Zawgyi







Ref – GSM Arena

Unicode

Realme ကနေ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ထားခဲ့တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Realme 3 ၊ 3i နဲ့ Realme 2 Pro စမတ်ဖုန်းတွေအတွက် System Update အသစ်ကို ထုတ်ပေးလိုက်ပြီဖြစ်ပြီးတော့ သဘောကျစရာ Feature တွေပါ အဆိုပါ Update မှာပါဝင်လာခဲ့ပါတယ်။

ပထမဆုံးတစ်ခုကတော့ System-wide Dark Mode ပါဝင်လာတာဖြစ်ပြီး ဒါက မကြာသေးခင်တုန်းက Realme 5 Series တွေရရှိပြီးနောက်မှာ ရရှိလာတာပဲဖြစ်ပါတယ်။ ဒ့ါအပြင် November 2019 Android Security Patch ကိုလည်း Update လုပ်ပေးလာခဲ့ပါတယ်။

နောက်ထပ် Notification Center ကိုလည်း လုံးဝ Design ပြန်လည်ပြင်ဆင်ထားခဲ့ပြီး Notification တွေဝင်လာလို့ Swipe လုပ်မယ်ဆိုရင်လည်း Left or Right စိတ်ကြိုက်ပြုလုပ်နိုင်တော့မှာပါ။ ယခင်တုန်းက Notification တွေကို Dismiss လုပ်ဖို့အတွက် ညာဘက်ကိုပဲ Swipe ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဘယ်ဘက်ကို Swipe ပြုလုပ်တာက Notification Snooze Function ကိုပဲ Support လုပ်ခဲ့တာဖြစ်ပါတယ်။ ဒ့ါအပြင် Notification Dots Feature နဲ့ Third-party Clone Apps Feature တွေပါ ပါဝင်လာခဲ့ပါတယ်။

Realme 2 Pro စမတ်ဖုန်းအတွက် System Update Version Number က RMX1801EX_11_C.25 ပဲဖြစ်ပြီး Changelog တွေကိုတော့ အောက်မှာကြည့်ရှုနိုင်မှာပါ။

Realme 3 နဲ့ 3i ဖုန်းတွေအတွက်ကတော့ Version Number RMX1821EX_11.A.24 ဖြစ်ပြီးတော့ Changelog တွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

Realme အနေနဲ့ Software Update တွေကို အခုလိုမျိုး မြန်မြန်ဆန်ဆန် ပြုလုပ်ပေးနေတာက ကောင်းမွန်တဲ့အချက်ဖြစ်ပေမယ့် Android Version ကိုပါ Update လုပ်ပေးနိုင်ခြင်းမရှိတာကတော့ အားနည်းချက်ဖြစ်နေတုန်းပါ။

Ref – GSM Arena