သတင်းများစွာထွက်နေတဲ့ iPhone SE 2020 ကို Apple က မကြာခင်ကပဲ ကြေညာခဲ့ပြီး တန်ဖိုးနည်းသလို အရွယ်အစားလည်း သေးငယ်ကျစ်လစ်ပါတယ်။ အမေရိကန်မှာ ဝယ်လိုအားများနေပြီး လုံလုံလောက်လောက် မရောင်းပေးနိုင်တဲ့ ပြဿနာတွေရှိနေပါတယ်။

Apple ရဲ့ iPhone တွေထဲမှာ iPhone SE 2020 ဟာ ဈေးချိုတဲ့အတွက် လူကြိုက်အရမ်းများတာ ဖြစ်ပြီး Apple က မိတ်ဆက်ပွဲနေ့မှာပဲ Promo ဗီဒီယို ၁ ခုကို မျှဝေခဲ့ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ ဗီဒီယို ကြော်ငြာ ၁ ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ Apple ကတော့ အဲဒီ ဗီဒီယိုကို မပြသသေးပေမယ့် မကြာခင်မှာ တရားဝင် ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။

အဲဒီ ဗီဒီယိုကို  ဗြိတိန် သို့မဟုတ် ဂျာမနီအတွက် Apple နဲ့ O2 တို့ ပူးပေါင်း ဖန်တီးထားပုံရပါတယ်။ ဗီဒီယိုမှာ iPhone SE 2020 ရဲ့ Protective Film ကို ခွာတဲ့အခါ ထွက်လာတဲ့ အသံကို အဓိကထား ပြသထားတာက ထူးဆန်းပါတယ်။

ဗီဒီယိုမှာ စမတ်ဖုန်း အရှေ့ဘက် တစ်ခုလုံးကို အပြည့်အစုံ မရိုက်ပြထားတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ရုပ်သံလိုင်းတွေမှာ အဲဒီ ကြော်ငြာကို မကြာခင် ပြသတော့မယ်လို့ ထင်ပါတယ်။ ၂၀၂၀ ခုနှစ်ထုတ် စမတ်ဖုန်းမှာ မျက်နှာပြင်ဘေးဘောင်‌တွေ ထူနေတာက မလှဘူးလို့ ခံစားရပါတယ်။

Ref : gsmarena