Unicode

အခုလအစောပိုင်းမှာ Samsung Galaxy S11 အတွက် Screen Protector လို့ဆိုတဲ့ ပုံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အင်မတန်ပါးလွှာတဲ့ Bezel ဘောင်တွေပါမယ်ဆိုတာကို ဖော်ပြလာခဲ့ပါတယ်။ ယနေ့မှာ နောက်ထပ် Leaked ဓါတ်ပုံတွေ ထပ်ထွက်လာပြီး ဒီတစ်ခါမှာတော့ S11 သာမက S11+ အတွက်ပါ မြင်တွေ့လာရပြီဖြစ်ပါတယ်။

ယခင်က ထွက်ပေါ်ထားတဲ့ ဓါတ်ပုံနဲ့မတူတာကတော့ အရင်ပုံထဲမှာ Screen ရဲ့အလည်တည့်တည့်နေရာမှာ Selfie ကင်မရာအတွက် အပေါက်လေးတစ်ခုပါဝင်ခဲ့ပြီး ယနေ့ထွက်လာတဲ့ပုံတွေမှာ မမြင်ရပါဘူး။ ဒါပေမယ့် ဒီဖုန်းတွေမှာ Selfie ကင်မရာကို ဘယ်နေရာက ထည့်လာမယ်ဆိုတာတောင် အတည်မပြုရသေးတဲ့အတွက် ဘယ်ဟာက အမှန်လို့ ပြောလို့ မဖြစ်နိုင်သေးပါဘူး။

Samsung ကလည်း S11 စမတ်ဖုန်းသစ်တွေနဲ့ပတ်သက်ပြီး ဘာမှမပြောသေးပေမယ့် သူ့ရဲ့ Flagship အသစ်တွေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားပါတယ်။ ထွက်လာမယ့် ဖုန်းသုံးလုံးထဲမှာ S11e ဗားရှင်းဟာ 6.2” သို့ 6.4” အရွယ် Display နဲ့အသေးဆုံးဖြစ်လာမယ်လို့ ဆိုထားပြီး S11 နဲ့ S11+ တို့ကတော့ Display အရွယ်အစား 6.7” နဲ့ 6.9” လက်မတို့ အသီးသီးရှိကြမှာပါ။

Galaxy S11 မိသားစုဝင်တွေကို ရောင်းချမယ့် ဈေးကွက်ပေါ်မူတည်ပြီး Exynos 990 သို့ Snapdragon 865 ချစ်ပ်ဆက်တွေနဲ့ တင်ပို့လာမှာပါ။ အားလုံးမှာ 25W Fast Charging စနစ်လည်း ပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi

အခုလအေစာပုိင္းမွာ Samsung Galaxy S11 အတြက္ Screen Protector လုိ႔ဆုိတဲ့ ပုံတစ္ခု ထြက္္ေပၚလာခဲ့ၿပီး အင္မတန္ပါးလႊာတဲ့ Bezel ေဘာင္ေတြပါမယ္ဆုိတာကို ေဖာ္ျပလာခဲ့ပါတယ္။ ယေန႔မွာ ေနာက္ထပ္ Leaked ဓါတ္ပုံေတြ ထပ္ထြက္လာၿပီး ဒီတစ္ခါမွာေတာ့ S11 သာမက S11+ အတြက္ပါ ျမင္ေတြ႕လာရၿပီျဖစ္ပါတယ္။

ယခင္က ထြက္ေပၚထားတဲ့ ဓါတ္ပုံနဲ႔မတူတာကေတာ့ အရင္ပုံထဲမွာ Screen ရဲ႕အလည္တည့္တည့္ေနရာမွာ Selfie ကင္မရာအတြက္ အေပါက္ေလးတစ္ခုပါဝင္ခဲ့ၿပီး ယေန႔ထြက္လာတဲ့ပုံေတြမွာ မျမင္ရပါဘူး။ ဒါေပမယ့္ ဒီဖုန္းေတြမွာ Selfie ကင္မရာကို ဘယ္ေနရာက ထည့္လာမယ္ဆုိတာေတာင္ အတည္မျပဳရေသးတဲ့အတြက္ ဘယ္ဟာက အမွန္လို႔ ေျပာလို႔ မျဖစ္ႏုိင္ေသးပါဘူး။

Samsung ကလည္း S11 စမတ္ဖုန္းသစ္ေတြနဲ႔ပတ္သက္ၿပီး ဘာမွမေျပာေသးေပမယ့္ သူ႕ရဲ႕ Flagship အသစ္ေတြကို ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ထားပါတယ္။ ထြက္လာမယ့္ ဖုန္းသုံးလုံးထဲမွာ S11e ဗားရွင္းဟာ 6.2” သုိ႔ 6.4” အရြယ္ Display နဲ႔အေသးဆုံးျဖစ္လာမယ္လို႔ ဆုိထားၿပီး S11 နဲ႔ S11+ တုိ႔ကေတာ့ Display အရြယ္အစား 6.7” နဲ႔ 6.9” လက္မတုိ႔ အသီးသီးရွိၾကမွာပါ။

Galaxy S11 မိသားစုဝင္ေတြကို ေရာင္းခ်မယ့္ ေစ်းကြက္ေပၚမူတည္ၿပီး Exynos 990 သို႔ Snapdragon 865 ခ်စ္ပ္ဆက္ေတြနဲ႔ တင္ပို႔လာမွာပါ။ အားလုံးမွာ 25W Fast Charging စနစ္လည္း ပါဝင္မွာျဖစ္ပါတယ္။

Ref – GSM Arena