နာမည်ကျော် Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က ၂၀၂၂ ခုနှစ်မှာ ထွက်လာမယ့် iPhone 14 Series နဲ့ Apple VR Headset မှာ WiFi 6E ပါလာနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Kuo: Apple iPhone 14 and VR headset to get Wi-Fi 6e in 2022

Kuo က iPhone 14 Series နဲ့ Apple VR Headset တို့မှာ WiFi 6E ထည့်သွင်းထားခြင်းဖြင့် ပြိုင်ဖက်တွေထက် သာလွန်အောင် ပြုလုပ်ထားမယ်လို့ သုံးသပ်ပါတယ်။ WiFi 6E ဟာ ပိုမြန်တဲ့ 6GHz ဆက်သွယ်မှုကို ပံ့ပိုးပေးနိုင်တဲ့အတွက် Apple VR Headset အတွက် တကယ်ကို အရေးပါလာမှာ ဖြစ်ပါတယ်။

လက်ရှိမှာ WiFi 6E ထည့်သွင်းထားတဲ့ Device များများစားစား မရှိသေးပါဘူး။ iPhone 13 Series မှာ အဲဒီ စံနှုန်း ပါလာမယ်လို့ထင်ခဲ့ကြပေမယ့် မဖြစ်လာခဲ့ပါဘူး။ WiFi 6E ပါတဲ့ Android Device တွေထဲမှာ Pixel 6 / 6 Pro, Galaxy S21 Ultra , Z Fold3, Xiaomi Mi 11 Ultra, Asus ROG Phone 5 နဲ့ Zenfone 8 တို့ ပါဝင်ပါတယ်။

iPhone 14 Pro renders show the notchless iPhone of our dreams

Apple ဟာ iPhone 13 မှာ အမြင့်ဆုံး Storage ကို ၂ ဆ တိုးမြှင့်ပေးခဲ့ပြီး Pro နဲ့ Pro Max မှာ 1TB Storage အထိ ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။ အရင်က ထွက်လာခဲ့တဲ့ သတင်းအရ iPhone 14 Series မှာ 2TB Storage အထိ ပါလာနိုင်ပါတယ်။

2TB Storage ပါလာမယ့် မော်ဒယ်တွေကို အသေးစိတ် မသိရသေးပေမယ့် Pro နဲ့ Pro Max မော်ဒယ်တွေမှာ ထည့်ထားနိုင်ပါတယ်။ ကျန်တဲ့ မော်ဒယ်တွေမှာတော့ 512GB ကနေ 1TB အထိ တိုးမြှင့်ပေးထားနိုင်ပါတယ်။

Ref : gsmarena