Zawgyi

Samsung ရဲ႕ နာမည္ေက်ာ္ S Series ရဲ႕ ေနာက္ဆုံးထြက္ဖုန္းျဖစ္လာမယ့္ Galaxy S10 Series ကို မိတ္ဆက္ဖို႔ တစ္လေတာင္ မလိုေတာ့ပါဘူး။ စမတ္ဖုန္းေလာက ရဲ႕ ထုံးစံအတိုင္း တရားဝင္ မိတ္မဆက္ခင္ သတင္း အခ်က္အလက္ေတြ ေပါက္ၾကားတာက ထုံးစံလိုျဖစ္ေနၿပီး Galaxy S10 Series ဟာလည္း အဲ့လိုပါပဲ။ ၂၀၁၉ မစခင္ ကတည္းက Galaxy S10 Series အေၾကာင္း ထြက္ေပၚလာခဲ့တဲ့ ေကာလဟလ ေတြနဲ႕ သတင္း အခ်က္အလက္ေပါက္ၾကားမႈေတြက မနည္းမေနာပါပဲ။ အဲ့ဒီ သတင္းေတြထဲမွာမွ Galaxy S10 Series မွာ ကင္မရာ သုံးလုံးတြဲ စနစ္သုံးမယ္ ဆိုတဲ့ သတင္းက ေတာ္ေတာ္ နာမည္ႀကီးခဲ့ပါတယ္။ အခုေနာက္ဆုံး ေပါက္ၾကားလာခဲ့တဲ့ ပုံေတြအရေတာ့ Galaxy S10 နဲ႕ S10+ မွာ ကင္မရာ သုံးလုံးတြဲ ပါဝင္လာမယ္ ဆိုတာ ေသခ်ာသြားပါၿပီ။

Samsung ဖုန္းေတြ အေၾကာင္း Leak လုပ္ေလ့ရွိတဲ့ AllAboutSamsung ကေန Galaxy S10 နဲ႕ S10+ ပုံေတြကို ေဖာ္ျပခဲ့တာပါ။ ဖုန္းရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္ကေတာ့ ကြၽန္ေတာ္တို႔ ထင္ထားတဲ့အတိုင္းပဲ Infinity O လို႔ေခၚတဲ့ Selfie Camera ထည့္ထားတဲ့ အေပါက္ေလးကို ေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔ ေသခ်ာမသိေသးတာကေတာ့ ဖုန္းရဲ႕ အေနာက္ဘက္ ဒီဇိုင္းျဖစ္ၿပီး အခုေတာ့ AllAboutSamsung ရဲ႕ ေက်းဇူးနဲ႕ ဖုန္းရဲ႕ ေနာက္ေက်ာဘက္ကို ျမင္ေတြ႕ရပါၿပီ။ Galaxy S10 နဲ႕ S10+ ရဲ႕ ေနာက္ေက်ာဘက္မွာ Galaxy Note 9 မွာလိုပဲ ကင္မရာေတြနဲ႕ LED Flashlight ကို အလ်ားလိုက္ တပ္ဆင္ထားပါတယ္။

အေစာႀကီးကတည္းက ေကာလာဟလေတြ ထြက္ခဲ့သလိုပဲ အခုေပါက္ၾကားလာခဲ့တဲ့ ပုံေတြမွာ ကင္မရာ သုံးလုံးတြဲ စနစ္ကို ျမင္ရပါတယ္။ အသုံးျပဳထားတဲ့ ကင္မရာ အမ်ိဳးအစားေတြကေတာ့ သာမာန္ RGB Lens ရယ္ “Super Wide-angle Lens” နဲ႕ “Telephoto Lens” ေတြ ျဖစ္နိုင္ပါတယ္။

