Apple ရဲ့ Supplier တွေဟာ တရုတ်မှာ iPhone 14 Series ရောင်းအား ကောင်းနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ အကြောင်းကို Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က ပြောပါတယ်။ Kuo က “ Huawei ကို 5G ဈေးကွက်ကနေ အတင်းအကြပ် ထွက်ခွာစေခဲ့ပြီးနောက်မှာ Apple ဟာ Huawei ရဲ့ နေရာကို အကောင်းဆုံးလုယူနိုင်ခဲ့ပါတယ်။ အဲဒီအတွက် Apple ဟာ တရုတ်က စွမ်းရည်မြင့် စမတ်ဖုန်း ဈေးကွက်မှာ ဦးဆောင်သူ ဖြစ်လာပြီး ပြိုင်ဖက် လျော့နည်းလာပါတယ်။ “ လို့ ရှင်းပြပါတယ်။

iPhone 14 Pro and 14 Pro Max renders by madmix

ဇန်နဝါရီလက တရုတ်မှာ iPhone 13 ဟာ ရောင်းအား အကောင်းဆုံး မော်ဒယ်ဖြစ်ခဲ့ပြီး အောက်တိုဘာလနဲ့ ဒီဇင်ဘာလမှာလည်း အဲဒီ စံချိန်ကို ထိန်းထားနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလမှာ Apple ဟာ စမတ်ဖုန်း အလုံးရေ ၅.၁ သန်း ရောင်းချနိုင်ခဲ့ပြီး ၂.၃ သန်းက iPhone 13 ဖြစ်ပါတယ်။ iPhone 13 Series ဟာ တော်တော် အောင်မြင်ခဲ့ပြီး အရင်မျိုးဆက်တွေထက်တောင် အောင်မြင်ခဲ့ပါတယ်။ အဲဒီအတွက် iPhone 14 Series ဟာလည်း ရောင်းအားကောင်းမယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

Apple iPhone 14, iPhone 14 Max, iPhone 14 Pro and iPhone 14 Pro Max could be considerably more expensive in Europe than in the US - NotebookCheck.net News

တရုတ်မှာ Honor အပါအဝင် စွမ်းရည်မြင့် 5G စမတ်ဖုန်းတွေ ရောင်းချနေတဲ့ တရုတ် ကုမ္ပဏီတွေ မရှားပါဘူး။ Honor ဟာ Huawei ရဲ့ နေရာကို ဝင်ယူနေပါတယ်။ ဒါပေမယ့်လည်း Huawei အတိတ်က လုပ်ခဲ့သလိုမျိုး ဈေးကွက်ကို ဦးဆောင်တဲ့ စွမ်းရည်မြင့် Brand အဖြစ် ဘယ်ဒေသတွင်း ကုမ္ပဏီတွေကမှ ပြုလုပ်နိုင်ခြင်း မရှိပါဘူး။ Apple ကတော့ အဲဒီလို ပြုလုပ်ပြနိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Ref : gsmarena