ကာလရှည်ကြာ သတင်းထွက်နေတဲ့ Apple ရဲ့ Augmented Reality (AR) Headset ကို နောက်နှစ် နှောင်းပိုင်းမှာ ရောင်းချနိုင်ပြီး စွမ်းရည်မြင့်မားတဲ့ Processor ၂ လုံး တပ်ဆင်ထားမယ်လို့ Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကြီးတဲ့ Ming-Chi Kuo က ပြောပါတယ်။

Apple Might Replace iPhone with AR in 10 Years, Suggests Kuo | Beebom

“ စွမ်းရည်ပိုမြင့်တဲ့ Processor ဟာ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ Apple Silicon Macs မှာ ပါတဲ့ M1 Chip နဲ့ ဆင်တူပြီး စွမ်းရည်နိမ့် Processor က Device ရဲ့ Sensor နဲ့ပတ်သက်တဲ့ အလုပ်တွေကို စီမံခန့်ခွဲမှာပါ။ Computing စွမ်းရည် တူညီတဲ့အတွက် စွမ်းရည်မြင့် Processor ရဲ့ Power Management Unit (PMU) ဒီဇိုင်းဟာ M1 နဲ့ တူညီမှာပါ။ AR Headset ဟာ Mac , iPhone တို့နဲ့ ချိတ်ဆက်စရာ မလိုဘဲ သီးခြား အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ “ လို့  သူက ပြောပါတယ်။

Apple VR headset leak reveals crazy light design — and Oculus Quest 2  should be worried | Tom's Guide

Kuo က အဲဒီ Headset မှာ Sony ရဲ့ 4K Micro OLED မျက်နှာပြင် ၁ စုံ တပ်ဆင်ထားမယ့်အတွက် AR အပြင် Virtual Reality (VR) အတွေ့အကြုံတွေကို ထောက်ပံ့နိုင်ပါတယ်။ အဲဒီ မျက်နှာပြင်တွေဟာ M1 လို Chip တွေရဲ့ Computing စွမ်းရည် လိုအပ်ပါတယ်။

Kuo က နောက်နှစ်ထွက်မယ့် AR Headset နဲ့ iPhone 14 မှာ WiFi 6E နည်းပညာ ထည့်သွင်းထားမှာ ဖြစ်ပြီး WiFi 6E ဟာ AR နဲ့ VR အတွေ့အကြုံတွေအတွက် Bandwidth ကို တိုးမြှင့်ပေးနိုင်တယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က ပြောခဲ့ပါတယ်။

Ref : macrumors