“Super Wide-angle Lens” ဟာ 16MP ပမာဏရွိၿပီး Aperture ကေတာ့ f/1.9 ရွိပါတယ္။ အဆိုပါ “Super Wide-angle Lens” ဟာ 123-degree အက်ယ္ရွိတဲ့ ျမင္ကြင္းမ်ိဳးနဲ႕ ရိုက္ကူးနိုင္မွာ ျဖစ္ၿပီး OIS နဲ႕ Autofocus လုပ္ေဆာင္ခ်က္ေတြေတာ့ ပါဝင္ျခင္း မရွိပါဘူး။ သာမန္ “RGB Lens” ကေတာ့ 12MP ပမာဏရွိၿပီး Aperture ကေတာ့ f/1.5 နဲ႕ f/2.4 ႀကိဳက္ရာ ခ်ိန္ညွိနိုင္မွာပါ။ “Telephoto Lens” ကေတာ့ 13MP ရွိၿပီး Aperture ပမာဏ f/2.4 ရွိပါတယ္။

ေပါက္ၾကားလာတဲ့ အခ်က္အလက္ေတြအရ အေသအခ်ာေျပာနိုင္တဲ့ အခ်က္တစ္ခ်က္ကေတာ့ Galaxy S10 Series ဟာ ကင္မရာ အရည္အေသြး ေတာ္ေတာ္ေလးေကာင္းမယ္ ဆိုတာပါပဲ။ ပုံမွန္ေတြ႕ေနက် ဖုန္းေတြမွာလို သာမန္ RGB Lens နဲ႕ Depth Sensor ကို မသုံးထားပဲ Telephoto Lens ကို သုံးထားတဲ့အတြက္ Lossless Zoom ေတြဆြဲယူရိုက္ကူးနိုင္ေစမွာပါ။ Super Wide-angle Lens ကို သုံးထားတဲ့အတြက္လည္း ပုံမွန္ထက္ ျမင္ကြင္းက်ယ္တဲ့ ပုံေတြ ရယူေစနိုင္မွာပါ။ Galaxy S10 Series ဟာ DxO Mark ရဲ႕ ထိပ္တန္းဖုန္းေတြကို ယွဥ္နိုင္မလားဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာပါ။

Ref: XDA
Source: AllAboutSamsung

Unicode

အသစ်ထွက်ပေါ်လာတဲ့ ပုံတွေအရ Galaxy S10 နဲ့ S10+ နှစ်လုံး စလုံးမှာ နောက်ကျောဘက် ကင်မရာ သုံးလုံးတွဲ ပါဝင်လာမည်

Samsung ရဲ့ နာမည်ကျော် S Series ရဲ့ နောက်ဆုံးထွက်ဖုန်းဖြစ်လာမယ့် Galaxy S10 Series ကို မိတ်ဆက်ဖို့ တစ်လတောင် မလိုတော့ပါဘူး။ စမတ်ဖုန်းလောက ရဲ့ ထုံးစံအတိုင်း တရားဝင် မိတ်မဆက်ခင် သတင်း အချက်အလက်တွေ ပေါက်ကြားတာက ထုံးစံလိုဖြစ်နေပြီး Galaxy S10 Series ဟာလည်း အဲ့လိုပါပဲ။ ၂၀၁၉ မစခင် ကတည်းက Galaxy S10 Series အကြောင်း ထွက်ပေါ်လာခဲ့တဲ့ ကောလဟလ တွေနဲ့ သတင်း အချက်အလက်ပေါက်ကြားမှုတွေက မနည်းမနောပါပဲ။ အဲ့ဒီ သတင်းတွေထဲမှာမှ Galaxy S10 Series မှာ ကင်မရာ သုံးလုံးတွဲ စနစ်သုံးမယ် ဆိုတဲ့ သတင်းက တော်တော် နာမည်ကြီးခဲ့ပါတယ်။ အခုနောက်ဆုံး ပေါက်ကြားလာခဲ့တဲ့ ပုံတွေအရတော့ Galaxy S10 နဲ့ S10+ မှာ ကင်မရာ သုံးလုံးတွဲ ပါဝင်လာမယ် ဆိုတာ သေချာသွားပါပြီ။

