Huawei P40 Series စမတ်ဖုန်းတွေဟာ လာမယ့် မတ်လ ၂၆ ရက်နေ့ဆိုရင် တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး မိတ်ဆက်ဖို့နီးကပ်လာတာနဲ့အတူ Huawei P40 Series ရဲ့ သတင်းတွေကလည်း ဆက်တိုက်ကိုထွက်ပေါ်နေပါတယ်။

Huawei ဟာ ယခုနှစ်မှာတော့ ပုံမှန် Huawei P40 နဲ့ P40 Pro ဖုန်းတွေအပြင် Samsung Galaxy S20 Ultra ကို ယှဥ်ပြိုင်ဖို့အတွက် Huawei P40 Premium ကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။ အခုလည်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Evan Blass ကနေ Huawei P40 နဲ့ P40 Pro တို့ရဲ့ အရှေ့ဘက်ဓါတ်ပုံတွေကို ဖော်ပြလိုက်ပါပြီ။

ယခုဓါတ်ပုံတွေအရ Huawei P40 နဲ့ P40 Pro ၂ မျိုးစလုံးမှာ Dual Selfie Camera ကို Punch-hole အနေနဲ့ ထည့်သွင်းပေးထားမှာဖြစ်ပြီး Huawei P40 ကတော့ Curved Display အစား ပုံမှန် Flat Display ကိုပဲ အသုံးပြုလာဖွယ်ရှိနေပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ Huawei P40 Pro ပဲဖြစ်ပြီး Huawei ဟာ P40 Pro ရဲ့ ဘေးဘောင်လေးဘက်စလုံးကို Curved Design ပြုလုပ်ထားတဲ့အတွက် လုံးဝကို အရှေ့ကကြည့်မယ်ဆိုရင် ဘေးဘောင်တွေမပါသလိုကို ဖြစ်နေတာပါ။ အဲ့ဒီအတွက် Screen-to-Body Ratio ပိုင်းမှာတော့ Huawei P40 Pro က တော်တော်လေးကို များလာလောက်ပါတယ်။

Huawei P40 Series ဖုန်းတွေဟာ 50MP RYYB Sensor အသစ်အပြင် Zoom ပိုင်းမှာလည်း ပိုကောင်းလာနိုင်ပြီး 120Hz Refresh Rate ပါဝင်တဲ့ OLED Display ၊ Kirin 990 5G Chipset တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။

Ref – GSM Arena