Huawei ရဲ့မကြာခင်ထွက်ရှိလာမယ့် P40 လိုင်းအပ်ထဲက စမတ်ဖုန်းအားလုံးကို ဓါတ်ပုံတစ်ပုံထဲမှာ ထည့်သွင်းဖော်ပြထားတဲ့ပုံ ထွက်ပေါ်လာပါတယ်။ ဒီပုံထဲမှာ Flagship စီးရီးသစ်ရဲ့ မိသားစုဝင်တွေဖြစ်တဲ့ Huawei P40, Huawei P40 Pro နဲ့ P40 Pro Premium စမတ်ဖုန်းတွေအပြင် သူတို့ရဲ့ ရရှိနိုင်မယ့် အရောင်ကွဲတွေကိုပါ စုံလင်စွာ စီရီထည့်သွင်းပြထားတာပါ။ P40 Lite နဲ့ P40 Lite E တို့ကတော့ ၁၂ ရက်နေ့ထဲက တရားဝင်မိတ်ဆက်ခဲ့ပြီးပါပြီ။

ရုတ်တရက်ကြည့်လိုက်ရင်တော့ ပုံထဲက ဟန်းဆက်တွေဟာ သူတို့ရဲ့အရွယ်ကလွဲလို့ ဆင်တူနေမှာပါ။ ဒါပေမယ့် သေချာကြည့်မယ်ဆိုရင်တော့ နောက်ဘက်က Camera Island တွေကိုကြည့်ပြီး ဒီဟန်းဆက်သုံးမျိုးကို ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။

Huawei P40 ရိုးရိုးမှာ Periscope Zoom မပါတဲ့ Triple-camera ပါဝင်ပြီး Huawei P40 Pro မှာတော့ Periscope Lens တစ်ခုနဲ့ Quad-cam အတွဲကို မြင်ရမှာပါ။ အမြင့်ဆုံး Huawei P40 Pro Premium မှာတော့ ကင်မရာငါးလုံးပါဝင်တဲ့ Camera Setup ကို အသုံးပြုထားပါတယ်။

Huawei P40 Pro Premium မှာ အခြားဖုန်းတွေလို Glass အစား Ceramic ကိုယ်ထည်ကို အသုံးပြုလာမယ်လို့လည်း သတင်းထွက်ထားပါတယ်။ ကြည့်ရတာတော့ Pro Premium ဗားရှင်းဟာ Black သို့ White ကာလာနဲ့ ထွက်လာမယ့်ပုံပါပဲ။ Huawei P40 နဲ့ P40 Pro တို့ကတော့ Silver, Grey, Orange (Gold လည်းဖြစ်နိုင်), Black, Blue နဲ့ Aurora အရောင်တွေနဲ့ လာမယ့်ဒီဇိုင်းမှာရှိပါတယ်။ လက်ရှိမှာတော့ နာမည်တွေကို သေချာမသိရသေးပေမယ့် ထွက်လာချိန်မှာတော့ နာမည်လှလှလေးတွေနဲ့ မြင်ရမှာပါ။

Huawei ရဲ့ Flagship အသစ် P40 စီးရီးကို မတ်လ ၂၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာမှာဖြစ်ပြီး ကင်မရာစနစ် အသစ်တွေ၊ Kirin 990 5G ချစ်ပ်ဆက်နဲ့ 120Hz OLED Display တွေကို မြင်တွေ့ရနိုင်ပါတယ်။

Ref – GSM Arena