[Zawgyi]

ၿပီးခဲ့တဲ့ ဇူလိုင္လလယ္ေလာက္တုန္းက Galaxy Watch Active2 ရဲ႕ ေၾကာ္ျငာဓါတ္ပုံေတြ ထြက္ေပၚလာခဲ့ပါေသးတယ္။ လာမယ့္တစ္ပတ္မွာ တရားဝင္မိတ္ဆက္ေတာ့မွာ ျဖစ္ေပမယ့္ Galaxy Watch Active2 နဲ႔ပတ္သက္တာေတြက ေပါက္ၾကားလို႔ေကာင္းတုန္းပဲ ရွိပါေသးတယ္။

ေနာက္ဆုံးထြက္ေပၚလာတဲ့ Renders ပုံရိပ္ေတြမွာေတာ့ Galaxy Watch Active2 ကို အေရာင္သုံးမ်ိဳးနဲ႔ ေတြ႕ျမင္ရၿပီျဖစ္သလို မတူညီတဲ့ေထာင့္ေတြကလည္း ေတြ႕ျမင္ရၿပီ ျဖစ္ပါတယ္။ ဒီ Renders ပုံရိပ္ေတြကို Android Headlines မွာ တင္ထားတာျဖစ္ၿပီး အျပာေရာင္လို႔ဆိုၾကတဲ့အမ်ိဳးအစားကေတာ့ ပထမဆုံးအႀကိမ္အျဖစ္ ထုတ္ေဖာ္ျပသလိုက္တာလည္း ျဖစ္ပါတယ္။

အေစာပိုင္းထြက္ေပၚထားတဲ့ Renders ေတြမွာ ပန္းေရာင္နဲ႔ အမည္းေရာင္ကိုပဲ ေတြ႕ျမင္ခဲ့ရၿပီး Silver ကို ထပ္မံရရွိမယ္လို႔ သိခဲ့ရပါတယ္။ အခုထြက္ေပၚလာေတာ့ အျပာေရာင္လို႔ ယူဆရတဲ့အေရာင္သစ္တစ္မ်ိဳးကို ထပ္ျမင္ရတာပါ။ Render မွာျမင္ေတြ႕ရသေလာက္ေတာ့ မူလကသတင္းထြက္ထားတဲ့ ေငြေရာင္နဲ႔နီးစပ္ၿပီး ဒီအေရာင္ကို ဘယ္လိုနာမည္ေပးထားလဲဆိုတာေတာ့ မသိရေသးပါဘူး။

Render သစ္မွာေတာ့ အရင္ Render မွာ ျပသထားသလို သားေရလက္ပတ္ႀကိဳးနဲ႔မဟုတ္ဘဲ ဆီလီကြန္ႀကိဳးနဲ႔ ျဖစ္ေနတာကိုလည္းေတြ႕ရပါတယ္။ ဘာပဲျဖစ္ျဖစ္ အေရာင္သစ္အတြက္ လိုက္ဖက္တဲ့ လက္ပတ္ႀကိဳးလို႔ေတာ့ ဆိုႏိုင္ပါတယ္။ Galaxy Watch Active2 ေတြဟာ Speaker grill နဲ႔ Heart Rate sensor တို႔ကို အဆင့္ျမႇင့္္တင္ထားတာ ေသခ်ာပါတယ္။ ခပ္ရွည္ရွည္ပုံစံနဲ႔ ပါဝါခလုတ္လည္း ေျပာင္းလဲထားတယ္လို႔ သိရပါတယ္။ ေသခ်ာမသိရေသးတာကေတာ့ LTE အမ်ိဳးအစားအေၾကာင္းနဲ႔ ECG Feature အေၾကာင္းေတြပဲ ျဖစ္ပါတယ္။

Ref: 9To5Google

[Unicode]

ထပ်မံထွက်ပေါ်လာတဲ့ Samsung Galaxy Watch Active2 Render ပုံရိပ်များ

ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်တုန်းက Galaxy Watch Active2 ရဲ့ ကြော်ငြာဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။ လာမယ့်တစ်ပတ်မှာ တရားဝင်မိတ်ဆက်တော့မှာ ဖြစ်ပေမယ့် Samsung ရဲ့ Galaxy Watch Active2 နဲ့ပတ်သက်တာတွေက ပေါက်ကြားလို့ကောင်းတုန်းပဲ ရှိပါသေးတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ Renders ပုံရိပ်တွေမှာတော့ Galaxy Watch Active2 ကို အရောင်သုံးမျိုးနဲ့ တွေ့မြင်ရပြီဖြစ်သလို မတူညီတဲ့ထောင့်တွေကလည်း တွေ့မြင်ရပြီ ဖြစ်ပါတယ်။ ဒီ Renders ပုံရိပ်တွေကို Android Headlines မှာ တင်ထားတာဖြစ်ပြီး အပြာရောင်လို့ဆိုကြတဲ့အမျိုးအစားကတော့ ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသလိုက်တာလည်း ဖြစ်ပါတယ်။

အစောပိုင်းထွက်ပေါ်ထားတဲ့ Renders တွေမှာ ပန်းရောင်နဲ့ အမည်းရောင်ကိုပဲ တွေ့မြင်ခဲ့ရပြီး Silver ကို ထပ်မံရရှိမယ်လို့ သိခဲ့ရပါတယ်။ အခုထွက်ပေါ်လာတော့ အပြာရောင်လို့ ယူဆရတဲ့အရောင်သစ်တစ်မျိုးကို ထပ်မြင်ရတာပါ။ Render မှာမြင်တွေ့ရသလောက်တော့ မူလကသတင်းထွက်ထားတဲ့ ငွေရောင်နဲ့နီးစပ်ပြီး ဒီအရောင်ကို ဘယ်လိုနာမည်ပေးထားလဲဆိုတာတော့ မသိရသေးပါဘူး။

Render သစ်မှာတော့ အရင် Render မှာ ပြသထားသလို သားရေလက်ပတ်ကြိုးနဲ့မဟုတ်ဘဲ ဆီလီကွန်ကြိုးနဲ့ ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အရောင်သစ်အတွက် လိုက်ဖက်တဲ့ လက်ပတ်ကြိုးလို့တော့ ဆိုနိုင်ပါတယ်။ Galaxy Watch Active2 တွေဟာ Speaker grill နဲ့ Heart Rate sensor တို့ကို အဆင့်မြှင့််တင်ထားတာ သေချာပါတယ်။ ခပ်ရှည်ရှည်ပုံစံနဲ့ ပါဝါခလုတ်လည်း ပြောင်းလဲထားတယ်လို့ သိရပါတယ်။ သေချာမသိရသေးတာကတော့ LTE အမျိုးအစားအကြောင်းနဲ့ ECG Feature အကြောင်းတွေပဲ ဖြစ်ပါတယ်။

Ref: 9To5Google