[Zawgyi]

စမတ္ဖုန္း ကုမၸဏီေတြက Screen-to-body Ratio ျမင့္မားတဲ့ Full Screen Phone ေတြကို ဖန္တီးေနၾကပါတယ္။ ဒါေပမယ့္ ဆဲလ္ဖီး ကင္မရာအတြက္ Notch ေတြ၊ Punch Hole Camera ေတြ ထည့္သြင္းထားရတဲ့ အတြက္ Screen-to-body Ratio ကို ၁၀၀ ရာခုိင္ႏႈန္း နီးပါးေလာက္သာ ဖန္တီးထားႏိုင္ၾကပါတယ္။ ၁၀၀ ရာခုိင္ႏႈန္းရွိတဲ့ ဖုန္းေတာ့ မထြက္လာေသးပါဘူး။ Vivo ရဲ႕ ေနာက္ထုတ္မယ့္ Nex 3 မွာေတာ့ Screen-to-body Ratio ဟာ ၁၀၀ ရာခုိင္ႏႈန္းထက္ေတာင္ ေက်ာ္သြားႏုိင္တယ္လို႔ သတင္းထြက္လာပါတယ္။

Vivo Nex 3 ရဲ႕ Screen ဓါတ္ပံုတစ္ခုကို နာမည္ေက်ာ္ Leakster တစ္ဦး ျဖစ္တဲ့ Ice Universe က တြစ္တာမွာ မွ်ေ၀ထားပါတယ္။ Screen ဟာ အေရွ႕ဘက္တစ္ခုလံုးကို အျပည့္ဖံုးထားတဲ့ အျပင္ ဘယ္နဲ႔ ညာဘက္ေထာင့္မွ ေကြးညႊတ္တဲ့ ေနရာေတြအထိ ဖံုးအုပ္ထားတာကို ပံုမွာ ျမင္ရပါတယ္။ အဲဒီအတြက္ Screen-to-body Ratio ဟာ ၁၀၀ ရာခုိင္ႏႈန္းေက်ာ္သြားမွာ ျဖစ္ပါတယ္။ Notch နဲ႔ Punch Hole Camera ေတြကိုလည္း မေတြ႕ရပါဘူး။

၁၀၀ ရာခုိင္ႏႈန္းေက်ာ္တဲ့ Screen-to-body Ratio ပါလာမွာေတာ့ ဟုတ္ပါၿပီ။ သူ႔မွာ ဆဲလ္ဖီး ကင္မရာကို ဘယ္ေနရာမွာ တပ္ထားမလဲ ဆိုတာ စိတ္၀င္စားဖို႔ ေကာင္းပါတယ္။ OPPO မၾကာခင္က ျပသထားတဲ့ နမူနာ ဖုန္းမွာ ကင္မရာကို မ်က္ႏွာျပင္ေအာက္မွာ ျမွပ္ႏွံထားပါတယ္။ Vivo Nex 3 မွာလည္း အဲဒီလို ကင္မရာ ထည့္သြင္းထားႏုိင္ပါတယ္။

OPPO နဲ႔ Vivo တို႔ရဲ႕ မိခင္ ကုမၸဏီက BKK Electronics ျဖစ္ပါတယ္။ အဲဒီအတြက္ ကုမၸဏီ ႏွစ္ခုဟာ မ်က္ႏွာျပင္ေအာက္မွာ အေရွ႕ကင္မရာ ျမွပ္ႏွံထားတဲ့ နည္းပညာကို မွ်ေ၀သံုးစြဲႏုိင္ပါတယ္။ Apple ရဲ႕ နာမည္ေက်ာ္ ဒီဇိုင္နာ တစ္ဦးျဖစ္ခဲ့သူ Jony Ive က စမတ္ဖုန္း ကိုယ္ထည္ တစ္ခုလံုးကို ဖန္နဲ႔ တည္ေဆာက္ခ်င္ခဲ့ပါတယ္။ Vivo က အဲဒီလို ဖုန္းကို အနီးစပ္ဆံုး ဖန္တီးႏိုင္တဲ့ ကုမၸဏီျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : theverge

[Unicode]

Vivo Nex 3 ရဲ့ Screen-to-body Ratio က ၁၀၀% ကျော်ကြောင်း သတင်းထွက်ပေါ်လာ

စမတ်ဖုန်း ကုမ္ပဏီတွေက Screen-to-body Ratio မြင့်မားတဲ့ Full Screen Phone တွေကို ဖန်တီးနေကြပါတယ်။ ဒါပေမယ့် ဆဲလ်ဖီး ကင်မရာအတွက် Notch တွေ၊ Punch Hole Camera တွေ ထည့်သွင်းထားရတဲ့ အတွက် Screen-to-body Ratio ကို ၁၀၀ ရာခိုင်နှုန်း နီးပါးလောက်သာ ဖန်တီးထားနိုင်ကြပါတယ်။ ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ဖုန်းတော့ မထွက်လာသေးပါဘူး။ Vivo ရဲ့ နောက်ထုတ်မယ့် Nex 3 မှာတော့ Screen-to-body Ratio ဟာ ၁၀၀ ရာခိုင်နှုန်းထက်တောင် ကျော်သွားနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

Vivo Nex 3 ရဲ့ Screen ဓါတ်ပုံတစ်ခုကို နာမည်ကျော် Leakster တစ်ဦး ဖြစ်တဲ့ Ice Universe က တွစ်တာမှာ မျှဝေထားပါတယ်။ Screen ဟာ အရှေ့ဘက်တစ်ခုလုံးကို အပြည့်ဖုံးထားတဲ့ အပြင် ဘယ်နဲ့ ညာဘက်ထောင့်မှ ကွေးညွှတ်တဲ့ နေရာတွေအထိ ဖုံးအုပ်ထားတာကို ပုံမှာ မြင်ရပါတယ်။ အဲဒီအတွက် Screen-to-body Ratio ဟာ ၁၀၀ ရာခိုင်နှုန်းကျော်သွားမှာ ဖြစ်ပါတယ်။ Notch နဲ့ Punch Hole Camera တွေကိုလည်း မတွေ့ရပါဘူး။

၁၀၀ ရာခိုင်နှုန်းကျော်တဲ့ Screen-to-body Ratio ပါလာမှာတော့ ဟုတ်ပါပြီ။ သူ့မှာ ဆဲလ်ဖီး ကင်မရာကို ဘယ်နေရာမှာ တပ်ထားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ OPPO မကြာခင်က ပြသထားတဲ့ နမူနာ ဖုန်းမှာ ကင်မရာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ Vivo Nex 3 မှာလည်း အဲဒီလို ကင်မရာ ထည့်သွင်းထားနိုင်ပါတယ်။

OPPO နဲ့ Vivo တို့ရဲ့ မိခင် ကုမ္ပဏီက BKK Electronics ဖြစ်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီ နှစ်ခုဟာ မျက်နှာပြင်အောက်မှာ အရှေ့ကင်မရာ မြှပ်နှံထားတဲ့ နည်းပညာကို မျှဝေသုံးစွဲနိုင်ပါတယ်။ Apple ရဲ့ နာမည်ကျော် ဒီဇိုင်နာ တစ်ဦးဖြစ်ခဲ့သူ Jony Ive က စမတ်ဖုန်း ကိုယ်ထည် တစ်ခုလုံးကို ဖန်နဲ့ တည်ဆောက်ချင်ခဲ့ပါတယ်။ Vivo က အဲဒီလို ဖုန်းကို အနီးစပ်ဆုံး ဖန်တီးနိုင်တဲ့ ကုမ္ပဏီဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : theverge