iPad ကို ၂၀၂၁ ခုနှစ်မှာ ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အရွယ်သေး iPad ကို ၂၀၁၅ ခုနှစ်နောက်ပိုင်းကစပြီး မထုတ်လုပ်ပေးခဲ့တာပါ။

Kuo က Apple ဟာ တက်ဘလက်အသစ် ၂ လုံးမှာ GIS Touch Panels တွေကို သုံးထားမှာ ဖြစ်ပြီး မကြာခင်က ကြေညာခဲ့တဲ့ iPhone SE 2020 လမ်းစဉ်ကို လိုက်မှာလို့ ပြောပါတယ်။ iPhone SE 2020 မှာ စွမ်းရည်မြင့် Chipset မောင်းနှင်ထားပေမယ့် ဈေးသက်သာပါတယ်။

တက်ဘလက် အသစ် ၂ လုံးအပြင် Apple ဟာ ၂၀၂၂ ခုနှစ်မှာ AR Glasses ကိုလည်း ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ အရွယ်အစား ကျစ်လစ် ၊ ပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်ပြီး ထိတွေ့တာကို အာရုံခံနိုင်တဲ့ ဘေးဘက် Panels တွေ ပါလာမှာပါ။ ဒါ့အပြင် Voice နဲ့ Head Gesture Controls တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AR Glasses ဟာ Processing စွမ်းအင်အတွက် iPhone ကို အမှီပြုရမှာ ဖြစ်နိုင်ပြီး rOS(reality OS) လို့ ခေါ်တဲ့ ကိုယ်ပိုင် Operating System မောင်းနှင်ထားမှာပါ။

Ref : gsmarena