Huawei ဟာ P60 Series ဖုန်းတွေအပြင် Mate X3 Foldable ဖုန်းကို လာမယ့် မတ်လ ၂၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုလိုမျိုး မိတ်ဆက်ဖို့ နီးကပ်လာတာနဲ့အတူ Huawei P60 Series ဖုန်းတွေရဲ့ သတင်းတွေကလည်း ထပ်မံထွက်ပေါ်လာခဲ့ပါပြီ။

အခုအချိန်မှာလည်း နာမည်ကြီး Tipster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Huawei P60 Series ဖုန်းတွေရဲ့ တရားဝင်ဒီဇိုင်းဓါတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံဟာ Huawei P60 Pro ဖုန်းရဲ့ ဓါတ်ပုံဖြစ်ပြီး အဖြူရောင်၊ အစိမ်းရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင် (၃)မျိုး ထွက်ရှိလာမှာဖြစ်ပါတယ်။

Huawei P60 Pro ရဲ့ ဒီဇိုင်းပိုင်းအဓိကထူးခြားချက်က Camera Bump Design ပဲဖြစ်ပြီး အလယ်မှာ Main Camera အပြင် ဘေးဘက်မှာ Sensor တစ်ခုစီပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ Camera ပိုင်းမှာ 50MP Sony IMX888 Main Camera Sensor အပြင် 64MP OV64B Omnivision Periscope Telephoto Sensor နဲ့ 50MP Sony IMX858 Ultrawide Sensor တွေပါဝင်မှာဖြစ်ပြီး Huawei ရဲ့ ကိုယ်ပိုင် XMAGE Imaging System ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

ကျန်တဲ့ Specification ပိုင်းအနေနဲ့ကတော့ Huawei P60 Pro ဖုန်းမှာ 6.6″ 2K BOE OLED Display ၊​ Qualcomm Snapdragon 8 Gen 2 Chipset အပြင် LPDDR4X RAM နဲ့ UFS 4.0 Storage တွေပါဝင်မှာဖြစ်ပါတယ်။ Huawei P60 Series ဖုန်းတွေထဲမှာ Huawei P60 ၊​ P60 Pro အပြင် P60 Art ဆိုပြီး ၃ မျိုးမိတ်ဆက်မှာဖြစ်တဲ့အတွက် တခြားဖုန်းတွေက ဘယ်လိုမျိုး ပုံစံဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China