[Zawgyi]

OnePlus 7 နဲ႔ 7 Pro တို႔ဟာ ေမလ ၁၄ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေတာ့မွာပါ။ မိတ္မဆက္ခင္စပ္ၾကား OnePlus 7 နဲ႔ 7 Pro တို႔ရဲ႕ ေက်ာဘက္ကင္မရာ အလုံးေရကြာျခားမႈအေပၚ အတိအက် မသိရေသးတဲ့ကိစၥကေတာ့ ေပါက္ၾကားထြက္ေပၚလာတဲ့ Cases ေတြေၾကာင့္ အတည္ျပဳႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

WinFuture နဲ႔ GSMArena တို႔ရဲ႕ ေဖာ္ျပမႈေတြအရ OnePlus 7 ဟာ ေက်ာဘက္ကင္မရာ ႏွစ္လုံးပါဝင္မွာျဖစ္ၿပီး 7 Pro ကေတာ့ ေက်ာဘက္ကင္မရာ သုံးလုံးပါဝင္မွာ ျဖစ္ေၾကာင္း အတည္ျပဳလိုက္ႏိုင္ၿပီ ျဖစ္ပါတယ္။ One Plus 7 ေရာ 7 Pro ႏွစ္မ်ိဳးစလုံးဟာ Android 9.0 Pie နဲ႔ပဲ ထြက္ေပၚလာၾကဦးမွာ ျဖစ္ပါတယ္။

OnePlus 7 ကေတာ့ 6.2-inch အ႐ြယ္အစား မ်က္ႏွာျပင္ 1080 x 2340 pixels နဲ႔ ျဖစ္မယ္လို႔ သိရပါတယ္။ ေက်ာဘက္ကင္မရာ ႏွစ္လုံးအနက္ 48MP အဓိက ကင္မရာကို တပ္ဆင္ေပးထားမွာျဖစ္ၿပီး အေရွ႕ဘက္ Notch မွာေတာ့ 16MP Selfie ကင္မရာကို တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။ Qualcomm Snapdragon 855 Chipset ကို သုံးထားမွာျဖစ္ၿပီး 6GB of RAM, သိုေလွာင္မႈပမာဏက 256GB ျဖစ္ေၾကာင္း သိရပါတယ္။ ဘက္ထရီပမာဏကေတာ့ 4,150mAh လို႔ သိထားရပါတယ္။

OnePlus 7 Pro က 6.6-inch အ႐ြယ္အစား မ်က္ႏွာျပင္ 1440 x 3120 pixels နဲ႔ ျဖစ္မယ္လို႔ ဆိုပါတယ္။ ေက်ာဘက္ကင္မရာ သုံးလုံးအနက္ အဓိကကင္မရာ 48MP + 8MP + 16MP တို႔ ျဖစ္ပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 16MP Pop-up Selfie ကင္မရာကိုပဲ တပ္ဆင္ေပးထားမွာပါ။ Qualcomm Snapdragon 855 Chipset ကိုပဲ အသုံးျပဳထားမွာျဖစ္သလို 10GB of RAM, သိုေလွာင္မႈပမာဏက 256GB နဲ႔ ဘက္ထရီပမာဏက 4,000 mAh လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

ပေါက်ကြားလာတဲ့ တရားဝင် Cases ကြောင့် OnePlus 7 နဲ့ 7 Pro ကြားက ခြားနားမှုအချို့ကို အတည်ပြုနိုင်ခဲ့

OnePlus 7 နဲ့ 7 Pro တို့ဟာ လာမယ့် မေလ ၁၄ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာပါ။ မိတ်မဆက်ခင်စပ်ကြား OnePlus 7 နဲ့ 7 Pro တို့ရဲ့ ကျောဘက်ကင်မရာ အလုံးရေကွာခြားမှုအပေါ် အတိအကျ မသိရသေးတဲ့ကိစ္စကတော့ ပေါက်ကြားထွက်ပေါ်လာတဲ့ Cases တွေကြောင့် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

WinFuture နဲ့ GSMArena တို့ရဲ့ ဖော်ပြမှုတွေအရ OnePlus 7 ဟာ ကျောဘက်ကင်မရာ နှစ်လုံးပါဝင်မှာဖြစ်ပြီး 7 Pro ကတော့ ကျောဘက်ကင်မရာ သုံးလုံးပါဝင်မှာ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ပြီ ဖြစ်ပါတယ်။ One Plus 7 ရော 7 Pro နှစ်မျိုးစလုံးဟာ Android 9.0 Pie နဲ့ပဲ ထွက်ပေါ်လာကြဦးမှာ ဖြစ်ပါတယ်။

OnePlus 7 ကတော့ 6.2-inch အရွယ်အစား မျက်နှာပြင် 1080 x 2340 pixels နဲ့ ဖြစ်မယ်လို့ သိရပါတယ်။ ကျောဘက်ကင်မရာ နှစ်လုံးအနက် 48MP အဓိက ကင်မရာကို တပ်ဆင်ပေးထားမှာဖြစ်ပြီး အရှေ့ဘက် Notch မှာတော့ 16MP Selfie ကင်မရာကို တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 855 Chipset ကို သုံးထားမှာဖြစ်ပြီး 6GB of RAM, သိုလှောင်မှုပမာဏက 256GB ဖြစ်ကြောင်း သိရပါတယ်။ ဘက်ထရီပမာဏကတော့ 4,150mAh လို့ သိထားရပါတယ်။

OnePlus 7 Pro က 6.6-inch အရွယ်အစား မျက်နှာပြင် 1440 x 3120 pixels နဲ့ ဖြစ်မယ်လို့ ဆိုပါတယ်။ ကျောဘက်ကင်မရာ သုံးလုံးအနက် အဓိကကင်မရာ 48MP + 8MP + 16MP တို့ ဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Pop-up Selfie ကင်မရာကိုပဲ တပ်ဆင်ပေးထားမှာပါ။ Qualcomm Snapdragon 855 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်သလို 10GB of RAM, သိုလှောင်မှုပမာဏက 256GB နဲ့ ဘက်ထရီပမာဏက 4,000 mAh လို့ သိရပါတယ်။

Ref: Phone Arena