Xiaomi က Pad 6 ကို မကြာခင် ကြေညာနိုင်ပြီး အရင်က ပေါက်ကြားသတင်းတွေအရ MWC 2023 မှာ ချပြနိုင်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲနီးလာတဲ့အချိန်မှာ ဘလော့ဂါတချို့က Xiaomi Pad 6 ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

ဓါတ်ပုံတွေမှာ ငွေရောင်ကို မြင်ရပြီး အနောက်ကင်မရာတွေက Xiaomi 12 နဲ့ ဆင်တူပါတယ်။ ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး ထိပ်ဆုံး ကင်မရာက အကြီးဆုံးပါ။ ကျန်တဲ့ ကင်မရာ ၂ လုံးက သေးငယ်ပြီး အရွယ်တူညီကြပါတယ်။

Specs အကြောင်းပြောရရင် Pad 6 မှာ ၁၁ – ၁၂ လက်မ Full Screen မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး 2880x1800p Resolution , 120Hz/144Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ မျက်နှာပြင်ဟာ Dolby Vision နဲ့ HDR10+ ကို ထောက်ပံ့မယ့်အတွက် Visual အပိုင်း တော်တော်ကောင်းမှာပါ။ 10,000mAh Dual-cell ဘက်ထရီ ပါလာမှာဖြစ်ပြီး အားသွင်းနှုန်းက 67W ဖြစ်မှာပါ။

Pad 6 မှာ SM8250AC+SM8475+12GB+512GB Configuration ကို အသုံးပြုထားနိုင်တဲ့အတွက် Snapdragon 8 Plus Chipset ဖြစ်ပါတယ်။ Pad 6 ဟာ စွမ်းရည်မြင့် တက်ဘလက် ဖြစ်ပြီး အလုပ်အများစုကို ကောင်းကောင်း ကိုင်တွယ်နိုင်မှာပါ။

Xiaomi Pad 6 ကို ဒီလထဲ ကျင်းပမယ့် MWC 2023 မှာ ကြေညာမယ်ဆိုရင် သတင်းအချက်အလက် အပြည့်အစုံကို မကြာခင် သိရတော့မှာပါ။

Ref : gizmochina