OnePlus ကုမ္ပဏီဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ Cloud 11 Event ကို အိန္ဒိယနိုင်ငံမှာ ပြုလုပ်သွားဖို့ စီစဥ်ထားပါတယ်။ အဆိုပါ Cloud 11 Event မှာ OnePlus 11 ဖုန်းအပြင် တခြားသော Product အသစ်တွေကိုပါ အများအပြားမိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခုလည်း OnePlus ကနေ မိတ်ဆက်ဖို့စီစဥ်ထားတဲ့ OnePlus 11 ဖုန်းအပြင် စျေးပိုမိုသက်သာနိုင်တဲ့ OnePlus 11R ဖုန်းရဲ့ ဒီဇိုင်းဓါတ်ပုံတွေပေါက်ကြားလာပြီဖြစ်ပါတယ်။ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ ဖော်ပြခဲ့တဲ့ဓါတ်ပုံတွေဖြစ်တာကြောင့် သေချာတယ်လို့ ယူဆနိုင်ပါတယ်။

OnePlus 11R ဖုန်းဟာ တရုတ်နိုင်ငံအတွင်းမှာ OnePlus Ace 2 ဆိုတဲ့ နာမည်နဲ့ ရောင်းချသွားမှာဖြစ်ပြီး ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရ OnePlus 11 နဲ့ တော်တော်လေးဆင်တူနေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် အဓိကကွာခြားချက်အနေနဲ့ Camera ပိုင်းမှာ Hasselblad Branding ပါဝင်ခြင်းမရှိဘဲ Telephoto Sensor လည်းပါဝင်မှာမဟုတ်ပါဘူး။

ဒါ့အပြင် OnePlus 11R ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset အစား Snapdragon 8+ Gen 1 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ Display ပိုင်းမှာ 6.7″ 120Hz AMOLED Display ကိုအသုံးပြုထားပြီး 100W Fast Charging Support ပြုလုပ်တဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Camera Setup အနေနဲ့ 50MP Main + 12MP Ultrawide + 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကိုအသုံးပြုထားပြီး 16MP Selfie Camera ကိုထည့်သွင်းထားမယ်လို့ သိရပါတယ်။

Ref – Gizmo China