[Zawgyi]

Japan Display က Apple Watch Series 5 အတြက္ OLED Display ေတြကို ေထာက္ပံ့ေပးထားမွာ ျဖစ္ၿပီး လာမယ့္ လအနည္းငယ္အတြင္းမွာ ေၾကညာႏုိင္တယ္လို႔ ေလ့လာဆန္းစစ္သူ Ming-Chi Kuo က ခန္႔မွန္းလိုက္ပါတယ္။ သူက Japan Display ဟာ Apple Watch အတြက္ OLED Display ထုတ္လုပ္တာကို တိုးျမွင့္ေနၿပီး ၂၀၁၉ ခုႏွစ္မွာ မွာယူတာရဲ႕ ၁၅ ကေန ၂၀ ရာခုိင္ႏႈန္းနဲ႔ ၂၀၂၁ ခုႏွစ္မွာ ၇၀ ကေန ၈၀ ရာခိုင္ႏႈန္းအထိ ထုတ္လုပ္ေပးမယ္လို႔ ေျပာပါတယ္။

Kuo က Apple ဟာ iPhone အတြက္ LG ရဲ႕ OLED Display ေတြကို ပိုမို အသံုးျပဳမွာ ျဖစ္ၿပီး တရုတ္ ကုမၸဏီ BOE ဆီက OLED Display ေတြကိုလည္း အရန္ အျဖစ္ အသံုးျပဳမယ္လို႔ ေျပာပါတယ္။ Apple Watch Series 5 ကို iPhone အသစ္ေတြနဲ႔အတူ လာမယ့္လမွာ ေၾကညာႏုိင္ပါတယ္။ ဒါဟာ သိပ္ေတာ့ အံ့ၾသစရာ မဟုတ္ပါဘူး။ Series 1 ကေန Series 4 Models ေတြ အားလံုးကို စက္တင္ဘာလမွာ မိတ္ဆက္ခဲ့တာပါ။ Apple Watch Series 5 ရဲ႕ သတင္းေတြေတာ့ သိပ္မထြက္လာေသးပါဘူး။

Kuo က Apple Watch Series ေတြအတြက္ Ceramic Casing Design အသစ္ကို ထုတ္လုပ္ထားမယ္လို႔ အရင္က ေျပာခဲ့ေပမယ့္ Apple Watch Series 5 လို႔ေေတာ့ မေျပာပါဘူး။ Reuters က Japan Display ဟာ Apple Watch အတြက္ OLED Display ေတြကို စတင္ ေထာက္ပံ့ေပးေနၿပီလို႔ ေျပာခဲ့ေပမယ့္ Apple Watch Series 5 အတြက္လို႔ေတာ့ မေျပာပါဘူး။ ၂၀၂၀ ခုႏွစ္ ထြက္မယ့္ Apple Watch Series 6 ေတြမွာ MicroLED Display ေတြ သံုးထားမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : macrumors

[Unicode]

Apple Watch Series 5 တွေမှာ ဂျပန်ကုမ္ပဏီရဲ့ OLED Display တွေကို အသုံးပြုထားနိုင်

Japan Display က Apple Watch Series 5 အတွက် OLED Display တွေကို ထောက်ပံ့ပေးထားမှာ ဖြစ်ပြီး လာမယ့် လအနည်းငယ်အတွင်းမှာ ကြေညာနိုင်တယ်လို့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က ခန့်မှန်းလိုက်ပါတယ်။ သူက Japan Display ဟာ Apple Watch အတွက် OLED Display ထုတ်လုပ်တာကို တိုးမြှင့်နေပြီး ၂၀၁၉ ခုနှစ်မှာ မှာယူတာရဲ့ ၁၅ ကနေ ၂၀ ရာခိုင်နှုန်းနဲ့ ၂၀၂၁ ခုနှစ်မှာ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးမယ်လို့ ပြောပါတယ်။

Kuo က Apple ဟာ iPhone အတွက် LG ရဲ့ OLED Display တွေကို ပိုမို အသုံးပြုမှာ ဖြစ်ပြီး တရုတ် ကုမ္ပဏီ BOE ဆီက OLED Display တွေကိုလည်း အရန် အဖြစ် အသုံးပြုမယ်လို့ ပြောပါတယ်။ Apple Watch Series 5 ကို iPhone အသစ်တွေနဲ့အတူ လာမယ့်လမှာ ကြေညာနိုင်ပါတယ်။ ဒါဟာ သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ Series 1 ကနေ Series 4 Models တွေ အားလုံးကို စက်တင်ဘာလမှာ မိတ်ဆက်ခဲ့တာပါ။ Apple Watch Series 5 ရဲ့ သတင်းတွေတော့ သိပ်မထွက်လာသေးပါဘူး။

Kuo က Apple Watch Series တွေအတွက် Ceramic Casing Design အသစ်ကို ထုတ်လုပ်ထားမယ်လို့ အရင်က ပြောခဲ့ပေမယ့် Apple Watch Series 5 လို့ေတော့ မပြောပါဘူး။ Reuters က Japan Display ဟာ Apple Watch အတွက် OLED Display တွေကို စတင် ထောက်ပံ့ပေးနေပြီလို့ ပြောခဲ့ပေမယ့် Apple Watch Series 5 အတွက်လို့တော့ မပြောပါဘူး။ ၂၀၂၀ ခုနှစ် ထွက်မယ့် Apple Watch Series 6 တွေမှာ MicroLED Display တွေ သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : macrumors