[Zawgyi]

Apple က တန္ဖိုးသက္သာတဲ့ iPhone SE 2 ကို ၂၀၂၀ ခုႏွစ္ ပထမ ကြာတားျဖစ္တဲ့ ဇန္န၀ါရီလနဲ႔ မတ္လအတြင္းမွာ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီ စမတ္ဖုန္းမွာ A13 Chip နဲ႔ 3GB RAM ပါလာႏုိင္ပါတယ္။ ၄.၇ လက္မ LCD Display နဲ႔ Home Button အေျချပဳ Touch ID ထည့္ထားႏုိင္တယ္လို႔ သတင္းေတြထြက္ေနပါတယ္။ အခုလည္း Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က ဆက္သြယ္မႈ ပိုေကာင္းတဲ့ Liquid Crystal Polymer (LCP) Antenna ပါလာမယ္လို႔ ေဟာကိန္းထုတ္လုိက္ပါတယ္။

LCP ဟာ Frequency ဆံုးရႈံးတာကို ေလွ်ာ့ခ်ေပးတဲ့ Flexible Organic Material ျဖစ္ၿပီး Wireless Antennas ေတြအတြက္ေတာ့ အရမ္းမိုက္ပါတယ္။ သိပ္သည္းက်စ္လစ္တဲ့အတြက္ အပူခ်ိန္ကိုလည္း ခံႏုိင္ရည္ရွိပါတယ္။ LCP ကို Car Sensors ေတြကေန Speakers Drivers နဲ႔ Optic Cables ေတြအထိ ပစၥည္းမ်ားစြာမွာ အသံုးျပဳေနၾကပါတယ္။

Ming-Chi Kuo က လာမယ့္ႏွစ္မွာ Apple က iPhone SE 2 အလံုးေရ သန္း ၃၀ ကေန သန္း ၄၀ အတြင္း ေရာင္းခ်ႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေျပာပါတယ္။ 32GB iPhone SE 2 ကို ၃၉၉ ေဒၚလာေလာက္နဲ႔ ေရာင္းႏိုင္ၿပီး ျမန္မာေငြ ၆ သိန္းေလာက္ရွိႏုိင္ပါတယ္။

Apple က ၂၀၁၆ ခုႏွစ္မွာ ၄ လက္မ iPhone SE ကို ေၾကညာခဲ့ပါတယ္။ အဲဒီ ဖုန္းရဲ႕ အစိတ္အပိုင္းေတြဟာ iPhone 6S နဲ႔တူၿပီး ဒီဇိုင္းပိုင္းမွာ iPhone 5 နဲ႔ ဆင္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာေတာ့ iPhone SE 2 ကို ခ်ျပမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ဒါေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ လာမယ့္ႏွစ္မွာေတာ့ iPhone SE 2 ကို ျမင္ရမယ္လို႔ထင္ရပါတယ္။

Ref : gsmarena

[Unicode]

iPhone SE 2 မှာ LCP Antenna ပါလာနိုင်

Apple က တန်ဖိုးသက်သာတဲ့ iPhone SE 2 ကို ၂၀၂၀ ခုနှစ် ပထမ ကွာတားဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်းမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ စမတ်ဖုန်းမှာ A13 Chip နဲ့ 3GB RAM ပါလာနိုင်ပါတယ်။ ၄.၇ လက်မ LCD Display နဲ့ Home Button အခြေပြု Touch ID ထည့်ထားနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ အခုလည်း Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က ဆက်သွယ်မှု ပိုကောင်းတဲ့ Liquid Crystal Polymer (LCP) Antenna ပါလာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

LCP ဟာ Frequency ဆုံးရှုံးတာကို လျှော့ချပေးတဲ့ Flexible Organic Material ဖြစ်ပြီး Wireless Antennas တွေအတွက်တော့ အရမ်းမိုက်ပါတယ်။ သိပ်သည်းကျစ်လစ်တဲ့အတွက် အပူချိန်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ LCP ကို Car Sensors တွေကနေ Speakers Drivers နဲ့ Optic Cables တွေအထိ ပစ္စည်းများစွာမှာ အသုံးပြုနေကြပါတယ်။

Ming-Chi Kuo က လာမယ့်နှစ်မှာ Apple က iPhone SE 2 အလုံးရေ သန်း ၃၀ ကနေ သန်း ၄၀ အတွင်း ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ 32GB iPhone SE 2 ကို ၃၉၉ ဒေါ်လာလောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၆ သိန်းလောက်ရှိနိုင်ပါတယ်။

Apple က ၂၀၁၆ ခုနှစ်မှာ ၄ လက်မ iPhone SE ကို ကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်းရဲ့ အစိတ်အပိုင်းတွေဟာ iPhone 6S နဲ့တူပြီး ဒီဇိုင်းပိုင်းမှာ iPhone 5 နဲ့ ဆင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ iPhone SE 2 ကို ချပြမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ လာမယ့်နှစ်မှာတော့ iPhone SE 2 ကို မြင်ရမယ်လို့ထင်ရပါတယ်။

Ref : gsmarena