realme ကနေ မကြာခင်မှာ 5G Mid Range ဖုန်းအသစ်ကို မိတ်ဆက်တော့မှာဖြစ်ပြီး အဆိုပါဖုန်းကို realme V5 လို့ နာမည်ပေးလာမယ်လို့ သိရပါတယ်။ လောလောဆယ်မှာ realme V5 ရဲ့ Design ဓါတ်ပုံတွေကိုလည်း Teaser အနေနဲ့ထုတ်ပေးထားပြီးဖြစ်ပါတယ်။

အခုလည်း realme V5 စမတ်ဖုန်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Weibo စာမျက်နှာမှာဖော်ပြလိုက်ပါပြီ။ အဆိုပါ ဖော်ပြချက်အရ realme V5 စမတ်ဖုန်းဟာ 6.5″ Full HD+ Display ပါဝင်မှာဖြစ်ပြီး High Refresh Rate ကိုလည်း Support ပေးမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း 90Hz ဖြစ်မလား၊ 120Hz အထိ Support ပေးနိုင်မလားဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Performance ပိုင်းကိုတော့ ဖော်ပြခဲ့ခြင်းမရှိပေမယ့် 2.0GHz Processor တစ်ခုလို့ဖော်ပြခဲ့တဲ့အတွက် MediaTek Dimensity 800 သို့မဟုတ် Dimensity 720 Chipset ကိုအသုံးပြုလာဖို့များနေပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 48MP Primary Sensor + 8MP Ultrawide Sensor + 2MP + 2MP Sensor တွေပါဝင်တဲ့ Quad Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ကိုထည့်သွင်းထားမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Battery ပိုင်းမှာလည်း realme V5 ဟာကြီးမားတဲ့ 5000mAh Battery ပါဝင်မှာဖြစ်သလို 30W Dart Charge Fast Charging စနစ်ကိုလည်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ အခုလိုမျိုး ကြီးမားတဲ့ Battery ပါဝင်တယ်ဆိုပေမယ့် 9.1mm Thickness နဲ့ 194g ပဲလေးမယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် realme V5 စမတ်ဖုန်းကို လာမယ့်ဇူလိုင်လ ၂၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – Gizmo China