Unicode

Vivo X30 စမတ်ဖုန်းသစ်ကို လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ မိတ်ဆက်လာတော့မှာဖြစ်ပြီး သူ့ရဲ့ အချက်အလက် တော်တော်များများကိုလည်း သိပြီးကြပါပြီ။ ဒါ့အပြင် သူ့ရဲ့ Live Image တွေကိုလည်း ရှေ့ရက်မှာ မြင်တွေ့ခဲ့ရပါတယ်။

ဒီတစ်ခါထွက်ပေါ်လာတာက X30 ရဲ့ Hands-on ပုံရိပ်တွေဖြစ်ပြီး ပြင်ပမှ ပကတိပုံကို မြင်ရတဲ့အပြင် သူ့မှာ ပါဝင်လာမယ့် Feature အသစ်တစ်ခုကိုပါ ဖော်ပြလာခဲ့ပါတယ်။ အဲ့ဒါကတော့ FunTouchOS ကို အစားထိုးလာမယ့် Vivo ရဲ့ Jovi OS 1.0 အသစ်ပါ။

ပုံထဲမှာမြင်ရတဲ့ Skin ဟာ Android 9 OS ကိုသာ အခြေခံထားတယ်လို့ ယူဆရတဲ့အတွက် နည်းနည်းတော့ စိတ်ပျက်စရာဖြစ်ပေမယ့် အခုမြင်ရတဲ့ပုံဟာ Pre-production အဆင့်သာဖြစ်တဲ့အတွက် တကယ်ထွက်လာချိန်မှာ အပြောင်းအလဲကို မြင်ရနိုင်ပါသေးတယ်။ ဒီဖုန်းဟာ မော်ဒယ်နံပါတ် V1938T အဖြစ် သတ်မှတ်ထားပြီး မန်မိုရီက 8GB RAM / 128GB Storage အတွဲကို တွေ့ရပါတယ်။

ဒါ့အပြင် Exynos 980 ချစ်ပ်ဆက်ကို အသုံးပြုလာမယ်ဆိုတာကိုလည်း အတည်ပြုနိုင်ခဲ့ပြီး သူ့မှာ Dual-mode 5G ပါဝင်မှာဖြစ်ပါတယ်။ နောက်ဘက်က Quad-cam နဲ့ Periscope တို့ကိုလည်း ထပ်မြင်တွေ့ခွင့်ရခဲ့ပါတယ်။ အဓိက ကင်မရာက 64MP ဖြစ်ပြီး Periscope ယူနစ်ကတော့ 5x Zoom နဲ့ 60x Hybrid Zoom စွမ်းအားပါဝင်လာမှာပါ။

Ref – GSM Arena

Zawgyi

Vivo X30 စမတ္ဖုန္းသစ္ကို လာမယ့္ ဒီဇင္ဘာ ၁၆ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာျဖစ္ၿပီး သူ႕ရဲ႕ အခ်က္အလက္ ေတာ္ေတာ္မ်ားမ်ားကိုလည္း သိၿပီးၾကပါၿပီ။ ဒါ့အျပင္ သူ႕ရဲ႕ Live Image ေတြကိုလည္း ေရွ႕ရက္မွာ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီတစ္ခါထြက္ေပၚလာတာက X30 ရဲ႕ Hands-on ပုံရိပ္ေတြျဖစ္ၿပီး ျပင္ပမွ ပကတိပုံကို ျမင္ရတဲ့အျပင္ သူ႕မွာ ပါဝင္လာမယ့္ Feature အသစ္တစ္ခုကိုပါ ေဖာ္ျပလာခဲ့ပါတယ္။ အဲ့ဒါကေတာ့ FunTouchOS ကုိ အစားထုိးလာမယ့္ Vivo ရဲ႕ Jovi OS 1.0 အသစ္ပါ။

ပုံထဲမွာျမင္ရတဲ့ Skin ဟာ Android 9 OS ကုိသာ အေျခခံထားတယ္လို႔ ယူဆရတဲ့အတြက္ နည္းနည္းေတာ့ စိတ္ပ်က္စရာျဖစ္ေပမယ့္ အခုျမင္ရတဲ့ပုံဟာ Pre-production အဆင့္သာျဖစ္တဲ့အတြက္ တကယ္ထြက္လာခ်ိန္မွာ အေျပာင္းအလဲကို ျမင္ရႏုိင္ပါေသးတယ္။ ဒီဖုန္းဟာ ေမာ္ဒယ္နံပါတ္ V1938T အျဖစ္ သတ္မွတ္ထားၿပီး မန္မုိရီက 8GB RAM / 128GB Storage အတြဲကို ေတြ႕ရပါတယ္။

ဒါ့အျပင္ Exynos 980 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ္ဆုိတာကိုလည္း အတည္ျပဳႏုိင္ခဲ့ၿပီး သူ႕မွာ Dual-mode 5G ပါဝင္မွာျဖစ္ပါတယ္။ ေနာက္ဘက္က Quad-cam နဲ႔ Periscope တုိ႔ကိုလည္း ထပ္ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္။ အဓိက ကင္မရာက 64MP ျဖစ္ၿပီး Periscope ယူနစ္ကေတာ့ 5x Zoom နဲ႔ 60x Hybrid Zoom စြမ္းအားပါဝင္လာမွာပါ။

Ref – GSM Arena