Apple ဟာ လာမယ့် စက်တင်ဘာလမှာ iPhone 13 Series တွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ နောက်ဆုံးသိထားရတဲ့သတင်းတွေအရ ယခု ၂၀၂၁ ခုနှစ်အတွင်းမှာတင် အလုံးရေ သန်း ၂၀ အထိ ထုတ်လုပ်ဖို့စီစဥ်ထားတဲ့အတွက် ရောင်းအားကောင်းဦးမယ်လို့ Apple က ခန့်မှန်းထားပုံပါပဲ။


အဲ့ဒီအတွက် iPhone 13 Series ဖုန်းတွေဟာ ယခင်နှစ်ကထက် ပိုပြီး Design ပိုင်းနဲ့ Feature အသစ်တွေအများအပြားပါဝင်လာမယ်လို့ ယူဆရပါတယ်။ လက်ရှိ သိထားရသလောက်ဆိုရင်လည်း iPhone 13 Pro Series ဖုန်းတွေမှာ 120Hz LTPO Display ကို အသုံးပြုလာမှာဖြစ်သလို Camera ပိုင်းမှာလည်း အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Face ID Notch ကလည်း ပိုသေးငယ်မှာဖြစ်ပြီး Design ပိုင်းမှာလည်း ပြောင်းလဲထားမှာဖြစ်ပါတယ်။

အခုလည်း Bloomberg Media က Mark Gurman ကနေ iPhone 13 တွေမှာ ပါဝင်လာနိုင်တဲ့ Feature အသစ်တစ်ခုကို ပြောကြားခဲ့ပါတယ်။ ဒါကတော့ Always-on Display ဟာ iPhone 13 Series ဖုန်းတွေမှာ ထည့်သွင်းလာမှာပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Android ဖုန်းတွေမှာ Always-on Display Feature ဟာ အထူးအဆန်းမဟုတ်ပေမယ့်လည်း iPhone 13 Series မှာပါဝင်လာမယ့် Always-on Feature ကတော့ အလုပ်လုပ်ပုံကွဲထွက်နေမယ်လို့ သိရပါတယ်။ ဒါကလက်ရှိ Apple Watch Series 6 လိုမျိုး Refresh Rate ကို 1Hz အထိ လျော့ချနိုင်တဲ့ Always-on Display ပုံစံမျိုးဖြစ်ပြီး LTPO Display နည်းပညာကြောင့် အသုံးပြုနိုင်တာလည်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနည်းပညာကြောင့် Battery စားသုံးမှုကို သိသိသာသာလျော့ချပေးနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Apple ဟာ Always-on Display နည်းပညာကို ဘယ်လိုမျိုး ပြောင်းလဲမှုတွေ လုပ်လာမလဲဆိုတာကတော့ တကယ်စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – The Verge