လက်ရှိ Android Tablet ဈေးကွက်မှာ Huawei နဲ့ Samsung တို့ဟာ ဦးဆောင်သူတွေဖြစ်ပြီး Samsung က Galaxy Tab S6 Lite ကို မိတ်ဆက်ဖို့ ပြင်ဆင်နေချိန်မှာ Huawei ကလည်း MatePad Pro တက်ဘလက်ရဲ့ ဈေးပိုချိုတဲ့ ဗားရှင်းကို မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။

ယနေ့မှာ Huawei MatePad လို့အမည်ပေးထားတဲ့ တက်ဘလက်အသစ်ရဲ့ ပိုစတာတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့ Specs အချို့ကို ဖော်ပြလာခဲ့တယ်။ စတိုးဆိုင်တစ်ခုရဲ့အရှေ့မှာရိုက်ကူးထားပုံရတဲ့ ဓါတ်ပုံထဲမှာတော့ Huawei MatePad အသစ်ဟာ White, Gray အရောင်နှစ်မျိုးနဲ့ လာမယ်လို့ ဖော်ပြထားပါတယ်။

တက်ဘလက်အသစ်ရဲ့ Bezel ဘောင်တွေက ပုံမှန်ထက် သိသာစွာ ပါးလွှာနေတာကို တွေ့ရပေမယ့် MatePad Pro မှာ ပါဝင်ခဲ့တဲ့ Punch-hole ကင်မရာကိုတော့ ချန်ထားခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် သူ့မှာ Stylus တစ်ခုပါဝင်တာကိုလည်း မြင်ရမှာပါ။

ပိုစတာမှာ ဖော်ပြထားချက်အရ MatePad အသစ်ဟာ 2K Resolution နဲ့ Display အပြင် Kirin 810 ချစ်ပ်ဆက် ပါဝင်မှာဖြစ်ပါတယ်။ သူ့မှာ ပညာရေးဆိုင်ရာသီးသန့် Feature တွေလည်း ထည့်သွင်းထားတာကြောင့် ကျောင်းသားအရွယ် လူငယ်ပိုင်းကို ဦးတည်လာတယ်လို့ ထင်ရပါတယ်။

ယခင်သတင်းတွေအရတော့ Huawei MatePad မှာ 10.4” လက်မ Display နဲ့အတူ 4/128GB မန်မိုရီ ပါဝင်မယ်လို့ သိထားရတယ်။ WiFi သို့ 4G မော်ဒယ်တွေကို မြင်ရဖို့ရှိပြီး 5G တော့ မပါလာသေးဘူးလို့ ယူဆရပါတယ်။ ဘက္ထရီက 7,250 mAh တောင် ထည့်သွင်းထားပြီး Android 10 OS အခြေခံ EMUI 10.1 နဲ့ အသုံးပြုရမှာပါ။

Ref – Gizmo China