Samsung ဖုန်းတွေ အကြောင်း Leak လုပ်လေ့ရှိတဲ့ AllAboutSamsung ကနေ Galaxy S10 နဲ့ S10+ ပုံတွေကို ဖော်ပြခဲ့တာပါ။ ဖုန်းရဲ့ အရှေ့ဘက် မျက်နှာပြင်ကတော့ ကျွန်တော်တို့ ထင်ထားတဲ့အတိုင်းပဲ Infinity O လို့ခေါ်တဲ့ Selfie Camera ထည့်ထားတဲ့ အပေါက်လေးကို တွေ့ရပါတယ်။ ကျွန်တော်တို့ သေချာမသိသေးတာကတော့ ဖုန်းရဲ့ အနောက်ဘက် ဒီဇိုင်းဖြစ်ပြီး အခုတော့ AllAboutSamsung ရဲ့ ကျေးဇူးနဲ့ ဖုန်းရဲ့ နောက်ကျောဘက်ကို မြင်တွေ့ရပါပြီ။ Galaxy S10 နဲ့ S10+ ရဲ့ နောက်ကျောဘက်မှာ Galaxy Note 9 မှာလိုပဲ ကင်မရာတွေနဲ့ LED Flashlight ကို အလျားလိုက် တပ်ဆင်ထားပါတယ်။

အစောကြီးကတည်းက ကောလာဟလတွေ ထွက်ခဲ့သလိုပဲ အခုပေါက်ကြားလာခဲ့တဲ့ ပုံတွေမှာ ကင်မရာ သုံးလုံးတွဲ စနစ်ကို မြင်ရပါတယ်။ အသုံးပြုထားတဲ့ ကင်မရာ အမျိုးအစားတွေကတော့ သာမာန် RGB Lens ရယ် “Super Wide-angle Lens” နဲ့ “Telephoto Lens” တွေ ဖြစ်နိုင်ပါတယ်။

“Super Wide-angle Lens” ဟာ 16MP ပမာဏရှိပြီး Aperture ကတော့ f/1.9 ရှိပါတယ်။ အဆိုပါ “Super Wide-angle Lens” ဟာ 123-degree အကျယ်ရှိတဲ့ မြင်ကွင်းမျိုးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး OIS နဲ့ Autofocus လုပ်ဆောင်ချက်တွေတော့ ပါဝင်ခြင်း မရှိပါဘူး။ သာမန် “RGB Lens” ကတော့ 12MP ပမာဏရှိပြီး Aperture ကတော့ f/1.5 နဲ့ f/2.4 ကြိုက်ရာ ချိန်ညှိနိုင်မှာပါ။ “Telephoto Lens” ကတော့ 13MP ရှိပြီး Aperture ပမာဏ f/2.4 ရှိပါတယ်။

ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ အသေအချာပြောနိုင်တဲ့ အချက်တစ်ချက်ကတော့ Galaxy S10 Series ဟာ ကင်မရာ အရည်အသွေး တော်တော်လေးကောင်းမယ် ဆိုတာပါပဲ။ ပုံမှန်တွေ့နေကျ ဖုန်းတွေမှာလို သာမန် RGB Lens နဲ့ Depth Sensor ကို မသုံးထားပဲ Telephoto Lens ကို သုံးထားတဲ့အတွက် Lossless Zoom တွေဆွဲယူရိုက်ကူးနိုင်စေမှာပါ။ Super Wide-angle Lens ကို သုံးထားတဲ့အတွက်လည်း ပုံမှန်ထက် မြင်ကွင်းကျယ်တဲ့ ပုံတွေ ရယူစေနိုင်မှာပါ။ Galaxy S10 Series ဟာ DxO Mark ရဲ့ ထိပ်တန်းဖုန်းတွေကို ယှဉ်နိုင်မလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပါ။

Ref: XDA
Source: AllAboutSamsung