Lava က ရူပီး ၅,၇၇၄ ပဲ ရှိတဲ့ တန်ဖိုးနည်း Z61 Pro ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး မြန်မာငွေ ၁ သိန်းပဲ ရှိပါတယ်။ အဲဒီဖုန်းမှာ ၅.၄၅ လက်မ 720x1440p မျက်နှာပြင် ပါလာပြီး 18:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ 5MP ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်အထက်က ဘောင်မှာ တပ်ဆင်ထားတာက ဒိတ်အောက်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ 8MP Main ကင်မရာ ပါလာပြီး HDR , Night Mode နဲ့ Portrait Mode တွေ ထောက်ပံ့ထားပါတယ်။

လက်ဗွေရာ ကိရိယာတော့ မပါလာဘဲ အရှေ့ ကင်မရာကနေ Face Unlock ကို သုံးနိုင်ပြီး ၀.၆ စက္ကန့်အတွင်းမှာ Unlock လုပ်ပေးနိုင်ပါတယ်။ 1.6GHz Octa-core Processor ပါလာပြီး မော်ဒယ်ကို မသိရသေးပါဘူး။ 2GB RAM ထည့်ထားပြီး အရင်မျိုးဆက် Lava Z61 မှာလို Android Go Edition မဟုတ်ဘဲ Full Android OS သုံးထားပါတယ်။ Android Version ကို မသိရသေးပါဘူး။

Lava Z61 Pro မှာ 16GB Storage နဲ့ 128GB ဝင်ဆန့်တဲ့ microSD Card Slot ပါလာပြီး Dual SIM ဖုန်း ဖြစ်ပါတယ်။ 4G VoLTE Support , WiFi b/g/n နဲ့ Bluetooth 4.2 ထောက်ပံ့ထားပြီး 3,100mAh ဘက်ထရီ ထည့်ထားပါတယ်။ ဈေးပေါတဲ့အတွက် microUSB Port ပဲ ပါလာပြီး ထိပ်ဖက်မှာ 3.5mm Headphone Jack တပ်ဆင်ထားပါတယ်။

Lava Z61 Pro ကို Flipkart , Amazon အွန်လိုင်းစတိုးတွေအပြင် မြေပြင်စတိုးတွေကနေ ဒီတစ်ပတ်အတွင်း ရောင်းမှာဖြစ်ပြီး Midnight Blue နဲ့ Amber Red ၂ ရောင် ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena