Redmi K50S Pro ရဲ့ ရုပ်လုံးဟာ တဖြည်းဖြည်း ပေါ်လာပါပြီ။ အဲဒီဖုန်းဟာ 200MP ကင်မရာ ပါတဲ့ Xiaomi ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။

Rumored specs for the Xiaomi Redmi K50S Pro

200MP ကင်မရာက တော်တော် အထင်ကြီးစရာ ကောင်းပြီး ကျန်တဲ့ အနောက်ကင်မရာ ၂ လုံးက 8MP Ultrawide နဲ့ 2MP Macro တို့ ဖြစ်မယ်လို့ သတင်းထွက်လာပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပါတယ်။ စွမ်းရည်မြင့် Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာပါ။

K50s Leak Specification Details with 200MP Camera and More – Roonby

ပေါက်ကြားသတင်းအရ ၆.၆၇ လက်မ AMOLED မျက်နှာပြင်၊ 120Hz Refresh Rate နဲ့ HDR10+ တွေ ပါလာမှာဖြစ်ပြီး Android 12/ MIUI 13 မောင်းနှင်ထားမှာပါ။ 8/128GB နဲ့ 12/256GB Memory Configuration တွေ ထုတ်လုပ်ထားမှာပါ။

5,000mAh ဘက်ထရီနဲ့ 120W Fast Charging ပါလာနိုင်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ စပီကာ ၂ လုံး တပ်ဆင်ထားနိုင်ပါတယ်။

ရိုးရိုး Xiaomi Redmi K50S မှာ Dimensity 8100 ပါလာနိုင်ပါတယ်။ အဲဒီဖုန်း ၂ လုံးကို နိုင်ငံတကာမှာ Xiaomi 12T နဲ့ 12T Pro ဆိုပြီး ကြေညာနိုင်ပေမယ့် မိတ်ဆက်မယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena